Dec 3, 2012

လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာ ရရှိသော သံဃာတော် များနှင့် အမျိုးသား နှစ်ဦးတို့၏ ဆေးဝါး ကုသပေး နေမှုများကို မေးမြန်း ဆေးရုံ ကြီး အတွက် ဆေးဝါး ပစ္စည်းများ ထပ်မံ ဖြည့်ဆည်း ပေးခဲ့

ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် သာသ နာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး တို့သည် မုံရွာ ပြည်သူ့ ဆေးရုံကြီး ဆေးရုံ အုပ်ကြီး ရုံးခန်း၌ မန္တလေးတိုင်း ဒေသကြီး စဥ့်ကိုင်မြို့ ပြည်တော်သာ ကျောင်းတိုက်မှ ဆရာတော် ဦးဇဝန၊ မုံရွာမြို့ ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ်နှင့် အထူးကု ဆရာဝန် ကြီးများနှင့် တွေ့ဆုံ၍ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖြစ်စဉ်မှ ဒဏ်ရာ ရခဲ့ပြီး ဆေးဝါး ကုသမှု ခံယူ နေသော သံဃာတော် များနှင့် အမျိုးသား နှစ်ဦးတို့၏ ကျန်းမာရေး အခြေ အနေများ၊ ဆေးဝါး ကုသ ပေးနေမှု များကို မေးမြန်း၍ ဆေးရုံကြီး အတွက် ဆေးဝါး ပစ္စည်းများ ထပ်မံ ဖြည့်ဆည်း ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယ ဝန်ကြီး များသည် ဆေးဝါး ကုသမှု ခံယူနေသော သံဃာတော် များအား ဖူးမြော် အားပေးပြီး ''လိုအပ်မှုများ ရှိပါက မိန့်ကြား ပေးပါရန်'' လျှောက်ထား ခဲ့ရာ သံဃာ တော်များက ''ပြည့်စုံ ပါကြောင်း၊ လိုအပ်သည်များ မရှိ ပါကြောင်း၊ ယခုလို ဒုတိယ ဝန်ကြီး များက လာရောက် ကြည့်ရှုပြီး အားပေးစကား လျှောက်ထား ကြသည့် အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိ ပါကြောင်း'' မိန့်ကြား ခဲ့ကြသည်။

ထို့နောက် ဒဏ်ရာ ရခဲ့သော အမျိုးသား နှစ်ဦးကိုလည်း ကြည့်ရှုပြီး အားပေး စကား ပြောကြား ခဲ့သည်။

ယင်းနောက် ဒုတိယ ဝန်ကြီးများသည် ဆေးရုံအုပ်ကြီး ရုံးခန်းတွင် ကျင်းပသည့် မန္တလေး မြို့နေ ဦးဝင်းဆွေဦး- ဒေါ်ခင်စန်းလွင် (ချစ်ဆွေ ပရိဘောဂ) မိသားစု တို့က မုံရွာမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနေသော လူနာများ အတွက် ငွေကျပ် ၁၂ သိန်း လှူဒါန်း သည့် ပွဲသို့ တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။
From:[_ မြဝတီ_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ