Dec 6, 2012

တက္ကသိုလ်ပညာရေး ဥပဒေ အများဆန္ဒခံယူရန် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း တောင်းဆို

အသစ်ပြန်လည် ပြင်ဆင်ရေးဆွဲမည့် တက္ကသိုလ်ပညာရေး ဥပဒေကို အဓိက သက်ဆိုင်နေသူများ၏ သဘောဆန္ဒများ ကျယ်ကျယ်ပြန့်ပြန့်ခံယူ၍ ရေးဆွဲအတည်ပြု ပြဋ္ဌာန်းရန် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းမှ တောင်းဆိုလိုက်သည်။

 ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်သွင်းသော ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်ပယ်ချမှုကြောင့် အသစ်ပြန်လည် ပြင်ဆင် ရေးဆွဲရမည်ဖြစ်သည်။ အသစ်ပြန်လည် ရေးဆွဲမည့် တက္ကသိုလ်ပညာရေး ဥပဒေနှင့် ပတ်သက်၍ အဓိက သက်ဆိုင်သူများဖြစ်သော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ၏ သဘောဆန္ဒများကို လက်တွေ့ကျကျ ကောက်ခံရယူထားခြင်း မရှိသေးသည်ကို မြင်တွေ့ရပြီး သက်ဆိုင်သူများ၏ သဘောဆန္ဒကို လျစ်လျူရှု ဘေးဖယ်ထားသည့်သဘော သက်ရောက်နေကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းတို့မှ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ပညာရေးဝန်ကြီးတို့ထံ ပေးပို့ထားသော တောင်းဆိုစာတွင် ဖော်ပြထားသည်။

 “အခုက ထဲထဲဝင်ဝင်လည်း မရှိဘူး။ ဘယ်သူတွေနဲ့ လုပ်နေတယ် ဆိုတာလဲမသိဘူး။ တကယ်တမ်းက ဆရာ၊ ဆရာမတွေကို ချပြရမယ်။ ဘာတွေလုပ်ပြီးပြီ ဆိုတာလဲ မသိရဘူး။ ဘာမှမသိရဘဲနဲ့ ရေးဆွဲနေတာဆိုတော့ ဒီမိုကရေစီနည်းအရ သိပ်ပုံမကျဘူး” ဟု ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ လက်ထောက်ကထိက ဆရာတစ်ဦးက ပြောသည်။ ကျောင်းသားအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရရေးနှင့် ကျောင်းသားကိုယ်စားလှယ်များကို တက္ကသိုလ်ပညာရေး ဥပဒေ ရေးဆွဲရာတွင် ပါဝင်ဆွေးနွေးခွင့်ပြုရန် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းတို့က တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ် ။
From:[_7 days news _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ