Oct 24, 2012

အမျိုးသမီးများ လိင်ဆက်ဆံစဉ် ဆီးသွားခြင်း

ပုံမှန် အားဖြင့်တော့ အမျိုးသား များဟာ လိင်ဆက်ဆံ နေစဉ် ဆီး မသွားကြပါဘူး။ ဘာကြောင့်လဲဆို တော့ ဆီးအိမ်ပေါက်ဝကို ပိတ်ဆို့ ပေးထားတဲ့ အဆို့ရှင်ရှိလို့ပါပဲ။ ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ကို လည်း ဆီးလမ်းကြောင်းအတိုင်း စီး ဆင်းစေပြီး ဆီးအိမ်ဘက်သို့ စီးဆင်း မသွားအောင်၊ ဆီးနှင့်သုက်ရည် ရောနှောမသွားအောင် ကာကွယ်ပေး ပါတယ်။ အမျိုးသမီးတွေမှာတော့ ထိုကဲ့သို့အဆို့ရှင်မျိုး မရှိပါဘူး။ အမျိုးသမီးများအတွက်ကတော့ လိင် ဆက်ဆံနေစဉ် ဆီးသွားဖို့ ဖြစ်နိုင်ပါ တယ်။ ဆီးအိမ်ဟာ တင်ပါးဆုံရိုး ကွင်းထဲမှာ ရှိနေပါတယ်။

အမျိုးသမီး တွေရဲ့ဆီးအိမ်ဟာ အသက်ကြီးလာ တာနဲ့အမျှ ဆီးထိန်းနိုင်စွမ်းလျော့ နည်းလာတာကြောင့် လိင်ဆက်ဆံစဉ် ဆီးထွက်နိုင်ခြေ ပိုများသွားပါ တယ်။ အားနည်းလာတဲ့ တင်ပါးဆုံရိုး ကွင်ြးွကက်သားတွေဟာ ဆီးအိမ်ကို လျော့ရဲသွားစေပြီး ဆီးလမ်းကြောင်း ပေါက်ဝကို ပိုကျယ်သွားစေတာကြောင့် ဆီးထွက်လာခြင်းဖြစ်ပါတယ်။ ဒါ့ အပြင် မိန်းမကိုယ်ရဲ့အတွင်းနံရံရှိ G spot နေရာမှာရှိတဲ့ လိင်ဆန္ဒပြီး မြောက်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေ သော အာရုံကြောအစုအဝေးဟာ ဆီးအိမ်ရဲ့ လည်ပင်းနားမှာ တည်ရှိ နေပါတယ်။ ဒါ့ကြောင့် တုံ့ပြန်မှုလွယ် တဲ့ဆီးအိမ်ရှိတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံနေစဉ် ဆီးသွားချင်တဲ့ စိတ် ပိုမိုဖြစ်ပေါ်တတ်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ ဆရာဝန် သို့မဟုတ် လိင်ဆက်ဆံ ဖော်တို့အား ဆွေးနွေးတိုင်ပင်ခြင်းပါပဲ။
(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ