Jan 2, 2012

သိသူများ ဖြစ်စဉ်ပြောပေးပါ.အဖြစ်မှန်ပြောပေးပါခင်ဗျာ

ဒီမနက် ကျွန်တော် တို့ ဆီကို မေးလ် ၃ ခု ထူးထူးဆန်းဆန်း ဗီဒီယို ဖိုင်တစ်ခုတည်း ကိုပို့လာပါတယ်
ဒါပေမဲ့ သူတို့ ရဲ့ခေါင်းစဉ်တွေက ထူးဆန်းစွာ ကွဲပြားလျှက်ရှိပါတယ်...။

တစ်ယောက်က မလေးရှားမှာ မကောင်းတာလုပ်စားတဲ့ အမိုးသမီးတွေကို မျိုးချစ်မြန်မာ
ယောကျာင်္းလေးများက ၀င်ရောက်ဆုံးမတယ်လို့ ပြောပါတယ်
ဒုတိယ တစ်ယောက်က တော့ ခိုးထွက်လာတဲ့ အမျိုးသမီးတွေကို မြန်မာ အချင်းချင်းခေါင်းပုံဖြတ်
အနိုင်ကျင့်တာလို့ ပြောပါတယ်..။
တတိယ တစ်ယောက်က ထိုင်းမှနေပြီး ပြည်တော်ပြန်ဝင်လာတဲ့ အမျိုးသမီးတွေကို လ-ဝ-က
မှ နှိပ်စက်တာ လို့ ပြောပါတယ်...။

ဘယ်ဟာအမှန်ပါလဲ....။ကျွန်တော် တင်သာတင်လိုက်ရသာပါ...။ကျွန်တော်တို့ နှစ်ယောက်ရဲ့ မူ ကို (သိတာ ၊ တတ်တာ ပဲပြောမယ် ) ပြင်ပြီး တင်လိုက်ရတာပါ...။ဗီဒီယို ထဲမှာတော့ ဘယ်သူက
မှားတယ်တော့ မသိပါဘူး..ဒါပေမဲ့ သိသူများအတွက် သေသေချာချာဖြစ်စဉ်နှင့်တကွ
ပြောပြပေးစေလိုပါတယ်...။ နို့မို့ဆိုရင် ဝါးတားတားနဲံ နောင်တချိန်မှာ ပွလာမဲ့ကိစ္စ ဖြစ်လာနိုင်ခြေ အများကြီးဖြစ်လာလို့ ပါ..။

 





ကျွန်တော်တို့  အဖြစ်မှန်သိဖို့လိုအပ်နေပါတယ်ခင်ဗျာ..တကယ်လို့  အဖြစ်မှန်သိသူများရှိလျှင်
မိမိတို့ ၏ ခင်ရာမင်ရာ များ ၊ ဖေ့ဘုတ် စသော လှုမှုရေးWEBSITE များတွင် လည်ကောင်း
ကျွန်တော်တို့ လို ဘလော့များတွင်လည်ကောင်း ပေးပို့ဖော်ပြပေးစေလိုပါတယ် ခင်ဗျားးး...။

                                                                         မောင်ကျောက်ခဲ(မြန်မာပြည်)
Print Friendly and PDF

8 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အဖြစ်မှန်ကိုအမြန်ဆုံး တင်ပေးကြပါ

Anonymous said...

နည်းတောင်နည်းသေး

Anonymous said...

ဒီအဖြစ်ကိုတော့ ကျွန်တော် မသိပါဘူးခင်ဗျာ....မြန်မာမတွေ မလေးရှားမှာ နီပေါ့တွေ၊ ဘ တွေနဲ့ ဖြစ်ပျက်နေတာကိုတော့ အမှန်တကယ်ကြားနေရပါတယ် .....စားစရိတ်ထောက်ပံ့ရင် အတူတူအိပ်လို့ ရတယ်လို့ ....န,ဘ အချို့က ပြောနေသံကိုလည်း ကျွန်တော်တို့ မကြာခဏ ကြားသိနေရပါတယ် .............

စားသုံးသူ said...

မလေးရှားမှာဖြစ်နိုင်ပါတယ်....video ရဲ့ အသံကိုသေချာနားထောင်
ကြည့်ရင်အဖြစ်အပျက်ကိုသိနိုင်ပါတယ်....အခုဆိုရင်..မြန်မာမတွေတချို့ 
က..နိပေါတွေ..ဘင်္ဂလားတွေနဲ့ ပါ..အတူတူနေကျတာ၇ှိပါတယ်..
တချို့ ကတော့..အတူတူမနေပဲ..ခေါ်၇င်လိုက်သွားတာတွေတော့ရှိပါတယ်
မိန်းကလေးတွေအများကြီးစုနေတဲ့ အိမ်မှာ..မကောင်းတဲ့မိန်းကလေး၁ယောက်၂ယောက်ရှိနေရင်...ရိုးရိုးသားသာနေတဲ့ မိန်ူးကလေးတွေအတွက်ပါ..သိက္ခာကျပါတယ်...ကျနော့..အထင်တော့...နာမည်ကြီးသတင်းတွေ
ထွက်နေလို့ ..အဖွဲ့ တခုခုက..၀င်ရောက်ဆုံးမတယ်လို့ ထင်ပါတယ်..
ဝင်ပြီးရိုက်တယ်ဆိုပေမဲ့..ကျန်တဲ့အပြစ်မရှိတဲ့ကောင်မလေးတွေကို..စော်ကားတဲ့စကား..တလုံးမှပြောသံမကြားပါဘူး...facebookမှာလည်း
ဒီvide0 ကပြန့် နေပါတယ်...မြန်မာပြည်ကလူတွေရဲ့ စရိုက်အတိုင်းပေါ့
ဗျာ..အဖြစ်မှန်ကိုသေချာမသိပဲ..လေ..နဲ့ လက်သီးလက်မောင်းတန်းပြီး
ဝေဖန်..comment ရေးတဲ့..စောက်ရူးတွေ.ကများနေတယ်..
ကျနော်..ရေးတာအမှားပါရင်ခွင့်လွှတ်ပါ..လူတွေအားလုံးကို..အမေမွေးကတည်းက..ဆင်ခြင်နိုင်တဲ့..ဦးနှောက်ပါ...ပါခဲ့တယ်ဆိုတာ..မမေ့သင့်ပါဘူး.....လူတိုင်းအော်ရင်လိုက်အော်...ဆဲရင်လိုက်ဆဲတဲ့..အကျင့်တွေပျောက်သင့်ပါပြီ....

mr1go2come said...

ဝင်ရောက်ကြည့်ရှု့သွားပါတယ်။ ပြောနေတဲ့စကားသံတွေ တော့ ကြားရလို့ တစွန်းတစတော့ ခန့်မှန်းလို့ရပါတယ် . . အတိအကျတော့ ကျွန်တော့အနေနဲ့ သေချာမသိလို့ .. ဘာမှတော့ ပြောစရာမရှိသေးပါဘူးခင်ဗျား... .. အဖြစ်မှန်နဲ့ အချက်အလက်မှန်မှန်ကန်ကန်သိရရင် ပြန်ရှယ်ပေးပါမယ်ခင်ဗျား။ သတင်းသိရလို့လဲ ကျေးဇူးတင်ပါတယ်.. (အမှားပါရင် ခွင့်လွှတ်ပါ)

Anonymous said...

မလေးရှားမှာ မြန်မာမိန်းခလေးတွေ(လူတိုင်းကိုမဆိုလိုပါ)
နိုင်ငံသားပေါင်းစုံနဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတာအများကြီးပါ
ကောင်းတဲ့မိန်းခလေးတွေလည်းရှိကြပါတယ်။

ခက်တာက သူတို့က အတည်အတံ ကြိုက်လို့တွဲနေတဲ့အဆင့်
မဟုတ်တော့ပဲ ပြည့်တန်ဆာပုံစံ ဖြစ်လာကြတာပါ...ဘဲ။
စက်ရုံအတူတူလုပ်တဲ့မြန်မာယောင်္ကျားလေးတွေ ရှက်လို့တား
ပြန်ရင်လည်း ငါ့ဟာနဲ့ ငါ<<<<<<<နင်တို့အပူပါလားဆိုတာ
ကျွန်တော်သူငယ်ချင်း နားနဲ့ဆတ်ဆတ်ကြားခဲ့ဘူးပါတယ်။

ကျွန်တော်သူငယ်ချင်းက သူ့ကိုပြောတာမဟုတ်တော့ ဘာမ
ှဝင်မပြောခဲ့ပါဘူး။ ကျွန်တော်တို့လူမျိုးအများစုကကိုယ့်အမျိုး
ကိုထိရင် နာလည်းနာ၊ရှက်လည်းရှက်တတ်ပါတယ်။ အဲဒီအခါ
ကျတော့ မြန်မာတွေက နီပေါ၊ဘင်္ဂလားတွေကို ၀ိုင်းရိုက်တော့
တာပါဘဲ။ အချုပ်ခန်းရောက်တဲ့ကောင်က ရောက်ပေါ့ဗျာ။

အဲနောက်နေ့ကျတော့ အဲအဲ့ဒီရွှေမတွေက အချုပ်ထဲရောက်တဲ့
သူတွေကိုမျက်နှာပြောင်တိုက်ပြီး မနက်တယောက်၊ ညတယောက်
ဆိုပါတော့ဗျာ။

မြန်မာတွေအများစုရှိတဲ့ ရပ်ကွက်တည်းခိုခန်းကနေပေါ်တင်ကို
ထွက်လာတတ်တာကိုး။ သူများဘယ်လိုတားလို့ရမလဲ .. ကိုယ့်ဟာ
တွေက အလိုတူအလိုပါကိုးဗျ။ နောက်ဆုံးတော့ ... သူတို့နေတဲ့အ
ဆောင်ထိ ပွဲသွားကြမ်းပီးလန့်သွားအောင်နဲ့ နောက်မလုပ်ရဲအောင်
ခြောက်လှန့်ပေးရပါတယ်။ ဒါတောင်လူမုန်းခံပြီး လုပ်တတ်တဲ့သူ
ရှိမှပါ။ အဲဒီလိုမလုပ်ရင်လည်း ဘယ်ကိုတိုင်ရမလဲဗျာ..?

မိန်မပျက်တွေနဲ့ အတူတူအလုပ်လုပ်နေရတဲ့ မိန်းမကောင်းလေး
တွေလည်း ရှက်ပေမဲ့ တားမရလို့ ဒီအတိုင်းကြည့်နေရပါတယ်။
ဗီဒီယိုထဲမှာလည်းပါပါတယ်..ကျွှန်မတို့တားတာ..တားလို့မရဘူးတဲ့။

ဒီနေရာမှာ နီပေါနဲ့ ဘင်္ဂလားတွေအကြောင်းပြောချင်ပါသေးတယ်
သူတို့လူမျိုးတွေဟာ(လူတိုင်းလိုလို) ထမင်းစားရင် ငြုတ်သီးနဲ့ဆား
ပါရင်ရပါပြီ .. ဒါပေမဲ့ ဟိုဟာကိုတော့ ကုန်ချင်သလောက်ကုန်ပစေ
ဆိုပဲ... လစာလည်း တပြားမှမကျန်ရင် ဘာမှမဖြစ်ဘူး။ .... အဲဒီမှာ
မကောင်းတဲ့ရွှေမတွေနဲ့တွေ့တော့တာပါဘဲ။ ခက်တာက သူတို့ချည်း
ဘဲမှမဟုတ်တာ... ကျန်တဲ့မိန်းခလေးတွေက ရှက်လွန်းလို့ တဲ့..

Anonymous said...

ပီနန်းမှာပါ အဲဒီမိန်းကလေးနှစ်ယောက်က နီပေါနဲ့လိုက်အိပ်လို့ ၀င်ရိုက်တာလို့ ကြာသိရပါတယ်...လွန်ခဲ့တဲ့နှစ်လ ၀န်းကျင်လောက်ကလို့ ကြားသိရပါတယ်...သတိပေးထားတာကို ဆက်လုပ်လို့ ၀င်ရိုက်တာလို့ သိရပါတယ်...မလေးရှားမှာ နီပေါ၊ ဘင်္ဂလား၊ ပါကစ်စတန်၊ မလေး၊ တရုတ်၊ အနိယ လူမျိုးတွေနဲ့လိုက်အိပ်တဲ့ မြန်မာမိန်းကလေးတွေ တော်တော်များများ တွေ့ရပါတယ်...ဖြစ်နိုင်ရင် မိန်းကလေးတွေကို မလေးရှားမလွှတ်စေခြင်ပါ...
ကျွန်တော်တို့ စက်ရုံဘေးက မားမီးစက်ရုံက မိန်းကလေးတစ်ယောက် နီပေါနဲ့ရပြီး ဗိုက်ကြီးလို့ မြန်မာပြည်ကို သူဠေးကပြန်ပို့လိုက်ပါတယ်...မြန်မာမိန်းကလေး တစ်ချို့ဆိုရင် လူမြင်ကွင်းမှာ ကုလားတွေနဲ့ ဖွေ့ဖက်နေတာ မြင်လို့တောင်မကောင်းပါ...မိန်းကလေးနှစ်ယောက် ရိုက်ခံရတာတွေ့တော့လဲ ငါ့နှမလေးတွေသာဆိုရင် ဆိုပြီးတော့ ရင်နစ်အောင် ခံစားရပါတယ်...ဒါတွေက ကျွန်တော်တို့ မျက်မြင် ကြားသိ
နေရတာတွေပါ.......မိန်းကလေးတွေ အားလုံးကို မလေးရှားကိုလုံးဝ
မလွှတ်သင့်ပါ........

Anonymous said...

ငါလည်းမလေးမှာပါ မင်းတို့ပြောသလိုမတွေ့ပါဘူး မင်းတို့ပတ်ဝန်းကျင်ကိုကမကောင်းတာနေမှာပါ ဒီမှာတော့ကြိုက်လည်းမြန်မာအချင်းချင်းပဲရှုပ်လဲမြန်မာအချင်းချင်းပဲ မိန်းမကောင်းလေးတွေလဲအများကြီးပါ မြန်မာပြည်မှာကတည်းကပျက်လာရင်တော့မပြောတတ်ဘူး ကိုယ်စိတ်ကိုယ်မနိုင်ရင်တော့ဘယ်နေနေပျက်မှာပဲ မြန်မာပြည်နေလဲ ကုလားနဲ့ရချင်ရမှာပဲ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ