Feb 3, 2012

ဘောလုံးကွင်းမငှားရမ်းနိုင်မှူ ဦးဇော်ဇော် ဖြေရှင်းပြ

နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်းက ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD အနေနဲ့လည်း ဘောလုံးအဖွဲ့ချုပ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အစိုးရအထက်အဖွဲ့အစည်းတစ်ခုခုက အထူးကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ်ဆိုရင်တော့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ခွင့်မပြုစရာ အကြောင်းမရှိပါဘူး
”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ဗထူးကွင်းအား ဘောလုံးအဖွဲ့ချုပ်က မငှားဘူး။ ဦးဇော်ဇော်က မငှားဘူးဆိုသည့် သတင်းများထွက်ပေါ်နေသည့် အပေါ်၌လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက စိတ်မကောင်းဖြစ်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။

Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဒေါ်စုဘောကန်ချင်ရင်ကွင်းငှားမယ်ဗျို့။တစ်ခုပဲသတိထားရမှာကနေပူမိုးရွာဖြစ်လို့ကတော့မဖြစ်ဘူးနော်။ကျနော်ငှားမှာကသရေကွင်း-----------ဟိဟိဟိဟိဟိ

Anonymous said...

MAX ဇော်ဇော်ကဌားပေးလိုက်ရင်တော့...စည်းကမ်းမရှိ.တဲ့
NLD ကလူတွေကြောင့်ကွင်းပျက်စီးမှာပါ။ ကျွန်တော်အလုပ်
လုပ်တဲ.ရုံးဘေးမှာ..NLD မြို.နယ်ရုံးရှိ.ပါတယ်။ NLD ပါတီဝင်တွေ
က..ဆေးလိပ်တိုတွေပြစ်တယ်...အမှိုက်တွေကိုစည်းကမ်းမဲ.ပြစ်
တယ်...ကွမ်းတံတွေးများထွေးထားလိုက်တာ..လမ်းပေါ်မှာနီရဲ
နေတာပါဘဲ။ အဆိုးဆုံးကတော.အရက်မူးပြီးညတိုင်းဆူညံနေ
တာပါဘဲ။အိမ်ကညီမလေးတွေတောင်မှာထားရတယ်..ညနေ
ဘက်ဆို NLD ရုံးဘက်ကိုရှောင်သွားပါလို.။သတို.ကမူးပြီးနှမချင်း
မစာနာတာတွေပြောကြတယ်။ ပြန်မပြောရဲဘူးဗျ..ဆဲလွှတ်တယ်။ စစ်အစိုးရခွေးတွေလို.ဆိုပြီး။

Anonymous said...

အကုန်လုံးသိမ်းကျုံးမပြောပါနဲ့ ... ကျွန်တော်ကတော့..ဘယ်အဖွဲ့အစည်း ၀င်မှမဟုတ်ပါဘူး... အပြန်အလှန်တိုက်ခိုက်နေတာတွေရပ်သင့်ပြီ..ဒီစိုးရ ဘယ်ဖြစ်ဖြစ်..ဟိုအစိုးရဘဲဖြစ်ဖြစ်..လူထုကိုအဆင်ပြေအောင်လုပ်ပေး
နိုင်တဲ့အစိုးရဟာ..ကျွန်တော်တို့အပေါ်ကောင်းတဲ့အစိုးရပါ...။ အခုကိစ်စကတော့ ကွင်းမငှားနိုင်တာ စိတ်မကောင်းပါဘူး..။ဦးဇော်ဇော်တို့ဘက်ကွင်းမငှားနိုင်တာ အကြောင်းပြချက်ကောင်းပါတယ်..။ဒါလည်းဖြစ်သင့်တာဘဲ...လူအင်အား အရမ်းများရင်..ကွင်းအရမ်းညစ်ပတ်သွားမယ်..။ ဒါပေမဲ့ ဦးဇော်ဇော် အနေနဲ့..ဒေါ်အောင်ဆန်းစုကြည်ကို ဦးဇော်ဇော်နဲ့တောင်ဗျာဘောပွဲ အတူတူကြည့်ခဲ့ပါသေးတယ်..။ဦးဇော်ဇော်ဆိုတာ သူဋ္ဌေးကြီးပါ.. တိုင်းပြည်ကောင်းကျိုးအတွက်လည်းတဒေါင့်တစ်နေရာကကူညီနေသူကြီးပါ..။ဒေါ်ဆောင်ဆန်းစုကြည်ဆိုလည်းအမျိုးသားခေါင်းဆောင်ပါ..သူလည်း တိုင်းပြည်အတွက်ကြိုးပမ်းနေသူပါ..သူဋ္ဌေးတစ်ယောက်အနေနဲ့.. ဒီကွင်းအနည်းနဲ့အများပျက်စီးမှုကို..တတ်နိုင်ပါတယ်...။ကူညီသင့်ပါတင်ဗျာ..။လူမှုရေးအရရော..နိုင်ငံကောင်းကျိုးအတွက်ရော..မိတ်ဆွေကောင်း အနေနဲ့ပါဗျာ...။သူတို့တခြားနေရာတွေမှာလည်းငွေကုန်ကြေးကျတွေ များနေတာသူတို့လည်းသိပါတယ်...။ ဘယ်သူကြောက်လို့/ဘယ်ဝါ
ကြောက်လို့..ကွင်းမငှားရင်တော့...အဲဒီလူဟာအနစ်နာခံဆောင်ရွက်သူ မဟုတ်ပါဘူး..ကိုယ်ကျိုးစီးပွားအတွက်ဆောင်ရွက်သူလို့ဘဲပြောရမှာပါ..။ ကဲဗျာနောက်ဆုံးပြောမယ် ဦးဇော်ဇော်...ကိုယ်စိတ်ကို ကိုယ်ပြန်စစ်ဆေး ပါဗျာ..နိုင်ငံကိုတကယ်ကောင်းစေချင်တာလား...အားကစားလောကကိုကမ်ဘာနဲ့ရင်ဘောင်တန်း စေချင်တာလား...ပြန်စမ်းစစ်ပါဗျာ...။ ဒါမကောင်းပြောတာမဟုတ်ပါ ဘူးနော်...ကိုယ်ကိုအသိဆုံးပါ...။ ကျွန်တော်ကတော့ ကွင်းကို ငှားစေ ချင်ခဲ့ပါတယ်...။ အခုကိစ်စကလည်း ကောင်းပါတယ် ဒီမိုကရေစီစစ်ပါတယ်
ကိုယ်ဆန်ဒကိုယ်ဖော်ထုတ်တာ...မငှားနိုင်..မငှားတာကိုပေါ့..။

Anonymous said...

မင်းက ဘယ်ဘက်ကမှသာ မဟုတ်ဘူးလို့ပြောတယ်... ငှားသင့်ပါတယ်တဲ့...ရီရတယ်...ကွိကွိ..ကွိ...

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ