Dec 8, 2012

Eleven နဲ့  သန်းထွဋ်အောင်ဟာ CIA ဖြစ်နိုင် ဟု ဆို


Eleven Media နဲ့  သန်းထွဋ်အောင်ဟာ CIA ဖြစ်နိုင်တယ်လို့ Google မှ CIA အကြောင်းကို ကိုးကားပြီး ဦးခင်မောင်ညိုက ပြောကြားလိုက်ပါတယ်။ ဒေါက်တာသန်းထွဋ်အောင် နဲ့ Eleven မီဒီယာဟာ တရုတ်မြန်မာ မသင့်မြတ်ရေးတွင် အထူးတက်တက်ကြွကြွ လုပ်ဆောင်လျှက်ရှိကြောင်း၊ အမေရိကန် သံရုံးနှင့် အဆက်အသွယ်ကောင်းပြီး အမေရိကန်၏ အရှေ့အလည်ပိုင်းစိုးမိုးရေး စီမံချက်များအတွက် သူလျှိုဖြစ်နိုင်ကြောင်း အခုလို သုံးသပ်ထားပါတယ်။

"Eleven ရဲ့ ရပ်တည်မှုက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ... တရုတ်လုပ်ငန်းတွေ အကုန်လုံး မြန်မာနိုင်ငံ ထွက်သွားအောင် လုပ်နေတာဗျ... မယုံရင် ဖမ်းပြီး စစ်ကြည့်ပါလား.... မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနဲ့ကို ဆက်သွယ်မှုပျက်စေချင်နေတယ်... ဒါ အမေရိကန်ရဲ့ ရည်ရွယ်ချက်ထဲမှာ တစ်ခုအပါအဝင်ပဲလေ... သန်းထွဋ်အောင်က အဲဒီကို ဦးတည်နေတယ်... အမေရိကန်သံရုံးနဲ့လည်း အဆက်သွယ်ရှိတယ်..." လို့ ဆိုပါတယ်။

တရုတ်ဆန့်ကျင်ရေးဝါဒ ဖြန့်မှုများနှင့် ပတ်သတ်ပြီး

"ခင်ဗျားတို့ သတိထားမိလား မသိဘူး.... မြစ်ဆုံအရေးကို အကြောင်းပြုပြီး တရုတ်ဆန့် ကျင်ရေး သဘောတရားတွေ ပြည်သူတွေအကြားမှာ ရိုက်သွင်းလာခဲ့တာ Eleven က အဆိုးဆုံးဗျ... လက်ပံတောင်းအရေးမှာ ဘာမှ ခြေခြေမြစ်မြစ် မသိသေးဘဲ၊ အထောက်အထားမရှိသေးဘဲ ဓါတုလက်နက် ဆိုပြီး ရမ်းပြောမှန်းပြော ဓါတုခင်မောင်ညိုကို အလီဘိုင်ပြပြီး ဆော်တယ်... ပြည်သူတွေအကြား သံဃာတွေအကြား ပွက်လောရိုက်သွားတယ်ဗျ.... အခု နေးရှင်းမှာ English လိုပါ ထပ်ဖြန့်လိုက်တော့ ဇာတ်လမ်းက ရှင်းနေတယ်... ဒီတစ်ပါတ် ဂျာနယ်မှာလည်း ကျောက်ဖြူပိုက်လိုင်းကြောင့် မြန်မာနိုင်ငံ (၂)ခြမ်း ကွဲသွားမယ် ဆိုပြီး Eleven CEO ကြီးက ပြောတာ တွေ့ရတယ်.... ပိုက်လိုင်းကိုပါ ဆက်ပြီး လှုံ့ဆော်လိုက်တာပဲ... ဒီတော့ Eleven က ဘယ်ကိုသွားနေတာလဲ.... နောက်ကွယ် ကရော ရှင်းပါရဲ့ လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီဗျ...

ကားတွေ တင်သွင်းလာတာ၊ အခုနောက်ပိုင်း ငွေကြေး ရုတ်ချည်းတောင့်တင်းလာတာ ဒါတွေကို ကြည့်ရင် Eleven နောက်မှာ CIA ရှိနေသလား စဉ်းစားစရာ ဖြစ်လာနေပြီ.... တရုတ် လုပ်ငန်းတွေ အကုန်ရပ်သွားအောင် Eleven ကတစ်ဆင့် လှုံ့ ဆော်နေတာလား... ဒါကို မြန်မာအစိုးရဘက်က သေချာစစ်ဆေးဖို့ လိုလာပြီလို့ ကျွန်တော်ထင်တယ် "

လို့ ထောက်ပြထားပါတယ်။

ဒါအပြင် လက်ပံတောင်းတောင် ပြဿနာမှာ Eleven ရဲ့ မီဒီယာ သိက္ခာကျင့်ဝတ်နှင့် မညီစွာဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားမှုနှင့် ပတ်သက်၍ အခုလို ဆက်ပြောပါတယ်..

"Eleven က မြန်မာလိုတင်မကဘူး English လိုပါ ဓါတုလက်နက်သုံးပြီး နှိမ်နင်းတယ်ဆိုတဲ့ သတင်းကို ထိုင်းနိုင်ငံ နေးရှင်းကနေ တင်တယ်လေ... ကိုယ့်တိုင်းပြည်ကို ရောင်းစားမယ့် မီဒီယာပဲဗျ... အခု နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဘယ်ဌာနကမှ ဓါတုလက်နက်သုံးတယ် လို့  မရေးကြဘူး... ရေးတဲ့ မီဒီယာက တစ်ခုတည်း... အဲဒါက Eleven ပဲလေ.... စိတ်ခံစားမှုတွေ အရင်းခံပြီး ပြည်သူတွေကို အဆိပ်အတောက်တွေ ကျွေးနေတဲ့ Eleven ကတော့ တိုင်းပြည်အတွက် ကြီးမားတဲ့ အန္တရာယ်ပဲဗျ...

Chemical Weapon ဆိုတာ ဘာလဲဆိုတာ... Eleven က သတင်းထောက်တွေ သိရော သိကြမယ်မထင်ဘူးလေ... ကမ္ဘာမှာသတ်မှတ်ထားတာ CW ဆိုတာ WMD တစ်မျိုးပဲရှိတယ်ဗျ.... အဲဒီ WMD ဆိုတဲ့ သက်ရောက်မှုက အီရတ်ကိုတောင် အမေရိကန်တပ်တွေ ၀င်ရောက်စီးနင်းတိုက်ခိုက်သွားတဲ့အထိဖြစ်ခဲ့ဖူးတယ်.... အီရတ်ကို တိုက်ချင်လို့ တိုက်တာ ဖြစ်ပေမယ့် ပြည်ပက မီဒီယာတွေက အီရတ် ၀င်တဲ့အခါ အကြောင်းပြလို့ ကောင်းအောင် ဆက်ဒမ်မှာ ဓါတုလက်နက်တွေရှိတယ် ဘာညာနဲ့  သတင်းဖြန့်ပြီးမှာ ချတာ ဖြစ်တယ်လေ.... ဒီတော့ Eleven က ဓါတုလက်နက်ဆိုတဲ့ စကားလုံးနဲ့ နိုင်ငံတကာ သိအောင် ဖွပေးတာက စီအိုင်အေရဲ့ နှပ်ကြောင်းလားဆိုတာ သံသယ ဖြစ်စရာရှိတယ်..." လို့ ဆိုပါတယ်။


Eleven Media ဟာ စောင်ရေတွက်ကာ ငွေအမြတ်ရရှိရေးအတွက် မတိကျမသေချာသောသတင်းများအား လုပ်ကြုံရေးသားမှုဖြင့် နာမည်ပျက်လျှက်ရှိနေပါတယ်။

From:[_ myanmarexpress_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

elevenကမကောင်းဘူးဆိုပေမဲ့ရေးတဲ့မင်ကကောတရုတ်ကိုအဖေခေါ်ချင်လို့လား!

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ