Dec 3, 2012

လက်ပံတောင်းတောင်မှသည် သံဃာပျက် စစ်ထွက် နဲ့ ကျောင်းထွက် ၊ ခွက်လက်စွဲ မီဒီယာတို့ ရဲ့ ပူးပေါင်းလုပ်ကြံမှူ

ရဲရဲတောက် ဆန္ဒပြခေါင်းဆောင်ကြီးက ကမ္ဘာတုန်အောင် အော်သွားတယ်
 လုပ်ကြပါဦးဗျို့..ရဲတွေဖမ်းနေပါတယ်...တဲ့ ။
ဆန္ဒပြခေါင်းဆောင်ကြီးက ရဲရဲတောက် အော်သွားတယ်..ကယ်ကြပါဦးဗျို့တဲ့

ရဲမှူးကို လည်ပင်းတတ်ညစ်ပြီး ကျုပ်တို့က ငြိမ်းချမ်းစွာ ပြောနေတာတဲ့ ။
ရဲမှူးက ဝရမ်းဖတ်ပြမယ် ဆိုတော့ ဝရမ်းဖတ်ပြတဲ့ အသံကို ဖုံးသွားအောင် ဝိုင်းအော်ကြတယ်.အဲဒါမှ
အနားမှားရပ်ကြည့်နေတဲ့လူထုက ၀ရမ်းမပါပဲ ဖမ်းတယ်ထင်အောင်လို့.ပေါ့..။

ကျမတို့က ငြိမ်းချမ်းစွာပြောဆိုနေတာပါ ဆိုပြီး ရဲမှူးကို လည်ပင်းဝင်ညစ်တဲ့ အမျိုးသမီး

ကိုယ့်အမေကို မုဒိန်းကျင့်ဆိုကျင့်မလား ။ မင်းတစ်ပွင့်..ငါဗိုလ်ကြီးကွ..မင်းဘာသောက်ဆင့်လဲလို့ပြောတဲ့
လူက ရဲကို မိုက်ရိုင်းတယ်တဲ့..ရဲဒေါသကို ဆွပေးပြီး အေး..ဗိုလ်ကြီးဟောင်းလည်း ဖင်ခံလိုက်ကွာပြောတော့
နေမျိုးဇင်က အေး..ရိုက်ထား..ရိုက်ထားဆိုပြီး..အဲဒီအကွက်လေးလည်း ကင်မရာနဲ့ မှတ်တမ်းတင်ပြီးတာနဲ့ ကင်မရာချက်ချင်းပိတ်..အင်တာနက်ကို ချက်ချင်းတင်တယ်..။
ရဲကို မင်းအမေ မင်းမုဒိန်းကျင့် လို့ ဆဲဆို ရိုင်းပြတဲ့ နေမျိုးဇင်

မင်းအမေကို မင်းမုဒိန်းကျင့်မလား လို့စပြောပြီး မင်းသောက်ဆင့်တပွင့်နဲ့ ဆိုပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း ကို ဒေါသထွက်အာင် အရင်စ ဆဲ ပြီး ရဲက တစ်ခွန်းတည်းပြန်ဆဲတော့ ရဲကို မိုက်ရိုင်းတဲ့ လူတဲ့ ။ ပြည်သူရဲဝန်ထမ်းကို စဆဲတဲ့ လူက ရိုင်းမဟုတ်ဘူးလား နေမျိုးဇင်..။ နေမျိုးဇင်..တမင် ရဲ တွေ ဒေါသကို ဆွပေးပြီးတော့အမှားရှာပြီးလုပ်ကွက်ဖန်တီးတယ်..ငါဗိုလ်ကြီးဟောင်းကွ..တဲ့..မင်းအဆင့်နဲ့လာမပြောနဲ့တဲ့..။တပ်မတော်ကနေ ခွေးကန်ကန်ထုတ်ထားခြင်းခံရတဲ့ လူက ဗိုလ်ကြီးဆိုတဲ့ ရာထူးလေးကို ရင်မှာပိုက်ပြီး ရဲ ကို ပြန်ဖြဲတယ် .သူသာ အာဏာရရင် မလွယ်ဘူး ။
သပိတ်ကို မြှောက်ပေးနေတဲ့ မင်းကိုနိုင်

၈၈ ကမင်းကိုနိုင်တို့က ကြေးနီတောင်သပိတ်တွေစထောင်တော့ မိုက်ကြီးကိုင်ပြီး ခင်ဗျားတို့ဆက်လုပ် ကျုပ်တို့ ရှိတယ် ဆိုပြီး မြှောက်ပေးတယ် ။တကယ် ရဲ ကနှိမ်နှင်းတဲ့ ညမှာ မင်းကိုနိုင်တို့အဖွဲ့ ရန်ကုန် မြို့ ရန်ကင်း က ဘီယာဆိုင်မှာ ရောက်နေတယ် ။ စုံစမ်းရေးကော်မရှင် ထဲ နေရာပေးတော့ မလုပ်ဘူးတဲ့ ။
ရှေ့ကသွားဆိုတော့ ချီးပေါက်တယ် ။နောက်ကနေ ဆိုတော့ ဖိနပ်လိုက်နင်းတယ် ။ ဘေးကနေ ကန့်လန့်လုပ်တယ် ။


ဒီလူတွေ ၂၉ ရက်နေ့ မနက်က ဘယ်ဆိုင်မှာ ဘီယာသောက်နေသလဲ

မြောက်ပေးတုန်းက မြှောက်ပေးတဲ့ မင်းကိုနိုင် အခုမှ ဘာလို့ရှောင်ပြေးတာလဲ

သပိတ်စခန်းကဘုန်းကြီးတွေ ဆန္ဒပြ ဘုန်းကြီးတွေ ကြည့်ရင် ပိဋကတ် ၁ ပုံတောင် အာဂုံမဆောင် နိုင် ပရိတ်ကြီး ၁၁ သုတ်နဲ့ ပဌာန်း တောင် တရားတိုင်မပေးနိုင် အနည်းဆုံး ကထိန်မှာ တာင် အလှူခံပင့်ဖိတ်
ခြင်း မခံရသေးတဲ့ ဝါတော် ၃ ဝါ လောက် ဘုန်းဘုန်းတွေ။ဘုန်းဘုန်းတွေ လက်မောင်းမှာ NLD လက်ပတ်တွေနဲ့ ။
NLD လက်ပတ်နဲ့ ဘုန်းကြီး
တရားစာ တစ်ခုမှ မရပေမယ့် ဖေ့ဘုတ် ၂၄ နာရီ သုံးပြီး အစိုးရ နဲ့ ရဲတွေကို ဆဲနေတဲ့ ဖေ့ဘုတ်နာမည် အသောက အသောက အသောက ဆိုတဲ့ ဘုန်းဘုန်း
ကြေးနီစီမံကိန်းသပိတ်လူအုပ်ထဲက ဒေသခံ ၂ယောက်မှာ သတင်းထောက်နဲ့ အင်တာဗျူးတဲ့လူက ငိုနေပြီး နောက်က အမျိုးသမီးက အားရပါးရ ရီနေတာ ဘာကြောင့်လဲ 

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အစိုးရဖက်ကနေလည်း တစ်ခုခုလုပ်တော့မယ် ဆိုရင် အမြဲတမ်း မှတ်တမ်းတင် Video ရိုက်ထားရင် ကောင်းမယ်။ ဒီကိစ္စမျိုးဆိုရင် သပိတ်စခန်းတွေ စကတည်းက အချိန်ပြည့် ရိုက်ထားသင့်တယ်။ လိုရင် သက်သေအနေနဲ့ သုံးလို့ရတာပေါ့။ မြဝတီတို့ မြန်မာ့ရုပ်သံတို့မှာသာ ပြပေးလိုက်ဇာတ်လမ်းက ပြတ်ပြီ။

Anonymous said...

ရဟန်းသံဃာတွေဟာ ဆူးကြားထဲက ဗူးခါးတွေလို ဘ၀မျိုးတွေပါ ။
ဦးဇင်းတို.ငယ်စဉ်ကိုရင်လေးဘ၀မှာ ၈၈ အရေးအခင်းကြီးဖြစ်ခဲ့တယ်
ဆွမ်းခံအိမ်တွေက ဒကာ/ဒကာမတွေက ကိုရင်တို.ဆန်ဒပြသလား၊
ဆန်ဒမပြရင်ဆွမ်းမလောင်းဘူးနော် လို.လျှောက်ပါတယ်။အဲဒီလိုပဲ အာဏာပိုင်
အဖွဲ.အစည်းကလဲ ထစ်ကနဲဆိုရဟန်းသံဃာတွေကို ငြိုငြင်ကြပါတယ်။
နှိုင်ငံရေးသမားတွေကတော့ လိုရင်ဘုန်းကြီးတွေကို သုံးတယ်။ မလိုရင်ဘုန်းကြီးတွေကို ချောင်ထိုးတာပါ ။ဒီတော့ နောင်လာနောင်သား
ညီတော်/နောင်တော် သံဃာတော်တွေသတိထားပြီးနေထိုင်ရမယ့်အချိန်
ရောက်နေပါပြီ။ အစိုးရ၊ နှိုင်ငံရေးသမားနဲ. မီဒီယာတွေကိုသတိနဲ.ယှဉ်ပြီး
ဆက်ဆံတတ်ဖို.ပါ။
အစိုးရ ဆိုတာကလဲ သူတို.အာဏာမြဲဖို. အထင်ကရဆရာတော်တွေ၊
ဗေဒင်နာမည်ကြီးတဲ့ဆရာတော်တွေကိုသာ ဘုန်းကြီးလို.ထင်ပြီး ကိုးကွယ်
တယ်၊ သာမန်စာအံစာချ ပရဟိတလုပ်တဲ့ဘုန်းကြီးတွေကိုလှည့်မကြည့်ဘူး။
နှိုင်ငံရေးသမားတွေက သူတို.အာဏာရဖို. လိုရင်ဘုန်းကြီးတွေကိုသုံးတယ်
မလိုတော့ရင် ဘုန်းကြီးတွေကို အမှိုက်လိုသဘောထားပါတယ်။
ဆူပူလို. သူများယောင်လို. လိုက်ယောင်ပြီးထောင်ထဲမှာပျံတော်မူသွားတဲ့
အညတြရဟန်းအရေအတွက်ဟာ ကိုယ်တွေ.ကြုံဘူးသူမှသာသိတာပါ။
အေအေပီပီ၊ လူ.အခွင့်အရေးဆိုင်ရာ ဆိုသူတွေမသိပါဘူး၊ သိလဲသူတို.
စိတ်ဝင်စားမူ.မရှိပါဘူး၊ ဒီတော့ ဦးဇင်းငယ်၊ ရဟန်းငယ်တွေသတိထားပါ။
နှိုင်ငံရေးသမားတွေ(ဒေါ်စု)အပါအ၀င်မယုံပါနဲ.၊ အစိုးရကိုလဲမယုံပါနဲ.
ပြည်သူကိုအလုပ်အကျွေးပြုတယ်ဆိုတာ နှိုင်ငံရေးလုပ်မှမဟုတ်ပါဘူး
မိမိဝါသနာပါတဲ့ မိမိကျောင်းထိုင်ရာဒေသနဲ.ကိုက်ညီတဲ့ လူမူ.ရေးအလုပ်နဲ
တွဲဖက်ပြီး သာသနာပြုပါ။ တကယ်အလုပ်လုပ်ရင် တကယ်ဖြစ်ပါတယ်။

Unknown said...

ဟုတ်တယ် ဘုရားစူးဘုန်းကြီးတွေ ဘုရားကဟောထားတယ် နောင်ဆို လက်မှာအဝတ်စအနီ
ပတ်ထားသူကို ကိုးကွယ်ရမယ်တဲ့ အဟတ်
ကိုလိုနီခေတ်က ဦးဥတ္တမ လို့များထင်နေကြသလား
တခြားစီဘဲ ဆန္ဒ နဲ့ ခံယူချက် အဟွင်း
ထီးထမ်း လမ်းလျှောက် ဆံထောက်ကိုပိုး ရဟန်းသိုးများတို့ရေ အဟွပ်

Anonymous said...

မှန်ပါတယ် အစိုးရအနေနဲ့ဒီကိစတွေကိုင်တဲ့ ရဲအထူးတို့ ဒ/န တို့ဆိုတာတွေက
မှတ်တမ်းရိုက်ထားသင့်တယ် လိုအပ်ရင်လိုအပ်သလို ရုပ်/သံ တွေမှာ ပြသင့်
တယ် ၀န်ကြီးဦးအောင်မင်းပြောတာကြတော့ ရုပ်/သံလွှင့်နိုင်ပြီး အစိုးရမီဒီယာ
ကြတော့ ဘာမှမပြနိုင်ဘူး ဒီတော့ ဘာပြသနာဖြစ်ဖြစ် အစိုးရဖက်ကနောက်ကျ
နောက်ကနေလိုက်ရှင်း ဆန်စင်ရာကျည်ပွေ့လိုက်နေရတယ် တဘက်ကလိုတာ လိုသလောက်သာကွက်ပြီးပြ ဒီဘက်ကဘာမှ
မပြနိုင်တော့ အရှုံး ဒါ့ကြောင် ရုပ်/သံကိုအသုံးချသင့်ပါ၏။

မာဃလုလင် said...

အစိုးရလား ၊ အချိန်ပြည့်ရိုက်နေတာမှ ဂျာနယ်တွေနဲ့သတင်းဌာနတွေ
တောင် သူတို့လောက်မရိုက်နိုင်ဘူး ၊ခိခိ ။ အက်ဘီတွေက ပွဲတိုင်းမှာ
ရှေ့ကပဲ လေ ။ နောက်ဆို ခဗျားပြောတဲ့အတိုင်း မြ၀တီနဲ့မြန်မာ့အသံ
တွေမှာပါ ဇတ်လမ်းတွဲ ထည့်ချင်ထည့်လာပါလိမ့်မယ် စောင့်ကြည့်ပေါ့
ဗျာ ။ :P

ဗိုလ် တေ ဇ said...

အား လုံး ကိုယ့် အ လုပ် ကို လုပ် တာကောင် ပါ တယ့့် နိုင် ငံ ရေး သ မား က နိုင် ငံ ရေး လုပ် ပါ့နိုင် ငံ ရေး လုပ် ခြင် ရင် လူ ထွက် ပါ့ သာ သ နာ မ ညစ် နွမ်း စေ ရန် သ င်္ကန်း ကို ခု တုံး မ လုပ် သင့် ပါ့

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ