Dec 4, 2012

ပြည်တွင်းတွင် လှုပ်ခတ်နေသော အခြေအနေများအား အခွင့်ယူပြီး ကေအိုင်အေ ရထားလမ်းအား ဗုံးခွဲပြန်ပြီ

ယမန်နေ့ ညဖက် ကချင်ပြည်နယ် နန်စိအောင်-မြစ်ကြီးနားမီးရထားလမ်းမိုင်တိုင်အမှတ် ၆၄၀/၂၂ နှင့် ၂၃ ကြား နမ်းမားကျေးရွာအနီး ဒီဇင်ဘာလ ၃ရက်နေ့ည ၁၁နာရီ ၃၅ မိနစ်တွင် KIA မှ မိုင်းခွဲ ဖျက်ဆီး ခဲ့သဖြင့်
မီးရထားသံလမ်းရှေ့ဖက်ခြမ်း ၅ ပေခန့်ပြတ်ထွက် ၊ ဇလီဖားတုံး ၅တုံးလွင့်ထွက်ပျက်စီး ပြီး မီးရထားများ ရပ်တန့်ကုန်သည်။

သို့ရာတွင်ရထားလမ်းလုံခြုံရေးတာဝန်ကျနေသောတပ်မတော်မှစစ်သည်များနှင့်မြန်မာ့မီးရထားဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု ကြောင့် နံနက် ၃နာရီခွဲတွင် မီးရထားများပုံမှန်ပြန်လည် ပြေးဆွဲနိုင်ပြီးဖြစ်သည်။


ထိုဖြစ်စဉ်နှင့် ပတ်သက်၍ နမ်းမားကျေးရွာမှ ပြည်သူ့စစ်တစ်ဦးက ''ဒီကောင်တွေအမြဲအဖျက်အမှောင့်လုပ်နေတဲ့ အကြမ်းဖက်သမားတွေပဲ။ အခုလဲလွန်ခဲ့တဲ့လကတည်းက KIA ရင်း၅ ကဗိုလ်လ၀ါးဘန်ဦးစီး ဖောက်ခွဲဖျက်ဆီးရေးသမားဘင်္ဂလီကုလားဆရာ ၃ယောက်အပါအ၀င် အင်အား၃၀လောက်ဒီနမ်းမားအနီးမှာမိုင်းခွဲဖို့စောင့်နေတာကြာပြီ။ဟိုတလောကသူတို့အထက်ကအတင်းဖိအားပေးတာနဲ့မော်လူးဖက်မှာသွားလုပ်တယ်။ ဒီနေရာမှာက စစ်ကြောင်းတွေအမြဲသွားလာသလို
ရထားလမ်းလုံခြုံရေးတွေစိတ်နေတော့အခွင့်မသာဘူး။ ပြီးတော့ အဲဒီကောင်ကနမ်းမားကြီးရွာသားလေ။ ဒီကအခြေအနေတွေကောင်းကောင်းသိတော့ဒီနားမှာချောင်းနေတာကြာပြီ။ တကယ်တော့ တံတားကိုလုပ်ချင်တာ။ တံတားမှာကလုံခြုံရေးမပြတ်တော့ လွယ်တဲ့နေရာမှာ မိုင်းထုပ်ကို ကမန်းကတန်းပစ်ချပြီးအဝေးကနေခလုတ်နှိပ်ခွဲလိုက်တာလေ။အသံထွက်ရုံ၊လူထုအနှောက်အယှက်ဖြစ်ရုံလောက်လုပ်နိုင်တာပါ။ဘာကြောင့်ဒီလိုလုပ်နေမှန်းကိုမသိဘူး။ စစ်တပ်ကိုလုပ်ရအောင် စစ်တပ်က
အသွားအလာမရှိသလောက်ပဲ ပြည်သူတွေပဲခံစားရတာပေါ့ဗျာ။


 ပြီးခဲ့တဲ့နှစ်ရက်ကလည်း တောင်ခြေမှာ လယ်သွားလုပ်နေတဲ့ လူငယ် သုံးယောက်ကို ခေါ်သွားတာ
ဘာသတင်းမှမရသေးဘူး။ စစ်ကြောင်းတွေတော့လိုက်နေတယ်။ ဒါပေမဲ့ စစ်တပ်ကသိတာ
နောက်ကျတော့ မိဘတွေကစိတ်ပူနေကြတာပဲ။ ဒီကောင်တွေလုပ်နေတာနဲ့
အလုပ်ကောင်းကောင်းမလုပ်နိုင်၊ ခရီးကောင်းကောင်းမသွားနိုင်၊ကောင်းကောင်းမအိပ်မစားနိုင်တာ တစ်နှစ်ကျော်ပြီဗျာ။ ဘာလို့များ စစ်တပ်ကအပြတ်မတိုက်တာလည်းမသိဘူ။ ကျွန်တော်တို့ကိုသာ သေနတ်ပေးထားဗျာ။ဒီကောင်တွေရွာနား မကပ်စေရဘူး'' ဟု တက်တစ်ခေါက်ခေါက်ဖြင့်ရှင်းပြသွားသည်။

ကေအိုင်ရဲ့ ဂေါ်ရခါးအမည်ခံ ဘင်္ဂလီတပ်ရင်းကိုရောက်လာတဲ့
တာလီဘန်ကလာတဲ့ ဖောက်ခွဲရေးပညာရှင်ဆိုသူ အဲလ်ဗဒူလာ အူရဘာ အော်ရ်ဇဘား

KIA တို့သည် စစ်ပွဲကြာမြင့်လာ သည်နှင့်အမျှထိခိုက်ဆုံးရှုံးမှုများပြားခြင်း၊ ပေါက်ပန်းသေးစစ်သည်စုဆောင်းမှုကြောင့်ထွက်ပြေးသူများ များပြားခြင်းတို့ကြောင့် အင်အားဖြည့်တင်းရန်
အထူးလိုအပ်လျက်ရှိပြီး ယခု နောက်ပိုင်းတွင် ၊ ကလေး လူကြီးမရွေး၊
ယောကျာင်္းမိန်းမမရွေး၊  လူမျိုးဘာသာမရွေး ဖြစ်သည့်နည်းမှန်သမျှဖြင့်စုဆောင်းရန်၊ မန်းတလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် အခြေအနေပေးပါက မြန်မာနိုင်ငံအတွင်းပိုင်းမှလူများအထိပါ လစ်လျင်လစ်သလိုစုဆောင်းရန် အမိန့်ချမှတ်ထားကြောင်း KIA အတွင်းသတင်းများအရ သိရသည်။

(မောင်ကျောက်ခဲ အဖွဲ့)
_________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ