Oct 25, 2012

ပညာရေး အသုံးစရိတ် ထပ်မံ တိုးမြှင့်မည် ဟု သမ္မတကြီး ပြောကြား


ပညာရေး ကဏ္ဍတွင် အသုံးစရိတ် များ ထပ်မံ တိုးမြှင့် ပေးရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်း မီဒီယာ များ နှင့် တွေ့ဆုံ ခဲ့သည့် ပထမဆုံး သတင်းစာ ရှင်းလင်း ပွဲတွင် နိုင်ငံတော် သမ္မ္မတ ဦးသိန်းစိန် က The Voice Weekly သို့ ပြောကြား သည်။ "အဲဒါ အပြင် ပြည်ပ ကနေ အကူအညီ တွေ Grant ရန်ပုံငွေ တွေ သက်သာတဲ့ ချေးငွေတွေ Loan တွေ ဒါတွေ လည်း တောင်းဆို ထားတာ တွေ ရှိပါတယ်"ဟု ပညာရေး နှင့် ကျန်းမာရေး အသုံးစရိတ် အတွက် တိုးမြှင့် ဆောင်ရွက် ခဲ့သည် များကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ထပ်လောင်း ပြောကြား ခဲ့သည်။ ပညာရေး ပြုပြင် ပြောင်းလဲ မှုများ စတင်မည် ဆိုပါက ငွေကြေး သုံးစွဲမှု များ ထပ်မံ တိုးမြှင့်ရန် လိုအပ် ကြောင်း၊ လက်ရှိ တိုးမြှင့်ထားသည့် အသုံးစရိတ် နှစ်ဆ မှာ လက်တွေ့ အသုံးပြု ပါက မလုံလောက် နိုင်ကြောင်း ပြည်တွင်း ပညာရေး လောက စောင့်ကြည့် လေ့လာသူ များက အကြံ ပြုသည်။ အဆင့်မြင့် ပညာရေး ကဏ္ဍ အတွက်လည်း ဂျွန်ဟော့ကင်း တက္ကသိုလ်ခွဲ ကို မြန်မာနိုင်ငံ တွင် လာရောက် ဖွင့်လှစ်နိုင် ရန် အဆိုပါ တက္ကသိုလ် မှ ဒုတိယ ဥက္ကဌ မစ္စတာ ရိုက်စ် နှင့် တွေ့ဆုံ ကာ ဆွေးနွေး ညှိနှိုင်း ပြီးခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။ မြန်မာနိုင်ငံ တွင် တိုင်း ဒေသကြီး နှင့် ပြည်နယ်အလိုက် စာတတ်မြောက် မှု နှုန်းသည် ၂၀၁၂ ခုနှစ် က ရရှိ သည့် အချက်အလက် များ အရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် ၅၅ ဒသမ ၉၀ ရာခိုင်နှုန်း နှင့် အနည်း ဆုံး ဖြစ်ပြီး ၊ မကွေးတိုင်း ဒေသကြီး သည် ၉၉ ဒသမ ၉၀ ရာခိုင်နှုန်း နှင့် အမြင့်ဆုံး ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာန က ထုတ်ပြန်ခဲ့သည် ။
(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ