Dec 6, 2012

ခွင့်ပြုပြီး စီမံကိန်းများကို ပြန်သုံးသပ်မည်

ခွင့်ပြုပြီး စီမံကိန်းများအားလုံးကို ပြန်လည်စိစစ်သွားမည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ “စိစစ်ရမှာပေါ့ဗျာ။ မစစ်လို့ ဘယ်ရပါ့မလဲ။ အခုကြေးနီ စီမံကိန်း ကိုလည်း နိုင်ငံတော်အဆင့်က စစ်မှာပဲလေ။ တို့လည်း သုံးသပ်တာတွေ ပြန်လုပ်ရမှာပဲပေါ့” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။


 လက်ရှိ စီမံကိန်းများကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ချထားပေးရာတွင် အချို့သော စီမံကိန်းများ၌ မှားယွင်းသော လုပ်ဆောင်မှုတို့ ရှိနေကြပြီး ထိုအရာတို့မှာလည်း သတိပြုဆင်ခြင်စရာ တစ်ခုဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောသည်။

“အမှန်ကတော့ဗျာ။ လက်လုပ်လက်စား အခြေခံလူထုနဲ့ ကုမ္ပဏီတွေက ပိုထိတွေ့ဖို့ လိုတာပေါ့။ အခုက ဒီလိုမဟုတ်ကြဘဲ လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကြတာပေါ့။ ဒီလိုတွေ မဖြစ်ရအောင် ဆောင်ရွက်ကြရင် အကောင်းဆုံးပါပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိလာပြီလည်း ဖြစ်သဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ပြဋ္ဌာန်းဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်များ ချထားပေးမှုကို စနစ်တကျဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဘက်ပေါင်းစုံ သုံးသပ်၍ စိစစ်လုပ်ဆောင်သွားမည်ဟု ကော်မရှင်ထံမှ သိရှိရပါသည် ။

From:[_ Popular News _]
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ