Oct 25, 2012

ပြည်တွင်းရှိ အဆင့်မြင့်နည်းပညာ တက္ကသိုလ်နှစ်ခုတွင် အင်တာနက် အခမဲ့ သုံးခွင့်ပြုမည်

ဒီဇင်ဘာလအတွင်း စတင်ဖွင့်လှစ်သွားမည့် အဆင့်မြင့် နည်းပညာ တက္ကသိုလ်နှစ်ခုတွင် ကျောင်းသား၊ ကျောင်းသူများ အတွက် အင်တာနက် အခမဲ့ အသုံးပြုခွင့်နှင့် အတူ ဝန်ဆောင်မှုကောင်းများ ပေးအပ်သွားရန် ရှိသည်ဟု သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ 

တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ အနည်းဆုံး သတ်မှတ်ကာ ဝင်ခွင့်ခေါ်ယူခဲ့သည့်အပြင် တက္ကသိုလ်နှစ်ခုပေါင်းမှ ကျောင်းသား ၅၀၀ သာရှိသည့်အတွက် ထိုကဲ့သို့ ဝန်ဆောင်မှုကောင်းများ ပေးအပ်ရခြင်းဖြစ်သည်ဟု ၄င်းကဆက်လက် ပြောသည်။ “အပြင်ကုမ္ပဏီတွေကလည်း ပံ့ပိုးပေးဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိနေတယ်” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အထက်ပါအရာရှိက ပြောသည်။ 

တက်ရောက်သင်ကြားမည့် ကျောင်းသားများအတွက် စွမ်းရည်မြင့် သင်ကြားရေး ဆရာ၊ ဆရာမများအပြင် ပြည့်စုံသည့် လက်တွေ့စမ်းသပ်ခန်းများ စီစဉ်ထားရှိပြီး ဖြစ်ကြောင်း နိုင်ငံခြားဧည့် ပါမောက္ခတို့ကိုပါ ခေါ်ယူခန့်ထားရန် ဆွေးနွေးနေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ တက်ရောက်သင်ကြားမည့် ကျောင်းသားများကို ဝန်ဆောင်မှုကောင်းများအပြင် လက်ရှိ ရှိထားသော အဆောင်အနေအထားများကို ကြည့်ကာ အဆောင်ပေးသွားရန် တာဝန်ရှိသူတို့က စဉ်းစားနေကြောင်းလည်း အထက်ပါအရာရှိက ထပ်လောင်းဆိုသည်။

 ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စိစစ်ရွေးချယ်ရေးအဖွဲ့ စာရင်းအရ ရန်ကုန်အဆင့်မြင့် နည်းပညာတက္ကသိုလ်အတွက် ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် မန္တလေး အဆင့်မြင့်နည်းပညာ တက္ကသိုလ်အတွက် ရမှတ် ကျား ၄၈၅၊ မ ၄၉၇ မှတ်ရှိသည်။ ယင်းအမှတ်သည် ဆေးတက္ကသိုလ်နှင့် ရေကြောင်းတက္ကသိုလ်တို့ထက် အမှတ်မြင့်ကြောင်း သိရှိထားပါသည်။
  
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ