မြန်မာနိုင်ငံရဲ့ ဘယ်တက္ကသိုယ်ကကျောင်းသားတွေ ဘာပစ္စည်းကြီးကိုထွင်လိုက်တယ်၊ ဘယ်လိုကမ္ဘာကျော်စာတမ်းကြီးတင်လိုက်တယ် ဆိုတဲ့ သတင်းမကြားရဘူး။ ကျောင်းသားတွေဆန္ဒပြတဲ့သတင်းပဲကြားရတယ်။
မြန်မာနိုင်ငံက ဆရာတော်တွေ တရားဟောလိုက်လို့ ဘယ်နိုင်ငံတစ်နိုင်ငံလုံး ဗုဒ္ဓဘာသာပြောင်းသွားတယ် မကြားရဘူး
ဘုန်းကြီးတွေဆန္ဒပြတဲ့ သတင်းပဲကြားရတယ်။
မြန်မာနိုင်ငံကဘယ်ထိပ်တန်းနည်းပညာကုမ္ပဏီနဲ့ ဘယ်နိုင်ငံကနည်းပညာ ကုမ္ပဏီ မူပိုင်ခွင့်ချိုးဖောက်လို့ အပြန်အလှန်တရားစွဲတယ်ဆိုတဲ့ သတင်းမကြားရဘူး။
အင်တာနက်ကောက်ခံမှုနှုန်းထားတွေဈေးကြီးလို့ဆန္ဒပြကြဦးမယ်တဲ့။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ နေချင်စရာအကောင်းဆုံးနိုင်ငံ အသာယာဆုံးနိုင်ငံ ဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံဆိုတဲ့ သတင်းမကြားရဘူး။ ဆန္ဒပြပွဲတွေ ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုလိုက်ရှင်းနေရတဲ့ သတင်းပဲကြားရတယ်။
ရန်ကုန်မြို့ကြီးက ကမ္ဘာမှာ အသာယာဆုံး လူနေမှုအဆင့်အတန်းအမြင့်ဆုံးဆိုတဲ့ သတင်းမကြားရဘူး။ ရန်ကုန်ဘယ်နားမှာဆန္ဒ ပြ ပြန်ပြီဆိုတဲ့သတင်း၊ သဘာဝဘေးအန္တရယ် အကျရောက်နိုင်ဆုံးဆိုတဲ့ သတင်းပဲကြားရတယ်။
မြန်မာနိုင်ငံက ဘယ်သိပ္ပံပညာရှင်ကြီးက ဘာတွေထွင်လိုက်လို့ ဘယ်ဆုကြီးကိုရသွားတယ်ဆိုတာမကြားရဘူး။ ဘာမှန်းမသိတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ဆုတွေတော့ ဘာကြောင့်ရမှန်းမသိတဲ့ သတင်းတွေပဲကြားရတယ်။
မြန်မာနိုင်ငံရဲ့ ဘယ်တက္ကသိုလ်ကို တက်ဖို့ဘယ်လောက်ကြိုးစားရတယ်ဆိုတဲ့ သတင်းမကြားရဘူး
ကောလိပ်ကနေ တက္ကသိုလ်ကို အလကားပြောင်းပေးတာတောင် ဆန္ဒပြသတဲ့။
ဟူးးးးးးးးးး မလွယ်ပါလား ရွှေမြန်မာရယ်
From:[_Kaw Lin Thar _]
(မောင်ကျောက်ခဲ အဖွဲ့)
3 ယောက် ဆွေးနွေးခဲ့တယ်:
Simply want to say your article is as astounding. The clarity in your post is simply nice and i can assume you are an expert
on this subject. Fine with your permission allow me to grab your feed to keep updated with forthcoming post.
Thanks a million and please continue the enjoyable work.
My website piano lessons
ဟုတ်ပ ဟုတ်ပ ဖြစ်လိုက်တဲ့ပြသနာတွေ ဆန္ဒပြရတာကိုပျော်နေကြသလားလို့တောင်ထင်ရတယ်
ဟုတ်ပ ဟုတ်ပ ဖြစ်လိုက်တဲ့ပြသနာတွေ ဆန္ဒပြရတာကိုပျော်နေကြသလားလို့တောင်ထင်ရတယ်
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။