Dec 4, 2012

သိမ်းငှက်နဲ့ နဂါး မဟာဗျူဟာ ကစားပွဲနဲ့ လက်ပံတောင်းတောင်

ပထမဆုံး အခုချိန်မှာ အားလုံး မေ့နေတဲ့အချက်က မြန်မာနိုင်ငံဟာ ကမ္ဘာ့ ထိပ်သီး ဟဲဗီးဆူပါ ပါဝါ (၂)နိုင်ငံအကြားမှာ ရောက်နေတယ် ဆိုတာပါပဲ။
သတိထားရမယ့်အချက်က ဂျပန်နဲ့ တရုတ် ထိပ်တိုက် တွေ့တော့ အမေရိကန် ဘယ်လို ရပ်တည်သွားခဲ့သလဲ။ တစ်ကယ့် မဟာမိတ်ကြီးတွေနော်-။
အိုဘားမား ကံ့ကော်မြေကို နင်းပြီး ဂျပ်ဆင်ထိပ်မှာ အမေရိကန်အလံတော် တလူလူ လွှင့်သွားတယ်။ မကြာပါဘူး လက်ပံတောင်းတောင်အရေးတော်ပုံကြီး ဖြစ်လာတယ်။
ဟီလာရီ ကလင်တန် လာပြီး ရွှေလမ်းငွေလမ်း ဖောက်ကြတဲ့အချိန်မှာ ရခိုင်ပြဿနာ ဖြစ်လာခဲ့တယ်။
မဟာတိုက်ဆိုင်မှုတွေလား- မဟာ တိုးတိုက်မှုတွေလား။
လက်ပံတောင်းတောင်ကို ဒေါင်းတွေရောက်ပြီးတဲ့နေ့ကစလို့ သပိတ်စခန်းတွေများလာတယ်

န၀တ-နယက လက်ထက် တောက်လျှောက် ပြောခဲ့တဲ့ စီအိုင်အေ ဆိုတာ ဒီကနေ့ အသံတောင် မကြားရတော့ဘူး။ မရှိတော့တာလား။
ကိုရွှေတရုတ်ကြီးကလည်း သူ့ပြည်နယ်လို့ သတ်မှတ်ထားတဲ့ မြန်မာပြည်ကို အမေရိကန်လက်ထဲ လွယ်လွယ်နဲ့ ၀ကွက် အပ်မှာ မဟုတ်ဘူး ဆိုတာ အတိအလင်း ကြေညာထားတာ တွေ့နိုင်တယ်။ ကချင်စစ်ပွဲ အခုထိ မပြီးနိုင်သေးတာ ဘာကြောင့်လဲ။ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အသစ်-အဟောင်း လွှဲပြောင်းရွေးချယ်တဲ့ ကွန်မြူနစ်ပါတီရဲ့ ပါတီညီလာခံကြီးမှာ ၀ခေါင်းဆောင်တွေ တရားဝင် တက်ရောက်ခဲ့တာ ဘာကြေင့်လဲ။ ပေါလစ်ဗျူရိုရဲ့ မူဝါဒတွေကို ထဲထဲဝင်ဝင် သိထားတဲ့ သူတွေနော်။ သူတို့ဟာ ၀ပြည်နယ် တောင်းထားတဲ့ သူတွေနော်။ သူတို့ဟာ တရုတ်ဖြူ ကျူးကျော်မှုမှာ မြန်မာနိုင်ငံဘက်က ၀င်တိုက်ပေးခဲ့တဲ့ သူတွေနော်။ မော်ရဲ့ တပ်တွေနဲ့ ၀တပ်တွေဟာ ကူမင်တန်တွေကို ဂဏန်းလက်မညှပ်ပြီး တိုက်ခဲ့ကြတာ ဆိုတာ မမေ့ကဖို့  လိုတယ်။

မြစ်ဆုံ ရပ်သွားတော့ အထိနာသွားတဲ့ တရုတ်ဟာ အာဖရိကမှာလုပ်မယ့် ဆည်စီမံကိန်းတွေ ၀ိုင်းကန့် ကွက်ခံရတဲ့အထိ ဖြစ်ခဲ့ရတယ်။ မြန်မာပြည်လို အပိုင်ပြည်နယ်လို့  သတ်မှတ်ထားခဲ့တဲ့ နိုင်ငံကတောင် ပြန်လည် ဆန့် ကျင်လာတဲ့အခါ ကမ္ဘာတစ်ဝှမ်းလုံးက တရုတ်ပရောဂျက်တွေ အန္တရာယ် ကျရောက်လာစေခဲ့တယ်လို့ ပြောကြာတယ်။
ကေအိုင်အေ တပ်တွေ တိုးချဲ့တဲ့နေရာမှာ ယူနီဖောင်း၊ လက်နက်၊ စစ်မြေပြင်သုံးကိ၇ိယာတွေကို ဘယ်သူတွေက ထောက်ပံ့ပေးနေတာလဲ။ စဉ်းစားကြည့်ရင် ရှင်းရှင်းကြီး မြင်နိုင်ပါတယ်။ တရုတ်ပိုက်လိုင်းကြီးက စပြီနေပြီ။ နောက်ဆုတ်လို့ မရတော့ဘူး။ ဒီပိုက်လိုင်းဟာ ကမ္ဘာစစ်ဖြစ်တဲ့အချိန် ဘယ်လို ဖြေရှင်းမလဲ ဆိုတာအထိ ထည့်သွင်း တွက်ချက်ထားတဲ့ မဟာဗျူဟာပိုက်လိုင်းကြီးပဲ။

လက်ပံတောင်းကို လက်လွှတ်လိုက်ရရင် ပိုက်လိုင်းကို လက်လွှတ်ရဖို့  သေချာသွားပြီ ဆိုတာ တရုတ်တွေ သိထားပြီးသား။ အခုအချိန်မှာ ပိုက်လိုင်းဆန့် ကျင်ရေး အရောင်မှိန်နေ ပေမယ့် လက်ပံတောင်းတိုက်ပွဲ ပြီးသွားရင် ပိုက်လိုင်းကို သေချာပေါက် ဦတည်လာမှာပဲ။

အခုကော်မရှင်မှာ ဒေါ်စုကို ခေါင်းဆောင်ခန့်လိုက်တဲ့ ဦးသိန်းစိန်ရွှေ့လိုက်တဲ့ အကွက်ရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေမလဲ။ ဒေါ်စုကလည်း ပြောထားပြီးသား မြန်မာနိုင်ငံအတွက် တရုတ်ဟာလည်း အမေရိကန်နဲ့  တန်းတူ အရေးကြီးတယ် ဆိုတာကို။ အာဖရိကမှာ အမေရိကန်နဲ့ တရုတ် အပြိုင်အဆိုင် ဆွဲယူကြတဲ့အချိန်မှာ အာဖရိကနိုင်ငံတွေ စစ်ပွဲတွေ ဖြစ်၊ ပြဿနာတွေတက်နဲ့ စစ်ဘေးစစ်ဒဏ်သင့်ခဲ့ကြရတယ်။ စိတ်ခံစားမှုကို အရင်းတည်ပြီး ဆူပါပါဝါတွေရဲ့ ကစားပွဲမှာ နိုင်ငံကို စတေးခဲ့ကြရတယ်။

ဝမ်ပေါင်နောက်မှာ တရုတ်တစ်နိုင်ငံလုံး ရှိတယ်ဆိုတာကို တရုတ်အစိုးရက အတိအလင်း ကြေညာတာကို အားလုံး သိရှိပြီး ဖြစ်တယ်။ ဒီကိစ္စမှာ အန်ကယ်ဆန် ဘာမှ ၀င်မလာသေးဘူး။ စောင့်ကြည့်နေတုန်း အကဲခတ်နေတုန်း။ အမေရိကန်သိမ်းငှက်ကြီးက တရုတ် နဂါးကြီးကို ချောင်းနေတာပဲ။

ဒေါ်စုကော်မရှင်ကို အားလုံး ကူညီမှ တန်ကာ ကျမယ်။ သပိတ်မှောက်တဲ့ ယဉ်ကျေးမှု အပြိုင်အဆိုင် ထွန်းကားလာနေချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေးမှာ ဘာမှ အတွေ့ အကြုံ မရှိသေးတဲ့ ရဲတပ်ဖွဲ့ ဟာ အချိန်မီ မပြုပြင်နိုင်ရင် ဒီတစ်ကြိမ်တင် မကဘူး နောက်ထပ်လည်း မှားဖို့  ရှိနေတယ်။ အရင်တုန်းက အရေးအခင်းတွေ အဓိကရုဏ်းတွေကို တပ်ကပဲ ကိုင်တွယ် ဖြေရှင်းခဲ့တာ ဖြစ်တယ်။ ရဲ ကိုင်တွယ်တာ ဟန်မကျလို့ ရခိုင်လည်း ပြာပုံ ဖြစ်ခဲ့ရပြီး အခု လက်ပံတောင်းတောင်မှာ ထပ်ဖြစ်လာပြန်ပြီ။

၈၈ မျိုးဆက်တွေရော ဒေါ်ခင်စန်လှိုင်လို လွှတ်တော်ကိယ်စားလှယ်တွေရော အဝေးကြည့် အရှည်တွေးတတ်တဲ့ အလေ့အထတွေ ဖြစ်လာဖို့ ကောင်းပြီ။ အခု ကော်မရှင်ဟာ သိမ်းငှက်နဲ့ နဂါးကြီး အကြား အားပြိုင်မှုကို ကိုယ်စားပြုနေမှာလည်း ဖြစ်တယ်။ ဒီအနေအထားကို ဦးသိန်းစိန်နဲ့ ဒေါ်စု လေးလေးနက်နက် ညှိနှိုင်းပြီးမှ လုပ်ဆောင်တာလို့  ပဲ တစ်ထစ်ချ ယုံကြည်ထားတယ်။

ဦးသိန်းစိန်က ဒေါ်စုကို ခေါင်းငှားတာ မဟုတ်သလို ချောက်တွန်းတာလည်း မဟုတ်ဘူး။ ဦးသိန်းစိန်နဲ့ ဒေါ်စု ၂ ယောက်ပေါင်းပြီး ညင်ညင်သာသာ ကိုင်တွယ်ကြတော့မယ် ဆိုတာကို ခန့်  မှန်းရတယ်။

စိတ်ခံစားမှုကို ရှေ့ တန်းတင်ပြီး လုပ်တဲ့အထဲမှာ ဦးသိန်းစိန်ရော ဒေါ်စုရော မပါဘူး။ ဒီအချိန်မှာ ချောက်တွန်းခံရပါပြီ ဆိုပြီး အော်နေကြတဲ့ ဒီမိုဘက်တော်သားတွေ၊ အခွင့်တော့ ပေးပြီး ကြိတ်လိုက်မဟဲ့ ဆိုပြီး နာမည်ဖျက်နေတဲ့ ဘင်္ဂလီကုလားအုပ်စုတွေ - ခင်ဗျားတို့ကြောင့် ခေါင်းဆောင်တွေ လုပ်ရကိုင်ရ ခက်ခဲသွားစေမှာကို သတိပြုကြပါ။

ခင်ဗျားတို့ရဲ့ ကီးဘုတ်တော်လှန်ရေးကြောင့် မြန်မာနိုင်ငံ ရေတိမ်နစ်သွားမှာကို သတိထားကြပါ။ အထူးသဖြင့် မီဒီယာတွေပေါ့။ ဒေါ်စုကို အခက်တွေ့ အောင် မလုပ်ကြဖို့ ပြောချင်ပါတယ်။ ဒေါ်စုကို စောင့်ကြည့်လိုက်ပါ။

ဒီအခြေအနေရောက်အောင် ဒေါ်စု ဘယ်လောက်စောင့်ဆိုင်းခဲ့ရတယ်ဆိုတာ ပြောဖို့  မလိုတဲ့ကိစပါ။

နောက်တစ်ခုက နောက်ကြောင်းပြန်မလှည့် ဖို့ ဦးသိန်းစိန်ရော ဒေါ်စုပါ ပူးပေါင်းနေကြတယ်ဆိုတာကို မြင်အောင် ကြည့်ကြပါ။ဒေါ်စုသာ မုံရွာခရီးစဉ်မှာ ပြင်းပြင်းထန်ထန် မိန့် ခွန်း ပြောခဲ့ရင် ဘာတွေ ဖြစ်လာမယ် လို့ ထင်ကြပါသလဲ။ ကီးဘုတ်တော်လှန်ရေးသမားတွေ မြှောက်ပင့် ပေးနေသလိုသာ ဒေါ်စု ပြောခဲ့ရင် အခုအချိန် ဘာဖြစ်နေပြီလဲ။

ဒေါ်စုစကား တခွန်းထဲနဲ့  တစ်နိုင်ငံလုံး ဆူပွက်သွားမယ်။ တစ်နိုင်ငံလုံ ရောင်စုံ သူပုန် ထသွားမယ်။

ပြီးရင် ဘာ ဆက်ဖြစ်မလဲ။ ရှင်းရှင်း လေးပါ။ မသိချင်ယောင် မဆောင်ကြပါနဲ့ ။

မြန်မာပြည်က နိုင်ငံရေး သမားတွေကို ပြောချင်တာက လက်ပံတောင်းတောင်ကို အမြတ် မထုတ်ကြပါနဲ့။

မကြည့်ရက်ဘူး - မခံစားနိုင်ဘူး။ ဒါ မြန်မာပြည်က လူတိုင်း ဖြစ်ကြရတာပါ။ ဗုဒဘာသာဝင်တွေ ပိုပြီး ဆိုးပါတယ်။ ကျွန်တော်တို့လည်း ဗုဒဘာသာ ကိုးကွယ်တာပါပဲ။

ဒီလို ခံစားရလို့ ဆိုတာကို သိထားကြပြီး ဒီအချိန်မှာ ဘာတွေ ပြောလိုက်ရင် ဘယ်လိုလုပ်လိုက်ရင် လူထုက ငါတို့ ကို ထောက်ခံကြမှာပဲ ဆိုတဲ့ သိမ်ဖျင်း ယုတ်ညံ့တဲ့ အယူအဆတွေ သိမ်းထားလိုက်ကြပါ။ ခင်ဗျားတို့  နာမည်ရဖို့  ဒေါ်စုကို မနင်းကြပါနဲ့ ။

ခင်ဗျားတို့  နာမည်ကြီးဖို့  မသိ နားမလည်တဲ့ ပြည်သူတွေကို ဒုက မပေးကြပါနဲ့ ။

ဒေါ်စု အခု လုပ်ကိုင်နေသလို အဆင့်အတန်းရှိတဲ့ နိုင်ငံရေးကို မျက်နှာမူကြပါ။

လူပြိန်းကြိုက် အပေါစားနိုင်ငံရေးတွေ မလုပ်ကြပါနဲ့  ။
From:[_ ပလေတို ဒီမို_]
 (မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကောင်း လိုက်တာဗျာ မှန်ကန်တဲ့ တွေးခေါ် တင်ပြချက်တွေ ပါပဲ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ