Dec 6, 2012

အနောက်တံခါးကိုလှည့်ကြည့်ခြင်း


ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ပန်းတိုင်ဟာ တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ်။ဖဲ့ထုတ်လို့ရရင် သီးခြားနိုင်ငံဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် အခြားမူဆလင်နိုင်ငံတစ်ခုနဲ့  ပူးပေါင်းချင်ပူးပေါင်းလိမ့်မယ်။ အဓိကပန်းတိုင်ကတိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ်။ အဲဒီလိုဖဲ့ထုတ်ရေး ကြိုးပမ်းမှုတွေ အောင်မြင်ရေးအတွက် ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ ဗျူဟာတစ်ခုဖြစ်တယ်ဆိုတာကို ဇွန်လကကျနော့်ရေးတဲ့ မြန်မာနိုင်ငံရဲ့ အနောက်တံခါးတစ်ကယ်ကျိုးပျက်သွားပြီလား ဆောင်းပါးမှာထောက်ပြခဲ့ဖူးတယ်။

ဆိုလိုတာက အဲဒီတိုင်းပြည်ဖဲ့ထုတ်ရေးပန်းတိုင်အတွက် ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေးနည်းဗျူဟာကို မဖြစ်မနေလုပ်ဆောင်လာလိမ့်မယ်လို့  ကြိုပြောခဲ့တဲ့အတိုင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ ဘာသာရေးအဓိကရုဏ်းဆီကို မောင်းနှင်နေတယ်လို့ ပြောချင်တယ်။ အဲဒီလိုမောင်းနှင်တဲ့နေရာမှာ မြန်မာမွတ်ဆလင်ပညာတတ်အချို့နဲ့  မွတ်ဆလင်သူဌေးတစ်ချို့ဟာ အင်အားတွေအဖြစ် နောက်ကွယ်ကကူညီတာတွေရှိသလို ပြည်ပရောက်နေတဲ့ ခေတ်ပညာတတ် မြန်မာမွတ်ဆလင်တွေဟာလည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဘက်က ရပ်တည်ပေးတာတွေရှိတယ်။ဆိုတော့ ဒီအခင်းအကျင်းဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ အင်အားအဖက်ဖက်ကတောင့်တင်းလာတဲ့တစ်နေ့ မှာ မြန်မာမွတ်ဆလင်တွေလည်းပေါ်ပေါ် ထင်ထင်ကြီးရပ်တည်လာကြပါလိမ့်မယ်။

ကနေ့  ရခိုင်ပြည်အရေးအခင်းဟာအလွန်နက်ရှိုင်းပါတယ်။ နိုင်ငံသားအခွင့်အရေး တောင်းဆိုမှုမျိုးမဟုတ်ဘဲ နယ်မြေပိုင်ဆိုင်ရေးကို တစ်စိုက်မတ်မတ် လုပ်လာတဲ့ခဲ့တဲ့ လုပ်ရပ်တွေကြောင့် အလွန်နက်ရှိုင်းတဲ့ပြဿနာလို့  ပြောရခြင်းဖြစ်ပါတယ်။ညီညွတ်မှုမရှိတဲ့ လုပ်နည်းလုပ်ဟန်တွေ တိမ်းစောင်းသွားရင် မြန်မာနိုင်ငံရဲ့ နယ်မြေအချို့ကို စတေးရမယ့်အနေအထားပါ။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအနေနဲ့  နိုင်ငံသားအခွင့်အရေး၊လူ့အခွင့်ရေး၊ ဘာသာရေးလွတ်လပ်ခွင့်စတဲ့ အခင်းအကျင်းတွေကို အခြေခံပြီးလုပ်ဆောင်နေခြင်းမဟုတ်တဲ့ အခြေခံပေါ်မှာ ပြဿနာရဲ့ အတိမ်အနက်ဟာကွဲပြားသွားရခြင်းဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ မြန်မာမွတ်ဆလင်အချို့ရဲ့ သမိုင်းကိုပြောင်းပြန်လှန်ပြီး ပြောဆိုရေးသားဝါဒဖြန့် နေခြင်းများဟာရခိုင်၊ ကရင်၊ မြန်မာစတဲ့တိုင်းရင်းသားတွေရဲ့ ဒေါသကိုဆွပေးနေသလို ဖြစ်စေခဲ့ပါတယ်။တစ်နည်းအားဖြင့် ရခိုင်အရေးအခင်းဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံကို တပ်လှန့်သလို ဖြစ်စေခဲ့ပါတယ်။

ရခိုင်ပြည်ကလွဲပြီးမြန်မာနိုင်ငံတစ်နံတစ်လျားမှာရှိနေတဲ့ မွတ်ဆလင်တွေဟာလူ့ အခွင့်ရေး၊ဒီမိုကရေစီရေး၊ ဘာသာရေးလွတ်လပ်ခွင့်စတဲ့ တောင်းဆိုတိုက်ပွဲဝင်မှုတွေထဲမှာမြန်မာတိုင်းရင်းသားတွေနဲ့ အတူ တိုက်ပွဲဝင်ခဲ့ကြတယ်။အဲဒီအဆင့်မှာဘဲရပ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် မြန်မာမွတ်ဆလင်တွေနဲ့  မြန်မာတိုင်းရင်းသားတွေ ကြီးမားတဲ့ ပြဿနာတွေ မဖြစ်ခဲ့တာဖြစ်တယ်။ ထို့အတူ ရခိုင်ပြည်ထဲမှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေအနေနဲ့လည်း အဲဒီလိုရပ်ပြီး တိုက်ပွဲဝင်ရင် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ပြောရဲပါတယ်။ အဲဒီအဆင့်မှာမရပ်ဘဲ ရခိုင်ပြည်ဟာရိုဟင်ဂျာလူမျိုးတွေ ပိုင်နက်ဖြစ်တယ်။ အိမ်ရှင်ဆိုတာရခိုင်တွေမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတဲ့ဝေါဟာရဟာ ခေတ်သစ်မှာပြောင်းထားတဲ့ နာမည်မဟုတ်ဘူးနှစ်ထောင်ချီပြီးဒီနာမည်နဲ့  ဒီလူမျိုးဟာ ရခိုင်ပြည်မှာနေထိုင်လာတာဖြစ်တယ်။ ရခိုင်တွေကနောက်မှ ၀င်လာတာစသဖြင့် ပြောကြရေးကြပြီး ဒီအပေါ်မှာ ရပ်တည်လှုပ်ရှား ဆောင်ရွက်နေခြင်းဟာ ဘယ်လိုမှသဟဇာတ(လိုက်လျောညီထွေ) ဖြစ်လာမှာမဟုတ်တာကတော့ သေချာပါတယ်။ တရားဥပဒေစိုးမိုးရေးဘယ်လောက်ဘဲရှိနေနေ အထက်ကတင်ပြခဲ့တဲ့ ရပ်တည်ချက်အပေါ်မှာရပ်ပြီး လှုပ်ရှားနေသမျှကာလပတ်လုံး ပြဿနာကတော့ ရှိနေအုံးမှာသေချာပါတယ်။

ဆိုတော့ ဒီလှိုင်းကိုစီးပြီးမျောနေတဲ့ မြန်မာမွတ်ဆလင်တွေ ပြည်တွင်းပြည်ပမှာရှိနေကြတယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေနဲ့ အတူ ပူးပေါင်းပါဝင်နေတဲ့ မြန်မာမွတ်ဆလင်တွေကိုလည်း ပြတ်ပြတ်သားသားဆန့်ကျင်ရပါလိမ့်မယ်။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့လုပ်ရပ်၊ အမျိုးသားအကျိုးစီးပွားကို ထိပါးတဲ့လုပ်ရပ်ဟာတိုင်းပြည်ရဲ့ ရန်သူပါ။ ထို့အတူ မြန်မာတိုင်းရင်းသားထဲကဖြစ်ရင်လည်း ရန်သူအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲမှာ "ကိုယ့်အမျိုးကိုချစ်ရုံနဲ့ ဒီ့ပြင် အမျိုးကိုလည်းမုန်းဖို့ မလိုဘူး၊သို့သော်လည်း အမျိုးအကျိုးကို လာထိတဲ့သူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့ ဒါကငါတို့ အမျိုးရဲ့ ရန်သူအဖြစ်ဖြင့်သာနှိမ်နှင်းခြင်းဖြစ်တယ်၊ ဘယ်လူမျိုးဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး"ဆိုပြီး မိန့် ခဲ့ဖူးတယ်။ ကနေ့ အချိန်မှာလည်းဒီလို ပြတ်သားရပါလိမ့်မယ်။ အမျိုးသားအကျိုးစီးပွားအပေါ်မှာရဲရင့် ပြတ်သားမှုမရှိဘူးဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့အနာဂတ်ဟာ ချောက်ကမ်းပါးထဲကိုလိမ့်ဆင်းသွားမှာသေချာပါတယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ ပန်းတိုင်းဟာ နိုင်ငံသားအခွင့်အရေးမဟုတ်ဘူး။ မွတ်ဆလင်တိုင်းပြည်ထူထောင်ရေးဖြစ်တယ်။ ဒီရည်မှန်းချက်ဟာမြန်မာနိုင်ငံလွတ်လပ်ရေးမတိုင်မှီကပင် ကနေ့ အချိန်ထိ ကိုင်စွဲထားဆဲဖြစ်တယ်ဆိုတာသူတို့ရဲ့လှုပ်ရှားဆောင်ရွက်မှုအဆင့်ဆင့်က သက်သေပြနေတယ်။ OIC ကိုချဉ်းကပ်ပြီး သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်လာခဲ့တာ ကြာခဲ့ပါပြီ။ဇွန်လရခိုင်ပြည် အရေးအခင်းကို ဘာသာရေးစစ်ပွဲအဖြစ် ဖန်တီးခဲ့ခြင်းဖြစ်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဒီမအောင်မြင်မှုအပေါ်မှာ နောက်ထပ်ခြေလှမ်းတစ်လှမ်းတိုးလာခဲ့တာကတော့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်နေပါတယ်လို့  ၀ါဒဖြန့်ခဲ့ခြင်းဟာအောင်မြင်သင့်သလောက် နိုင်ငံတကာမှာ အောင်မြင်ခဲ့ပါတယ်။ ဒုတိယခြေလှမ်းဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ခေါင်းစဉ်ရွေးချယ်ခဲ့တာဟာလည်း OIC နဲ့ ညှိပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာထင်ရှားပါတယ်။

 OIC ကလည်း ဟန်ချက်ညီညီ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ ကလူမျိုးတုံးသတ်ဖြတ်ကြောင်း ပြောလာချိန်မှာ အမေရိကန်ရဲ့ တုန့်ပြန်ချက်ကြောင့် ရှေ့မတိုးလာခဲ့ပေမယ့် OIC မြန်မာနိုင်ငံထဲဝင်ရေးကို ညင်သာစွာလှုပ်ရှားလာခဲ့တယ်။မြန်မာနိုင်ငံလူထုရဲ့ နိုင်ငံရေးနိုးကြားမှုကြောင့် မြန်မာပြည်တွင်း ၀င်ရောက်ရေးအစီအစဉ် မအောင်မြင်ခဲ့ခြင်းအပေါ်မှာ နောက်ထပ် ခြေလှမ်းတစ်လှမ်း ရှေ့ဆက်လှမ်းလာခဲ့တာကတော့ ကနေ့ဖြစ်ပျက်နေတဲ့ အောက်တိုဘာရခိုင်ပြည်အရေးအခင်းဖြစ်ပါတယ်။ ဆိုတော့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ လုပ်ဆောင်ချက်တွေဟာ စနစ်တကျ ဗျူဟာဆွဲပြီးလုပ်ဆောင် လာခြင်းဖြစ်တယ်ဆိုတာထင်ရှားပါတယ်။အဲဒီလို ဗျူဟာဆွဲပြီး လုပ်ဆောင်မှုတွေထဲမှာမိမိအိမ် မိမိ မီးရှို့ထွက်ပြေးရေး၊မိမိဗလီမိမိ မီးရှို့ရေး နည်းဗျူဟာတွေလည်း ပါမှာကတော့ သေချာပါတယ်။ ကိုယ့်အိမ်ကိုမီးရှို့ပြီး နိုင်ငံတကာမှာတော့ အစိုးရနဲ့ ရခိုင်တွေပေါင်းပြီးမီးရှို့နေပါတယ်လို့  ဟန်ချက်ညီညီလုပ်ဆောင်လိမ့်မယ်ဆိုတာ တွေးပြီးသိနိုင်ပါတယ်။

မဟာဗျူဟာတစ်ခုအောင်မြင်ရေးအတွက် နည်းဗျူဟာအရ မိမိစခန်းကိုမီးရှို့ခြင်းဟာ ဆန်းကြယ်ခြင်းမဟုတ်ပါဘူး။ အပေါ်ယံကြည့်ရင် မိမိနေတဲ့အိမ်ကို မိမိကိုယ်တိုင်မီးရှို့ခြင်းဟာမဖြစ်နိုင်ဆိုပေမယ့် ယနေ့ နိုင်ငံတကာမှာမိမိလုပ်ရပ်အောင်မြင်ရေးအတွက် မိမိအသက်ကိုပင် စတေးပစ်နေခြင်းတွေက မဖြစ်နိုင်ဘူးဆိုတာကို ချေဖျက်နိုင်ပါတယ်။ မိမိအသက်တောင် စတေးရဲသူတွေအတွက်ကတော့ မိမိနေတဲ့ အိမ်ကိုမီးရှို့ခြင်းဟာ ကလေးကစားစရာလိုဖြစ်နေမှာပါ။

ဆိုတော့ ၂၀၁၂ခုနှစ်၊ ဇွန်နဲ့ အောက်တိုဘာရခိုင်ပြည်အရေးအခင်းဟာ သာမညအရေးအခင်းမဟုတ်ဘဲ မြန်မာနိုင်ငံလွတ်လပ်ရေး အကြိုကာလကပင် အဆင့်ဆင့်လှုပ်ရှားလာတဲ့ လှုပ်ရှားမှုဆိုတာသိထားဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ၂၀၀၉ ခုနှစ်ကသုတေသနစာတမ်းဖတ်ပွဲမှာ သမိုင်းသုတေသနဌာနရဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သိန်း စာတမ်းဟာကနေ့ဖြစ်ပျက်နေတဲ့ ရခိုင်ပြည်အရေးအခင်းကို ကြိုတင်ဟောကိန်းထုတ်ထားသလို ဖြစ်နေပါတယ်။ ဦးမြင့်သိန်းရဲ့ "ရခိုင်ဒေသအတွင်းသို့  မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့် " စာတမ်းရဲ့ ကောက်နှုတ်ချက်နဲ့  ဒီဆောင်းပါးကိုအဆုံးသတ်ချင်ပါတယ်။"ယနေ့ ဖြစ်ပေါ်နေသောရိုဟင်ဂျာလှုပ်ရှားမှုသည် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ လှုပ်ရှားနေသကဲ့သို့  မွတ်ဆလင်နိုင်ငံများနှင့်လည်း ဟန်ချက်ညီညီလှုပ်ရှားနေခြင်းဖြစ်သည်ကိုတွေ့ ရသည်။

ယခင်ကပေါ်ပေါက်ခဲ့သည့် မူဂျာဟစ်လှုပ်ရှားမှုသည် ဂျေဟိုက်လှုပ်ရှားမှု(ဘာသာရေးစစ်ပွဲ) လှုပ်ရှားမှုအဖြစ် လှုပ်ရှားနေခြင်းဖြစ်ရာ၎င်းအဖွဲ့ သည် လုံးဝပျက်သုဉ်းသွားခြင်းမဟုတ်ဘဲ အသွင်တစ်မျိုး၊ အမည်တစ်မျိုးဖြင့် ပြန်လည်လှုပ်ရှားနေခြင်းပင်ဖြစ်သည်။ ထို့အတူ ဘာသာရေးသင်တန်းများ၏အချက်အခြာဖြစ်သော အာဖဂန်နစ္စတန်နှင့်လည်း ဆက်သွယ်ကာသင်တန်းများတက်ရောက်ခြင်း၊ ဘာသာရေးစစ်သည်များအဖြစ် သွားရောက်ခြင်းများ ရှိသည်ကိုတွေ့ ရသည်။

 ထိုင်းနိုင်ငံတောင်ပိုင်း မွတ်ဆလင်ခွဲထွက်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေပြီးရိုဟင်ဂျာလှုပ်ရှားမှုသည် လိုအပ်သည့်နေရာတွင် ဘာသာရေးစစ်သည်များအဖြစ် ၀င်ရောက်ထမ်းဆောင်နေခြင်းဖြစ်ရာ အဆိုပါအဖြစ်မှန်ကိုသိမှသာလျှင် နိုင်ငံတကာအတွက် အန္တရာယ်ဖြစ်ကြောင်း သိရှိနိုင်မည်ဖြစ်သကဲ့သို့  မိမိနိုင်ငံအတွက်လည်း ထိုအန္တရာယ်ကို မည်သို့ဖြေရှင်းရမည်ကို နားလည်နိုင်မည်ဖြစ်သည်။မည်သို့ ဆိုစေ ရိုဟင်ဂျာသည် တိုင်းရင်းသားဖြစ်ရေးနှင့် ၄င်းတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ၁၉၅၁ ခုနှစ်က စတင်မြစ်ဖျားခံခဲ့သော အလယ်သံကျော်ညီလာခံ၏ ဆုံးဖြတ်ချက်များကို အခြေခံလမ်းစဉ်အဖြစ်ချမှတ်ကာ ဆက်လက်လှုပ်ရှားနေခြင်းဖြစ်ကြောင်း တွေ့ ရှိရသည်။

 From:[_ ခိုင်လင်း(မေဃဝတီ)_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ