Dec 7, 2012

အီဂျစ် နိုင်ငံတွင် သမ္မတကို ထောက်ခံသူနှင့် ဆန့်ကျင်သူများ အကြား တိုက်ခိုက်မှု ဖြစ်ပွား ငါးဦး သေဆုံး

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့တွင် ဒီဇင်ဘာ ၅ ရက် ညပိုင်းက သမ္မတ မိုဟာမက် မော်စီအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများ အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ငါးဦး သေဆုံးခဲ့ကြောင်း ကာတာ အခြေစိုက် အယ်ဂျာ ဇီရာ သတင်း ဌာနက ဒီဇင်ဘာ ၆ ရက် တွင် ပြောကြား ခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှု များသည် မော်စီ၏ သမ္မတ နန်းတော် အပြင်ဘက်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခြား လူပေါင်း ၃၅ဝ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြောကြား ထားသည်။

ယခု ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များသည် မော်စီ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ပြီးချိန်မှ စ၍ ဖြစ်ပွား သည့် အဆိုးရွားဆုံး သော အဓိကရုဏ်းဖြစ်ကြောင်း သိရသည်။

အီဂျစ် နိုင်ငံ တစ်ဝန်းတွင် သမ္မတ မော်စီ၏ အငြင်းပွားဖွယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူများက ဆန္ဒပြလျက် ရှိကြောင်း သိရသည်။

From:[_ မြ၀တီ_]
(မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ