Feb 3, 2012
ဒေါ်စု မန္တလေး ခရီးစဉ် ဘာကြောင့်ပျက်
ယခုလ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်း ၉ နာရီတွင် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်၌
မန္တလေးသို့  ကြိုတင်သွားရောက်ရန်ပြင်ဆင်လျှက်ရှိသော NLD သဘာပတိ အဖွဲ့ ဝင် ဦးဝင်းတင် ဆီသို့ မန္တလေး ခရီးစဉ်ဖျက်သိမ်းလိုက်ကြောင်း ဖုန်း ဝင်ရောက်လာပြီးနောက်
ဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးသို့ ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်တွင် သွားရောက်မည့် 
ခရီးစဉ်အား ပယ်ဖျက်လိုက်ကြောင်း သတင်းအတည်ပြုထွက်ပေါ်လာခဲ့သည်။
အဆိုပါသတင်းထွက်ပေါ်လာပြီးနောက် အများက ထင်မြင်ချက်ပြုသည်မှာ လက်ရှိအစိုးရက
တားမြစ်သလိုလို ပိတ်ပင်သလိုလို ပြည်ခိုင်ဖြိုး(ကြံ/ဖွံ့ )ပါတီ၏ စနက်လိုလို နှင့် သတင်းများ
ထွက်ရှိလာခဲ့ပါတော့သည်။
ယင်းသတင်းမှားများ မည်က ထွက်ရှိလာသနည်း။မပြောလိုတော့ပါ။
" ရွှေသမင် ဘယ်ကထွက် ... မင်းကြီးတာက ထွက် " ဟူသော စကားပုံကိုသာ ရွှတ်ဆိုပြလိုက်ပါတော့မည်။
လက်တွေ့ ဖြစ်စဉ်အမှန်မှာ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်၏ ပြောကြားချက်အရ
" စည်းရုံးရေး အတွက် ကွင်းငှားရတာ အဆင်မပြေဖြစ်နေပါတယ် ။ ဒါကြောင့် လောလော
  ဆယ် ခဏ ရွှေ့ လိုက်ရတာပါ ။ ကျန်တဲ့ ခရီးစဉ်အတွက် ဘာမှ အပြောင်းအလဲ မရှိပါဘူး "
လို့ ပြောကြားသွားပါတယ် ။
ထိုအခါ သတင်းများထွက်ပေါ်လာပါသည်။
မြို့ တော်ဝန် နှင့် အစိုးရ က လူထုကြီးမားမှာကို စိုးရိမ်သောကြောင့် ခွင့်မပြုပဲ အရူးကွက်နင်း
သည်ဟု လည်းကောင်း ဘောလုံးဥက္ကဌ ဦးဇော်ဇော်က ဗထူးကွင်း ကို မငှားရမ်းသောကြောင့်
ဟု အကြောင်းပြချက်များ တတ်လာပါသည်။
(၁) လက်ရှိအစိုးရသည် ဒေါ်စုထက်အရေးကြီးသော / တန်ဖိုးရှိသော နိုင်ငံရေးရာများကို
     ကိုင်တွယ်ဖြေရှင်းနေရပါသည် ။ဒေါ်စု ဘာလုပ်သည် ဘယ်သွားသည် ဘာစားသည်
     ဘယ်နေရာ၌ အလေးအပင်သွားသည် လိုက်ကြည့်ရန် အချိန်မရှိ ။သူမထက် အရေးကြီး
     ပြီး လက်တလောနှင့်အနာဂတ်အတွက် အသည်းအသန် ကြိုးစား လုပ်ဆောင်နေရသော
     သံတမန်ရေးရာ စီးပွါးရေးရာ နှင့် ပညာရေး ဆက်သွယ်ရေး လမ်းတံတား ပို့ဆောင်ရေး
      ကဏ္ဍများ အား အချိန်ပြည့် လုပ်ဆောင်နေရပါသည် ။ ဒေါ်စု အား နေရာတကာ လိုက်
    ကြည့်ရအောင် ဒေါ်စုသည် ဖေဖေပြောသမျှ နားထောင်သော ကလေးလည်းမဟုတ်
    မလှုပ်မရှားနိုင် သေခါနီး သေးမနိုင်ချီးမနိုင် လူမမာလည်းမဟုတ် ။အကယ်၍ 
    ထိုသို့ ဖြစ်ခဲ့လျှင်လည်း ဒေါင်းရုပ်ကနုတ်ထိုးထားသော သေးအိုးဖြင့် သေးတည်ပေးမည့် 
    ချီးတည်ပေးမည့်သူများရှိပြီးသား ဖြစ်၍ အရေးစိုက်စရာမလိုပေ။
(၂) ပြည်ခိုင်ဖြိုး(ကြံ/ဖွံ့ ) စနက်ဟု ဆိုရအောင်လည်း လိုအပ်နေသည့်အမတ်နေရာမှာ ၄၈ နေ
     ရာ သာဖြစ်သည် ။ NLD ကအကုန်ရပါစေဦး ။ အမတ်စာရင်း အပြတ်သတ် ကွာခြားနေပါ
     သေးသည်။
     နှူတ်ခမ်းမွှေး မြင်တိုင်း အဖေ ခေါ်တတ်သော အကျင့်များ ပြင်သင့်ပြီ
(၃) အကယ်၍ ဦးဇော်ဇော်က ဗထူးကွင်းမငှား ဟုသော သတင်းမှန်ခဲ့ပါက
     ဒေါ်စု လာမည် ၊ ဤကွင်း၌ လုပ်မည် ၊ ဟုဆိုရုံမျှဖြင့် အဆင်ပြေစေရန် ရည်ရွှယ်ထားသည်
     ဆိုပါက ဒေါ်စု သည် ဘုရင်လော မိဘုရားလော သက်ဦးဆံပိုင်အကျင့်လော
     အတိုက်အခံနှင့် NLD များကိုယ်တိုင်ပြောနေသော အာဏာရှင် စနစ်လော ။ပြန်လည်မေး
     ခွန်းထုတ်လိုပါသည်။ဆင်သွားတိုင်း လမ်းဖြစ်သည် ဟု ထင်နေသလော ။
     ဒေါ်စုသည် ဆင်လည်းမဟုတ် ၊ ဆင်ဆိုပါကလည်း တောင်ကြီးမီးပုံပျံပွဲ မနက်ပိုင်းလွှတ်
     သော မီးပုံပျံဆင်ရုပ်သာ ဖြစ်ပေလိမ့်မည် ။ လမ်းတော့ဖြစ်မည်မဟုတ် ။ လေနှင်ရာလွှင့်၍
     မီးစာကုန်လျှင် ပြုတ်ကျလိမ့်မည်။
     ဒေါင်းတွန်လို့ မိုးမလင်းပါ ဆောင်းပါး ကို ဖတ်ကြည့်စေလိုသည် ။
     ဒေါ်စု လုပ်ချင်တိုင်း ဖြစ်စေရန် ဒေါ်စု သည် မည်သည့် နေရာမှာ ရောက်နေပါသနည်း
     ဦးဇော်ဇော်၌ အပြစ်မရှိ ။ အပြစ်ဆိုသူတို့၏ ယုတ္တိမတန်သော ပေါကြောင်ကြောင်
     ဦးဏှောက်တို့ အား ကွန်မြူနစ် များလို့ ဦးဏှောက်ဆေးပစ်ဖို့ ကောင်း၏
     နင်မဟုတ်ရင် နင့်အဖေပဲ ဆိုသည့် စိတ်ဓါတ်များ မရှိသင့်တော့ပေ
ဘာလုပ်လုပ် ဘာဖြစ်ဖြစ် အစိုးရကိုသာ အပုတ်ချမည် ဆိုသောသူများအား ဤသို့ေ-ာက်ရှက်ခွဲမည်
အို...ထိုသို့ ယုတ္တိမတန်ရာတွေး အဖြစ်မရှိသည်များအော်ဟစ် နေသော အသင် လူမိုက်တစုတို့ 
လောကကို အမြင်ဖြန့်ကြည့်ကုန် ။ ဘောင်ခတ်ကြည့်သော သင်တို့ အတွေးများ ဆေးကြောကြ
ကုန်။ထိုသူတို့ ပြောသော စကားများအား ယုံစားမိယောင် ဖြစ်နေသော မြန်မာပြည်သူတို့ 
နက်နက်နဲနဲ စဉ်းစားကြကုန်။
ထိုသို့ သော သူများ ဝန်းရံနေသော စက်ဝန်းသည်လည်း
မည်မျှဝိုင်းစက်နေပါမည်နည်း။အကယ်၍ ဝိုင်းစက်နေစေကာမူ မည်သည့်အရာနှင့်မျှ ဆပ်စပ်၍
မရသော အပိုစက်ဝိုင်းကြီးသာ ဖြစ်နေပေတော့မည်။ထိုသို့ ဖြစ်နေသော အပိုစက်ဝန်းကြီး
အတွက် ခဲဖျက်တတုံးသာ လိုပါပေသည်။
့http://www.mgkyautkhae.blogspot.com
Print Friendly and PDF
9 ယောက် ဆွေးနွေးခဲ့တယ်:
Anonymous said...
မင်းတို့ကိုခွေးသားလို့ပြောခဲ့အုံးမည်
Anonymous said...
he',he'e' ,he'e'e'e'e'
Min Naing said...
မောင်ကျောက်ခဲ ညီလေး အန်တီစုကိုတချိန်လုံး ကဲ့ရဲ့တိုက်ခိုက်နေတာ
ဒီတစ်ခါတော့ ညီလေးရိုက်ချက်ပညာသားပါသွားပြီ။အခုလိုထောက်ပြတာကို
ကြိုဆိုပါတယ်ဗျာ။လက်ခံပါတယ်။
Maung said...
ဆရာ မောင်ကျောက်ခဲ ခင်ဗျာ၊
ဆက်ပြီး ကြိုးစားပါ၊ အားပေးနေတယ်။ ဒေါ်စုကြည်ကတော့ နှစ်ပေါင်း ၃၀ ကျော် မြန်မာမှု နယ်ပယ်နဲ့  ဝေးကွာနေခဲ့ပြီးတဲ့နောက် ယိုသူ မရှက်၊ မြင်သူ ရှက် စရာတွေ လုပ်နေပြီ။ မျက်လုံးပြာ၊ နှာခေါင်းချွန်တွေကို တွေ့ လိုက်တာနဲ့  အာဘွားတွေ ပေးနေပြီ။ ရွှေမန်းတင်မောင်ရဲ့  စကားနဲ့ ပြောရရင်တော့ မခြွေခင်က ကြွေပြီးသား၊ အဆွတ်ခင်က ညွတ်ပြီးသား ဖြစ်နေပြီဗျာ။
ဒေါ်စုကြည်ဟာ လူမျိုးခြား၊ ဘာသာခြားတွေရဲ့  မိစ္ဆာဒိဋ္ဌိ ရင်ခွင် ကာမဂုဏ် ယဇ်ပလ္လင်မှာ သာယာယစ်မူး အချစ်ရူးမကြီး အဖြစ်ကို ရောက်နေတာ မြန်မာ လူမျိုး၊ ဗုဒ္ဓ ဘာသာနဲ့  မြန်မာကို ချစ်မြတ်နိုးသူတိုင်းအတွက်တော့ အသည်းနာ၊ အသားတွေတောင်တုန်နေပါပြီ။
Anonymous said...
အားပေးတယ်ဗျို့..................
Anonymous said...
ဒေါ်စုကိုတိုက်ခိုက်တာလို့ကိုကျောက်ခဲကိုအားပေးတာမဟုတ်ပါဘူး။မတိုက်ခိုက်လဲအားပေးနေမှာပါဗျာ။ဒါပေမယ့်ခုထိကျောင်းသားတပ်မတော်တို့။ကျောင်းသားသမဂ္ဂတို့အော်နေတဲ့ကောင်တွေခုထိနောင်တမရသေးဘူးလားဗျာ။ဒီမိုကရေစီရမှနိုင်ငံကောင်းမယ်ဆိုတာကစနစ်တစ်ခုကိုကြားခံလုပ်ထားတာပါ။အမှန်တကယ်တော့ကျုပ်တို့ခင်ဗျားတို့စိတ်ဓာတ်တွေဖြူဖြူစင်စင်နဲ့ကောင်းကောင်းမွန်မွန်နိုင်ငံအတွက်လုပ်ကြမှရမယ်ဗျ။မဟုတ်လို့ကတော့ တောပဲခိုခို။ထမိန်ပဲခေါင်းမူးခြုံခြုံ။ဘာမှဖြစ်လာမှာမဟုတ်ဘူ။ကျောင်းသားနာမည်ခံပြီးသေခါနီးတောင်သွေးဆာနေတဲ့လူတစ်စုကလဲဗျာ။ဦးနှောက်မရှိဘူးလားမသိဘူ။ခုခေတ်လူငယ်ကျောင်းသားတွေကိုလမ်းမှားပြီးသူတို့လိုပေါက်ကရတွေဖြစ်စေချင်နေလားမသိဘူ။ဦးနှောက်တွေပိုပွင့်လာတဲ့ခုခေတ်လူငယ်တွေသူတို့ကြိုက်တဲ့လမ်းကိုရွေးပါစေဗျာ။ဒီလိုသာဆက်ပြီးလှုံဆော်နေလို့ကတော့8လေးလုံးကြောင့်တိုင်းပြည်ပျက်ပြီးပြီ။နောက်တစ်ချိန်မှာလဲပျက်ဖို့ကိုလုပ်နေအုံးမှာပဲလားဗျာ။ကိုကျောက်ခဲရေ။အဲဒီကောင်တွေကိုတွယ်ပါဗျာ။သူတို့ကိုသူတို့သူရဲကောင်းတွေထင်နေတာ။အရေမရအဖတ်မရနဲ့။မင်းကကောဘာသိလို့လဲမေးရင်ကျုပ်လဲဒီကောင်တွေကိုပြန်မေးချင်တယ်ဗျာ။မင်းတို့ကကောဘာတွေလုပ်ထားဖူးလိ့လဲ။လမ်းထဲမှာပုပ်နေတဲ့ခွေးသေကောင်ပုပ်တောင်မမြှပ်ဖူးတဲ့ကောင်တွေပြောလိုက်ရင်တော့အကြီးကြီးတွေချည်းပဲ။၈လေးလုံးကျောင်းသားများကိုဘောပဲဗျို့--ဦးနှောက်ရောဂါရနေတဲ့ကောင်တွေလို့ပဲမြင်တယ်။
မင်းသခင် said...
ကျောက်ခဲ..မင်းနံမည်မင်းပြန်ကြည့်အုံး..လူတကာခြေနင်းခံကျောက်ခဲကခုလိုမလိုတမာအပုပ်ချပြောနေလို့ပြည်သူတွေလက်ခံမယ်ထင်လား..မျှတအောင်ရေးမယ်ဆိုရင်အာဏာရှင်တွေရဲ့ပြစ်ချက်တွေ၊ယုတ်မာခဲ့တာတွေကိုထောက်ပြအုံးလေ..ခုလိုတဖက်သတ်လူတဦးတယောက်ကိုပဲပြောဆိုတယ်ဆိုတော့မင်းလဲအာဏာရှင်တွေကိုဖားနေတဲ့လူတယောက်ဖြစ်နေပြီ။မျှ၂တ၂ရေးဖို့မင်းခေါင်းထဲမှာစဉ်းကောစဉ်းစားမိရဲ့လား...၀င်လာပြီးဖတ်မိတာမှားပါတယ်ကျောက်ခဲရေ....................
Anonymous said...
မင်းသခင်ရေ
မင်းကရောပြောပါဦး။အာဏာရှင်တွေကဘာတွေများယုတ်မာတာလဲသူများပြောသလို ဂျက်နဲ့လက်နဲ့ရှင်းပြလေ။ အာဏာရှင်တွေဘာဖြစ်သလေးညာဖြစ်သလေးနဲ့မပြောနေနဲ့။နင်တို့လည်းအာဏာရှိကြည့်ပါလား။ဒီထက်တောင်ဆိုးဦးမယ်
Anonymous said...
ကိုကျောက်ခဲ...ခင်ဗျား...ရေးသားတဲ့စာတွေဖတ်ပြီးပါပြီ...ခင်ဗျားက ကောင်းမလိုလိုနဲ့...မလွယ်ပါလား...ခင်ဗျားမှာ မျှတတဲ့အတွေးအခေါ်မရှိဘူးဗျာ ဘာဖြစ်လို့အကောင်းတွေမမြင်နိုင်တာလဲ..ကျွန်တော်နာလို့မဟုတ်ဘူး...။ ခင်ဗျားကလူကြီးဆိုရင်..လူကြီးလူကောင်းမဆန်သူလို့ဘဲ..ကျွန်တော်တော့ ထင်သွားပြီ..နောက်တစ်ခါခင်ဗျားဆိုဒ်ကိုမလာချင်တော့ဘူးဗျာ...။ ခင်ဗျားက ယဉ်ယဉ်ကျေးကျေးစကားတွေသုံးပြီး..မဟုတ်တာရော.ဟုတ် တာရော..ဘက်လိုက်ပြောနေသူဘဲ..။အဲဒီအကျင့်မျိုးတွေမရေးပါနဲ့ဗျာ..။ ကျွန်တော်တကယ်အားပေးမှာပါ..မျှတွေးတဲ့အတွေးတွေကိုရေးပေးပါ..။ ဦးသန်းရွှေကိုလည်းလေးစားတယ်..ကျွန်တော့်ထက်ဘုန်းကံကြီးနေလို့..။ သူလည်းအကောင်းဆုံးလုပ်ခဲ့မှာပါဘဲ...သူအကျိုးစီးပွားအတွက်မလုပ်ခဲ့ တာတွေကိုပြောတာပါ...အကျိုးစီးပွားအတွက်လုပ်ခဲ့တာတွေကို ကျွန်တော် အပြစ်မတင်ပါဘူးဗျာ..။ဒါပေမဲ့လူကြီးလူကောင်း တစ်ယောက်ဟာအခုလိုမျိုးမရေးဘူးထင်တယ်..အတတ်နိုင်ဆုံး..မျှတ အောင်ရေးမှာ..အခုလိုမျိုးတွေ..ကျွန်တော်တို့ပြည်သူလူထုကမကြိုက်ဘူးဗျာ..။ တစ်ခုတော့ပြောမယ်ဗျာ.. ဦးသန်းရွှေ၊ ဦးသိန်းစိန် လာလို့ရှိရင် ကျွန်တော်တို့ပြည်သူလူထုတွေ သူအလိုအလျောက်ထွက်မကြိုဘူး ဗျာ.ဒေါ်စု လာဆိုရင်တော့..ဘယ်သူမှနိုးဆော်စရာမရှိဘူး..ကိုယ်ဘာ သာကိုထွက်ကြိုတယ်ဗျာ..ကျွန်တော်တို့ခင်တယ်ဗျာ.။အသက်ရှည်တို့ဆု တောင်းတယ်ဗျာ..။ဘယ်သူမှမသင်ရပါဘူး...။ဟိုတုန်းကစစ်အစိုးရတုန်းက ဆိုရင်..တစ်အိမ်တစ်ယောက်ထွက်ကြိုရတယ်ဗျာ..။တကယ်ပါ..
နောက်ဆုတောင်းတာတောင်...သူတို့တိုင်ပေးတဲ့အတိုင်းဆုတောင်းရတယ်..။အတင်းအဓမ်မပါဗျာ..။ခေါင်းဆောင်ပိုင်းကြီးတွေက...မခိုင်းခဲ့တာ တောင်.။သူတို့ကို ဖားယားတဲ့လူတွေက လူထုကို နှိပ်စက်ခဲ့တာဗျာ..။ အခုလည်း...ခင်ဗျားလည်း..ဖားယားပြီး..မလုပ်ပါနဲ့...သတင်းအမှန်နဲ့ ခင်ဗျားစိတ်ထဲမှာ..ဘယ်သူမှမတိုက်ခိုက်ဘဲရေးပါ...မကောင်းတဲ့ ဆဲရေးတိုင်းထွာတဲ့စကားလုံးတွေမရေးပါနဲ့ဗျာ..ဒါက ခင်ဗျားအတွက် လည်းမကောင်းဘူး..ဖတ်ရတဲ့အတွက်လည်းကောင်းဘူးဗျာ..။ ခင်ဗျား ဘာသာရေးအသိလေးလည်းရစေချင်တယ်ဗျာ..ကျွန်တော်ဘက်လိုက်ပြော တာမဟုတ်ဘူး..အဖြစ်မှန်တခုကိုပြောတာ..။
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ