လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းအတွက်သပိတ်စခန်းဖွင်ကာ ဆန္ဒပြခဲ့သော သံဃာတော်များကိုအင်အားသုံးဖြိုခွင်းရာမှာဒဏ်ရာရရှိခဲ့သောသံဃာတော်များနှင့်ပတ်သက်၍သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးမြင့်မောင်က ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား သံဃာ့ မဟာနာယက ဆရာတော်ကြီးများကို တောင်းပန်လျောက်ထားသည့် အခမ်း အနား ကို ဒီဇင်ဘာလ ၇ ရက်နေ့နံနက်၈နာရီခန်.တွင်ရန်ကုန်မြို့၊ကမ္ဘာအေးကုန်းမြေရှိသံဃာ့မဟာနာယကအဖွဲ့မဟာနာယကကျောင်းဆောင်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံများ ၏ ည ၈နာရီ သတင်းတွင် ထုတ်လွှင့်ခဲ့ကြသိရသည်။
ဝန်ကြီးကတောင်းပန်လျောက်ထားရာတွင် “ အစိုးရအနေဖြင့်လည်း မလွှဲမရှောင်သာ၍ ပြုလုပ်ခဲ့ရသည်မှအပ နောက်နောင် မလိုလားအပ်သော အဖြစ်အပျက်များ ထပ်မံမဖြစ်ပွားစေရန် အထူး သတိထား ကြိုးပမ်း သွားမည် ဖြစ်ကြောင်း၊အုံကြွမှုကြီး ဖြစ်လာစေရန်စည်းရုံးခေါ်ဆောင်သွား သော လူပုဂ္ဂိုလ်အချို့တို့မှာ ဆန္ဒပြ သပိတ်စခန်းတွင် ရှိမနေဘဲ အချို့မှာ ရွာထဲတွင်လည်းကောင်း၊ အခြားနေရာများ၌ လည်းကောင်း ရှောင်တိမ်းနေ ကြသဖြင့် ဒဏ်ရာရရှိမှု မရှိသည့် မှာထူးခြားမှုပင် ဖြစ်ကြောင်း၊ ဒဏ်ရာရ ရှိသော ဦးပဇင်းများနှင့် ကိုရင်များကို ပြုစုစောင့်ရှောက်လျက် ရှိကြောင်း၊ ဒဏ်ရာရရှိသည့် ဦးပဇင်းနှင့် ကိုရင်များကိုလည်း နိုင်ငံတော်ကိုယ်စား အလေးအမြတ်ထား တောင်းပန်အပ်ပါကြောင်း” လျောက်ထားခဲ့သည်။
From:[_ The Voice Weekly_]
(မောင်ကျောက်ခဲ အဖွဲ့)
1 ယောက် ဆွေးနွေးခဲ့တယ်:
သာသနာဝန်ထမ်းတွေ က၀ိနည်းနဲ့အညီ သာသနာသန့်ရှင်းရေးအတွက် ထေရ၀ါဒ စစ်မှန်သောသံဃာတွေဖြစ်ရေးအတွက် သာသနာဝန်ထမ်းများ နိုင်ငံရေးလှုံ့ဆော်မှု့တွေမှာမပါရအောင်စောင့်ရှောက်ပေးဘို့ကောမလျောက်ထားခဲ့ဘူးလား။ ကျွန်ဖြစ်နေတဲ့ခေတ်မှာတောင်လယ်တီဆရာတော်ကို ကုလားဖြူကဖမ်းပြီးထောင်ချခဲ့သလား။ ဦးဝီစာရတို့ဦးဥတမ တို့ထောင်ကျခဲ့တယ်မို့လား။ လယ်တီကအမျိုးဘာသာ သာသနာတွက်မလုပ်ခဲ့ဘူးလား။ ဘယ်လောက်လုပ်ခဲ့တယ်ဆိုတာယနေ့ထိရိုက်ခတ်နေဆဲမို့လား။ သာသနာဝန်ထမ်းသာနာအလုပ်လုပ်တာအကောင်းဆုံး။
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။