Oct 22, 2012

ကချင်သူပုန်(KIA/KIO) လိမ်တာတွေကို ဖွင့်ချုပြီ

မနှစ်က ၂၀၁၁ အတွင်းမှာ မြန်မာစစ်တပ်က ဓါတုလက်နက်နဲ့တိုက်ခိုက်လို့ ကချင်သူပုန်တွေအော်ခဲ့ဖူးတာ
မီးသတ်သမားမျက်နှာဖုံးတွေကို တရုတ်ဈေးကနေ တစ်ခု ယွမ် ၁၂၀ ပေးဝယ်ပြီးတပ်ပြခဲ့ဖူးတာ လူတိုင်းမှတ်မိကြမယ်ထင်ပါတယ် ။ 
မြန်မာတပ်မတော်သားတစ်ဥိး တောထဲတွင်အီးပေါက်ခဲ့သဖြင့်ကေအိုင်အေသူပုန်များ မျက်နှာဖုံးများတပ်သွားလာခဲ့
 လက်နက်ကြီးကျည်များတဝုန်းဝုန်းကျကွဲခဲ့ပြီးမြေများတုန်ကာ ဘန်ကာများပြိုကျသည့်မြင်ကွင်းများ၊နှင့် တိုက်ပွဲကြီးအတွေ့ကြူံမရှိသည့် ကေအိုင်အေသူပူန်များသည် ယမ်းငွေ့များရူပြီး မူးမေ့လဲကျခဲ့ကြသည်ကို နိုင်ငံတကာအား မြန်မာတပ်မတော်မှ ဓါတုလက်နက်အသုံးပြုသည်ဟု မျက်ကလူးဆန်ပြာအော်ခဲ့ကြတယ်။
ထိုစဉ်က မြန်မာတပ်မတော်အနေဖြင့် ဓါတုလက်နက်များမသုံးခဲ့ကြောင်း ကေအိုင်အေသာ ဗဟုသုတ မရှိ
သွေးလန့်ခြင်းကြောင်း မူးမေ့လဲကျခဲ့ကြောင်း ရှင်းပြခဲ့ပါသေးသည် ။ဒီနေရာ ( http://www.mgkyautkhae.com/2011/11/blog-post_29.html ) မှာ ပြန်လည်ကြည့်ရှူနိုင်ပါသည် ။ 

အီရန်သတင်းတွေလိုက်ဖတ်နေရင်းနဲ့ ဘာသွားတွေ့သလဲဆိုတော့
http://www.forusa.org/   မှာ Iran delegation report ကိုဖတ်ခဲ့ရတယ်။အဲဒီမှာ အီရန်/အီရတ်စစ်ပွဲကာလ မှာ ဓါတုလက်နက်ရဲ့ အဆိပ်မိထားတဲ့ လူငယ်တစ်ယောက်ရဲ့ ပုံကိုသွားတွေ့ပါတယ်။
မူရင်းဆိုဒ်က ဓါတ်ပုံ
တစ်ဆက်တည်းမှာပဲ  ကေအိုင်အေက www.kachinboy.blogspot.com ကနေပြီး မြန်မာစစ်တပ်က သူတို့ကိုဓါတုလက်နက်နဲ့ တိုက်ပါတယ်ဆိုပြီး အဲဒီပုံကို ယူသုံးကာ ကမ္ဘာကို လိမ်ညာခဲ့ပါတယ် ။ပို့စ်တင်ထားတဲ့ ရက်စွဲများကို ကြည့်ပါ။

     ဒီမှာတော့ မူရင်းဆိုဒ်နဲ့ ကချင်သူပုန်တပ်မတော်ကြီးဘယ်လိုလိမ်သလဲဆိုတာ နိုင်းယှဉ်ကြည့်ပါ

ကေအိုင်အေဟာ လူလိမ်တွေပါ
     
ကချင်သူပုန်တပ်ဖွဲ့ကြီးဟာသတင်းလိမ်များထုတ်လွှင့်ဖို့အတွက် ဗဟိုဌာနချုပ် ကွန်ပျုတာဌာနမှ အရာရှိ အယောက် ၂၀ ကိုတာဝန်ပေးပြီးခိုင်းစေခဲ့ပါတယ် ။သူတို့ဟာ တနေ့ကို ၃ သုတ်ခွဲထားပြီး အွန်လိုင်းများပေါ်မှာ သတင်းဖြန့်ချီရေး လုပ်ရပါတယ် ။များသောအားဖြင့် မြန်မာ့တပ်မတော်အား ကချင်သူပုန်မှတိုက်ခိုက်သဖြင့်အကျအဆုံးများကြောင်း ကချင်သူပုန်ကေအိုင်အေ သတ်သဖြင့်သေသော ပြည်သူများကို မြန်မာစစ်တပ်က သတ်တာပါဆိုပြီး လိမ်ရတဲ့အလုပ်ကို လုပ်ရပါတယ် ။ပြီးတော့ အထက်မှာဖော်ပြပြီးသလို ပုံတွေလျှောက်တင်ပြိး မြန်မာစစ်တပ်ကို အပုတ်ချခဲ့ပါတယ် ။

မနက်စောစောထပြီး လိမ်နေတဲ့ ကချင်သူပုန်အရာရှိ ၃ဦးကို ဖိုတိုရှော့အသုံးပြုပြီး လိမ်နေကြောင်း တွေ့ရှိရစဉ်
ကေအိုင်အေ ဟာ စစ်ရှောင်ပြည်သူတွေကို မြန်မာတပ်မတော်ရဲ့ လက်အောက်ကျရောက်ခဲ့တဲ့နေရာတွေကို
ထွက်ခွါခွင့်မပေးခဲ့ပါဘူး ။ စစ်ဘေးဒုက္ခသည်တွေကို လိုင်ဇာ မြို့ ပတ်ပတ်လည်မှာ စခန်းတွေဆောက်ထားပေးခဲ့ပြီး မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးရန်ကို ကာကွယ်ဖို့ လူသားတံတိုင်းခံစစ်အနေနဲ့အသုံးချခဲ့ပါတယ် ။အနည်းအကျဉ်းကိုတော့ တရုတ်ပြည်ဘက်ကို ပို့ပါတယ် ။တရုတ်နိုင်ငံက ရေရှည်မှာ လက်မခံတာကို ကြိုမြင်ထားတဲ့အတွက်ဖြစ်ပါတယ် ။ဒါမှ ဒုက္ခသည်တွေနဲ့လုပ်စားလို့ကောင်းမှာပါ ။အခုဆိုရင် သမ္မတဦးသိန်းစိန်ရဲ့ထိုးစစ်ရပ် အမိန့်နဲ့ ခံစစ်အသွင်ပြောင်းယူခဲ့ရတဲ့ စစ်တပ်ဟာလည်း ယခုအနေအထားအတိုင်းမှာတင် ကေအိုင်အေ ရဲ့နောက်ဆုံးခံစစ်စည်းဖြစ်တဲ့ လိုင်ဇာကို သိမ်းမဲ့ တိုက်ပွဲတစ်ပွဲသာကျန်ပါတော့တယ် ။ဒီအချိန်မှာကေအိုင်အေ ဟာ အစိုးရတပ်တွေ ထိုးစစ်တွေမရပ်သေးဘူး တစ်ဖက်ကလှည့်အော်ဖို့အတွက်
စခန်းထဲမှာ ရှိနေတဲံ့ မြန်မာစစ်တပ်တွေကို ချောင်းမြောင်းပစ်ခတ်ပါတယ် ။တစ်ဖက်ကလည်း မြန်မာတပ်မတော်သားတွေ ကို သိက္ခာချတဲ့သဘောနဲ့ အရပ်သားတွေ ကျောင်းသားတွေယောင်ဆောင်ပြီး ချောင်းပစ်ကြပါတယ် ။တကယ်လို့ စစ်တပ်အနေနဲ့ ပြန်ပစ်ခဲ့ရင်တောင် အရပ်သားတွေကျောင်းသားတွေကိုပစ်ပါတယ်ဆိုပြီး ထအော်ကာ နိုင်ငံရေး သိက္ခာချတဲ့ အကွက်တွေခင်းလာပါတယ် ။တစ်ဖက်ကလည်း ဥိးသိန်းစိန်သာ စိတ်ပြောင်းသွားရင်ဆိုပြီး ငါတို့လိုင်ဇာတော့ ကျပြီဟဲ့လို့တွေးကာ ကေအိုင်အေ ထိပ်ပိုင်းခေါင်းဆောင်မိသားစုဝင်တွေကို ဒုက္ခသည်ဆိုပြီးစာရင်းပြကာတစ်မျိုး မှောင်ခိုလမ်းကတသွယ် ဂျပန်ကိုထွက်ပြေးကုန်ပါတော့တယ် ။


 ဒါကတော့ လိုင်ဇာဌာနချုပ် ကေအိုင်အေ စစ်ဌာနချုပ်အတွင်းပိုင်းမှာစုစည်းထားတဲ့ ကျောက်စိမ်းတုံးအချောထည်တွေဖြစ်ပါတယ် ။ဒီကျောက်စိမ်းတွေနဲ့ပဲ လက်နက်စက်ရုံကို ဖြည့်တင်းပြီး ကေအိုင်အို လူကြိးပိုင်းတွေအတွက် ဂျပန်ပြည်မှာ ဒုက္ခသည် လက်မှတ်ရဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
 ကေအိုင်အေက မီဒီယာကိုသာ အားထားလို့ မြန်မာပြည်သူအပေါင်းနဲ့ ကမ္ဘာကို လိမ်ခဲ့ပါတယ် ။မြန်မာပြည်
တွင်း ပြည်ပ မီဒီယာများကလည်း ကေအိုင်အေဘက်ကိုသာ အလေးပေးရေးခဲ့ကြပါတယ် ။မည်သည့် သတင်းထောက်မှ ကချင်ပြည်နယ်လာလျှင် မြစ်ကြီးနားကိုမကျော်ရဲပါဘူး ။

 
ဒီအတွက်ကေအိုင်အေ ပြောသမျှကိုသာရေးကြပါတော့တယ် ။ဘာကြောင့်ပါလဲ ။သေမှာကြောက်လို့ဖြစ်ပါတယ် ။ ပြည်သူအတွက်လို့အော်နေတဲ့ သတင်းထောက်များ ဂျာနယ်များဟာလည်း သေမှာကြောက်ပါတယ် ။အစိုးရမကောင်းကြောင်းသာရေးပြီး လူတတ်လိုလိုလုပ်နေတဲ့ ပါပါရာဇီ အဆင့်ရှိ မြန်မာ့သတင်းထောက်များဖြစ်ပါတယ် ။
အခုဆိုရင် မြန်မာပြည်တွင်းမီဒီယာတွေက ကေအိုင်အေကိုဇောင်းပေးပြီး ဖော်ပြနေပေမယ့် ကေအိုင်အေနဲ့ကေအိုင်အို အခုလိုလိမ်နေတာကို မသိချင်ယောင်ဆောင်နေပါတယ် ။သတင်းထောက်များအကြား ကြားရတဲ့ ကောလဟာလတစ်ခုကတော့ ကချင်ပြည်နယ်သာခွဲထွက်ခွင့်ရခဲ့ရင် ကေအိုင်အေ ဘက်က ရေးသားခဲ့သော ဂျာနယ်များအတွက် ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်ခွင့်ကို ၁၅ နှစ်တိတိ စိတ်ကြိုက်တူးဖော်ခွင့်ပေးအပ်မည်လို့ မြန်မာ့ဂျာနယ်လောက မှာ ပျံနှံနေပါတယ် ။အဲဒါကြောင့်များ မြန်မာမီဒီယာဂျာနယ်တွေဟာ အစိုးရအဖွဲ့ကို
ကေအိုင်အေနဲ့ပေါင်းလို့ ဝိုင်းကြပ်နေပါတော့တယ် ။

(မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________________ 
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မီဒီယာ ဆိုတာ တိုင်းပြည်တစ်ခုအတွက် လွန်စွာမှ အရေးပါပါတယ်။ အစွမ်းထက်တဲ့ လက်နက်တစ်ခု လို့ ပြောလို့ရတယ်။ မီဒီယာ အလုပ်လုပ်နေတဲ့ လူတွေက ဆောက်သုံးမကျပဲ လိပ်လို ကိုယ့်ဘက် ကိုယ်ယက် နေရင်တော့ တိုင်းပြည်နဲ့ လူမျိုး အညွန့်တုန်းမှာ သေချာတယ်။ ကချင်ပြည်နယ် နဲ့ ကချင်ပြည်နယ်မှာနေတဲ့ ကချင်ပြည်သူလူထုကို ဘာအကျိုးမှ မပြုပဲ ဖျက်ဆီးနေတဲ့ KIAတွေ အမြန်ဆုံး ကျရှူံး ပျောက်ကွယ်ပါစေ။

ုကိုစန်း said...

အလကားမီဒီယာတွေပါခေတ်စကားနဲ့ပြောရရင်တော့(အာဝါဒေး)ပေါ့ အာ မယ် ၀ါး မယ် ဒါလောက်ပဲသိတာပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ