Dec 6, 2012

ဆင်းကတ်ပျက်စီးမှု တစ်နေ့ ၃၀၀ ခန့်ရှိနေ


မိုဘိုင်းဖုန်း ဆင်းကတ်ပျက်စီးမှု လျှောက်ထားသူ တစ်နေ့လျှင် လူ ၃၀၀ နီးပါး ရှိနေသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ယင်းသို့ ကတ်ပျက်စီးခြင်း လျှောက်ထားရာတွင် ဂျီဖုန်းအများဆုံး ပါဝင်ပြီး ဖုန်းစတင် ရောင်းချပေးသည့် ကာလမှစ၍ ယနေ့အချိန်အထိ ကတ်ပျက် လျှောက်ထားမှု ပုံမှန်ရှိနေကြောင်း ၎င်းကဆက်လက် ပြောသည်။

 “ဆင်းကတ် အရည်အသွေးကြောင့်လား၊ သုံးစွဲသူတွေ စည်းကမ်းမရှိလို့လား ဆိုတာတော့ မသိဘူး။ အနည်းဆုံး နေ့တောင် ၃၀၀ လောက်ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက မည်သို့သော အကြောင်းကြောင်းကြောင့် ကတ်ပျက်စီးမှုဖြစ်စေ ဆက်သွယ်ရေးအနေနှင့် ကတ်လဲလှယ်ခြင်းကို နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးကြောင်း ပြောသည်။


 “ဆင်းကတ် အချိန်းအပြောင်းနဲ့ ဟန်းဆက် Application ကို ဆော့တာများရင် ဖုန်းကတ်ပျက်စီးမှု ဖြစ်နိုင်ပါတယ်။ ဒါတွေမလုပ်ဘဲ ကတ်ပျက်တယ် ဆိုရင်တော့ ဆင်းကတ် အရည်အသွေးညံ့လို့ ဖြစ်မှာပါ” ဟု ကျောက်တံတားမြို့နယ် မိုဘိုင်း Service ကျွမ်းကျင်သူ ကိုသီဟက ပြောသည်။ လက်ရှိတွင် မိုဘိုင်းဖုန်း ဆင်းကတ်ပျက်စီးမှု လဲလှယ်ခြင်းကို ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး ရုံးတွင် ပြုလုပ်ပေးနေပြီး ရတနာပုံတယ်လီပို့၊ Elite Tech ကုမ္ပဏီများမှ ရောင်းသည့် ဖုန်းများကိုလည်း အခမဲ့ လဲလှယ်ပေးနေကြောင်း သိရသည်။

 “လျှောက်လွှာဖိုးတော့ ကုန်တယ်။ ကျန်တာတော့ ဘာမှ မပေးရဘူး။ လူများလို့ တန်းစီတဲ့စနစ်နဲ့ လဲလှယ်ခဲ့ရပါတယ်” ဟု တာမွေမြို့နယ်မှ ကတ်ပျက်စီးမှု လျှောက်ထားခဲ့သူ မတင်တင်မော်က ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်း ဆင်းကတ်များ ပျက်စီးမှုကို နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးနေသော်လည်း ကတ်ပျောက်ဆုံးမှုကို နှစ်သောင်း ကျပ်နှုန်းဖြင့် နှစ်ပတ်မျှ အချိန်ယူ ဆောင်ရွက်ပေးပြီး ဆက်သွယ်ရေးမှ ရောင်းချသည့် ဖုန်းတစ်မျိုးသာ ရွှေဂုံတိုင်ရုံးတွင် လျှောက်ထား ခွင့်ပြုကြောင်းသိရှိရကြောင်း ဆိုပါသည် ။
 FROM:[_Popular New_]
(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မောင်ကျောက်ခဲရေအခုလှုတွေကတခုခုဖြစ်ရင်ဆန္ဒပြမယ်ဖြစ်နေကြတယ်အဲလိုမဖြစ်အောင်ပညာပေးဆောင်းပါးလေးတင်ပေးသေချင်ပါတယ်

bluesky05ပညာပေးတဲ့ဆောင်းလေးတင် ရုံနဲ့တော့ဘယ်လိုလုပ်ပြီးဆန္ဒပြတာ တွေရပ်မှာလဲ။ said...

ပညာပေးတဲ့ဆောင်းလေးတင် ရုံနဲ့တော့ဘယ်လိုလုပ်ပြီးဆန္ဒပြတာ တွေရပ်မှာလဲ။

Anonymous said...

ဘယ်လိုလုပ်မမလဲမသိဘူးနော်

Unknown said...

လူတေစည်းကမ်းမရှိလို့

Unknown said...

လူတေစည်းကမ်းမရှိလို့

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ