Dec 4, 2012

မိကျောင်းမင်း ရေခင်းပြ ၊ သံဃာကို စာချ ပြမိတယ်ထင်ရင် ငမိုက်သား ရာကျော် ကို သည်းခံတော်မူပါ အရှင်ဘုရားတို့

တပည့်တော်သည် မိရိုးဖလာဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်းကိုးကွယ်သောဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဖြစ်ပါသည်ဘုရား။

လက်ပန်တောင်းတောင်စီမံကိန်းသည် တစ်ဖက်က နိုင်ငံတော်အကျိုး အတွက်တာဝန်ရှိသူများက တိုင်းပြည်သယံဇာတများကိုထုတ်ယူသုံးစွဲနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ တစ်ဖက်ကလည်း
မိမိတို့သဘာဝရင်းမြစ်ပျောက်ကွယ်ဆုံးရှုံးမှုများ၊ တစ်ဦးချင်းပုဂ္ဂလိကကိုယ်ကျိုးစီးပွား များကြောင့် တားဆီးကြပါသည်ဘုရား။ ကြားမှတစ်ဦးချင်းကိုယ်ကျိုးစီးပွား( ပေါ်ပြူ လာဖြစ်ချင်သူ၊ ဒေါ်လာ
အထောက်အပံ့ရချင်သူ၊ ပွဲဆူမှ လူလှသူ) သမားများပေါ်လာသော အခါ ပြသနာကြီးလာရပါသည်ဘုရား။

လောကီလူသားအချင်းချင်းပြသနာကိုလူသားအချင်းချင်းရှင်းခြင်းကသင့်တော်သော်လည်း
ဘုရားသားတော်များဖြစ်သော သံဃာတော်များ အနေနဲ့ ပါဝင်ခြင်းက မသင့်တော်ဟု
ယူဆမိပါ သည် ဘုရား။ ဒီနေရာမှာ လူအမျိုးမျိုးစိတ်အထွေထွေမို့တပည့်တော်နှင့်မတူသော အယူအဆရှိသူများ အနေနှင့် လည်းလွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည် ဘုရား။ ထေရ၀ါဒဗုဒ္ဓ ဘာသာဝင် တစ်ဦးအနေဖြင့် ရဟန်း သံဃာတော်များကို သိက္ဓာပုဒ်နှင့်အညီ ကြည်ညိုဖွယ်သော
သဏ္ဌန်များကိုသာ အာ ရုံပြုပြီး ရှိခိုးပူဇော်ပြုလိုသူတစ်ဦးဖြစ်ပါသည်ဘုရား။ ခန္ဒီစသီးခံခြင်းတရားဖြင့် ရန်အပေါင်းကိုအောင်မြင် ခဲ့သော၊ ငြိမ်းချမ်းမှုဖြင့်သတ္တ၀ါအများကို ဆုံးမပဲ့ပြင်ခဲ့သော၊ရှုတ်ထွေးလှသော 
လောကီလူသားတို့နှင့် ဆက်ဆံရာတွင် ဖြစ်ပွားလာနိုင်သောပြသနာပေါင်း  သောင်း ခြောက်ထောင်ကို မျှော်တွေးပြီး သံဃာများလိုက်နာစောင့်ထိန်းရမည့် ၀ိနည်း၊ သိက္စာပုဒ်များကို ချမှတ်ပေးခဲ့သော
ဘုရားရှင်၏ အ ဆုံးအမများေ အာက်တွင် တသဝေမတိမ်း လိုက်နာစောင့်ထိန်း၊ကျင့်ကြံအားထုတ်ကြသော 
သံဃာတော်ဆိုပါက ကိုရင် ငယ်မျှကိုပင်ရှိခိုး ဦးချကန်တော့ရန်ဝန်မလေးသော်လည်း၊ ဒေါသဖုံးလွှမ်းသော မျက်နှာ၊ မောဟဖုံးလွှမ်းသောအသံ၊ ကုနြေ္ဒမဲ့သော ကိုယ်ဟန် အမူအရာများဖြင့်
ဘုရားသားတော်များကိုမြင်တွေ့ရသောအခါ တပည့်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာတွင်
အဓမ္မ၀ါဒီများ လွှမ်းမိုးချယ်လှယ်လာမည်ကို စိုးရိမ်ပူပန် မိပါ သည်ဘုရား။

သတ္တ၀ါများထဲတွင် လူသတ္တ၀ါ သည် ရှုတ်ထွေးဆုံး၊ ၃၁ ဘုံတွင် လူ့ဘုံလောကသည်
အရှုတ်ထွေးဆုံးဖြစ်သည့် အလျောက် မြင့်မြတ်သည့်သာသနာဝင်ပုဂ္ဂိုလ်များအနေဖြင့် လူတို့ကိစ္စများနှင့်
ကင်းကွာနေထိုင်ရန်မဖြစ်နိုင်သော် လည်း  ပြသနာအေးငြိမ်းစေရေး အတွက်သာဝင်ရောက် ဖြန်ဖြေသင့် သည် ဟု တပည့်တော်ယူဆပါသည်ဘုရား။ တစ်ဖက်ဖက်မှရပ်တည်ခြင်းသည် အ ကတိ တရားဖြစ်သဖြင့် ဗုဒ္ဓ၏အဆုံးအမနှင့်လည်းသွေဖီသည်ဟုထင်မြင်ယူဆမိပါသည်ဘုရား။ ယခုကိစ္စသည် မည်သူကမှားသည် မှန်သည်ကိုတိတိကျကျသေသေချာချာ လေ့လာဆန်းစစ်မှုမပြုလုပ်ရသေးသဖြင့်မည်သည့်ဖက်မျှမလိုက် ဘဲ ကြားနေ၀ါဒဖြင့်သာ ပြသနာ ကို အေးငြိမ်းစေရန်ဝိုင်းဝန်းဆောင်ရွက်သင့်သော်လည်း တစ်ဖက်သို့ ပါဝင်ရပ်တည်ခဲ့သဖြင့်အခြားတစ် ဖက်၏ ဖိနှိပ်ညှင်းဆဲမှုဒါဏ်ကို ခံရသည်မှာ လွန်စွာစိတ်မချမ်းမြေ့
ဖွယ်ဖြစ်ပါသည်။ 

ပြုသောသူများမှာလည်း ဗုဒ္ဓဘာသာဝင်များဖြစ်ပါကပစ္စုပ္ပန်အတွက်သော်လည်းကောင်း၊ သံသရာအတွက်သော်လည်းကောင်း၊လွန်စွာစိတ်ဆင်းရဲမည်ဟု ယုံကြည်မိပါသည်ဘုရား။ လူသား များရှေ့ကမိမိကိုယ်ကိုညှင်းဆဲခံကာ မားမားမတ်မတ်ရပ်တည်သော ပုဂ္ဂိုလ်များသည်လူသားအာဇာနည် များသာဖြစ်သင့်ပြီး၊ သင်္ဃန်းရုံထားသော ဘုရားသားတော်များသည်စစ်မှန်သောသာသနာရှေုတွင်သာ မားမားမတ်မတ်ရပ်တည်သင့်ပါသည်ဘုရား၊မြန်မာနိုင်ငံတော်တွင် သင်္ဃန်းရုံထားပါက သံဃာစစ် သည်ဖြစ်စေ၊ မစစ်သည်ဖြစ်စေလူအများ၏ရှိခိုးကန်တော့ခံရပါသည်။

 ရှိခိုးကန်တော့သူများတွင် အသက် ကြီးသူ၊၀ါကြီးသူ၊ ဘုန်းတန်ခိုးကြီးသူများလည်းပါဝင်နိုင်သဖြင့်အရှင်ဘုရားတို့အနေနဲ့ မည်သို့သော ပုဂ္ဂိုလ်မျိုးမဆို ကန်တော့ခံထိုက်သောကျင့်ဝတ်စောင့်ထိန်းမှု ရှိရန် လိုအပ်ပါသည်ဘုရား။ သို့မဟုတ်ပါက
ပိုမိုကြီးလေးသော ပြစ်ဒါဏ်သင့်မည်ဖြစ်ပါသည်ဘုရား။ တပည့်တော် အနေနဲ့ဗုဒ္ဓ၏အရိပ်အာဝါသကို အကာအကွယ်ယူထားသော မည်သို့သော ပုဂ္ဂိုလ်မဆို ဗုဒ္ဓ၏အဆုံးအမများအတိုင်း တသဝေမတိမ်း လိုက်နာကျင့်ကြံသင့်ပြီး ချစ်စကိုရှည်စေ၊မုန်းစကိုတိုစေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု တိုးတက်ရာ၊ ကြီးပွားရာ၊ငြိမ်းချမ်းရာကိုသာ ရှေ့ရှုဆောင်ရွက်သင့်ကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။
ယခုရေးသားပေးပို့သော တပည့်တော်အနေဖြင့် လူ့သက်တန်းတွင် နှစ် ၇၀ကျော်နေထိုင်လာ ခဲ့ ပြီဖြစ်သဖြင့် ယခု လက်ပန်တောင်းတောင်အရေးအခင်းတွင်မြင်တွေ့ရသော သံဃာ အများစုမှာ တပည့်ေ တ်ာထက် ငယ်ရွယ်ကြသူများဖြစ်သော်လည်းတပည့်တော်အနေဖြင့် သဒ္ဓါညွှတ်ကျိုး လက်ဆယ်ဖြာ
ထိပ်မှာမိုးပြီးရှိခိုးကန်တော့လိုပါသည်ဘုရား။

 အရှင်ဘုရားတို့အနေဖြင့် ရဲတပ်ဖွဲ့၏ ကြမ်းတမ်းစွာဖြေ ရှင်းခြင်း အပေါ် ကန့်ကွက်သင့်သော်လည်း
မှားခြင်း၊ မှန်ခြင်း မသဲကွဲသေးသည့် လူသားတို့ ၏ပြသနာ တစ်ရပ်အပေါ်အကတိတရားမထားဘဲ၊ ဘက်မလိုက်ဘဲ ငြိမ်းချမ်းစေရန်သာ တရားချ ဆုံးမစေပြီးဝိုင်းဝန်း ကူညီပံ့ပိုးပေး ရန်နှင့် ပညာရှင်များနှင့်
စုံစမ်းရေးကော်မရှင်တို့၏လေ့လာစုံစမ်းဖော်ထုတ်တွေ့ရှိမှသာအမှန်တရားဖက်မှရပ်တည်ဆောင်ရွက်ပေးသင့်ပါကြောင်းလျှောက်ထားအပ်ပါသည်ဘုရား။

တိုင်းပြည်အကျိုးမျှော်ကိုးသော ရဟန်းသံဃတ်ာများနှင့် ပြည်သူပြည်သားအများရန်သူမျိုးငါးပါးရန်မှ ကင်းဝေးပြီး တိုင်းပြည်တိုးတက်စေရန်အတွက်ဆူးတစ်ချောင်း၊ ညှောင့်တစ်ခုမဖြစ်ဘဲ အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါဝင်နိုင်ကြပါစေ။
   
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ် ဒကာကြီး ရာကျော်။
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အ နေ အ စား ချောင် အောင် သ င်္ဃန်း ချုံ သာ သ နာ ဖျက် တွေ ကို ပြတ် ပြတ် သား သား အ ရေး ယူ သင့်ပြီ

Unknown said...

ဟုတ်တယ်

ဗိုလ် တေ ဇ said...

ဗု ဒ္ဓ ဘာ သာ ကို အ ခြား ဘာ သာ ခြား များ အ ထင် ကြီး အောင် မ လုပ် နိုင် လျှင် နေ ပါ မိ မိ ကြောင့် အ ထင် အ မြင် သေး မ သွား စေ ရေ ဂ ရု ပြု သင့် ပါ သည့့်

Anonymous said...

ဖြစ်သင့်ပြီ

Anonymous said...

(y):

Anonymous said...

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုတ်လေအောင်
ဝိုင်းဝန်းဆောင်ရွက်သင့်ပါသည်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ