Feb 1, 2012

မြေးပျောက်တဲ့ အဖိုးကို ကူညီကြပါ




ငယ်စဉ်ကပင်အတူနေ၊ အတူအိပ်သည်မြေးကလေး မောင်ဝေယံထွဋ်၊ အသက် (၁၃) နှစ်သည်
အလက(၁)တာမွေ၊ ရန်ကုန်တိုင်းဒေသကြီးတွင်သတ္တမတန်း(က) တွင်ပညာသင်ကြားနေပါသည်။
၃.၁၂.၂ဝ၁၁ နေ့(စနေနေ့) နံနက် (၄) နာရီခွဲတွင်လူထုလမ်းလျှောက်ပွဲသို့''ဖိုးဖိုးလမ်းလျှောက်
လိုက်ခဲ့ပါ'' ''စောသေးတယ်မလိုက်သေးဘူး'' ဟုမြေးနှင့် အဖိုးစကားအပြန်အလှန်ပြောပြီးအတန်း
ပိုင်ဆရာမနှင့် အတူလိုက်ပါသွားခဲ့ပါသည်။

လူထုလမ်းလျှောက်ပွဲမှ ကျောင်းသို့ရောက်ရှိခဲ့ပါသည်။ ကျောင်းအနီးTV Game ဆိုင်တွင်
သူငယ်ချင်းများနှင့် အတူကစားကြသည်။ ယင်းနောက်ပြန်မည်ပြောပြီး၊ နေ့လည် (၁) နာရီခန့်
တွင်အိမ်သို့ပြန်သွားကြောင်းသိရပါသည်။ ယင်းအချိန်မှစပြီးအိမ်သို့ပြန်မလာပျောက်နေပါသည်။
အိမ်နှင့် ကျောင်းသို့ဆိုက္ကားနှင့် သွားပါသည်။ မည်သည့်ဆွေမျိုး၊ သူငယ်ချင်းများဆီသို့
လည်းမသွားဘူးပါ။ ဘယ်မှလည်းမသွားတက်မလာတတ်ပါ၊

မြန်မာ့အလင်းသတင်းစာတွင် ၁၂.၁၂.၂ဝ၁၁ ရက်၊ ၁၉.၁၂.၂ဝ၁၁ ရက်နှင့် ကြေးမုံသတင်းစာတွင် ၁၃.၁၂.၂ဝ၁၁ရက်၊ The hot Newes Weekly တွင် ၃ဝ.၁၂.၂ဝ၁၁ နေ့များတွင်ဖော်ပြပြီးအကူအညီ တောင်းခဲ့ပါသည်။ မြေးကလေးမရှိသည်မှာအချိန်ကာလအား ဖြင့်နှစ်လကျော်နေပါပြီ၊ အဖိုး၊ အဖွားနှင့် အဖေ၊ အမေတို့ပူဆွေး၊ သောကရောက်နေကြပါသည်။ ဗြဟ္မစိုရ်တရားရှေးရှု၍ကူညီ ပေးကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်
မောင်ဝေယံထွဋ်၏အဘိုး ဦးကျော်ဟိုး
(အိမ်) ဝ၁-၅၅၃၆၉၂
ဝ၉-၅ဝ၃ဝ၁၉၃
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ