Nov 8, 2011

အမေစုကို တကယ်ချစ်ပါတယ်..တကယ်ပါလေးစားပါတယ်.ဒါကြောင့်

တကယ်ပါ--အမေစု ကို တကယ်လေးစားတယ်
တကယ်ပါ--အမေစု ဟာ သားတို့အတွက် မျှော်လင့်ချက်ပါ
တကယ်ပါ--အမေစု ဟာ သားတို့ရဲ့  အနာဂတ်ပါ($ လေ -ဒါတွေအမေ သိအောင် ဘယ်လိုပြောပါ့မလဲ)
အမေစု ပေးတဲ့လမ်းအတိုင်း သားတို့ လျှောက်ခဲ့ပြီးပြီ အမေ..။
အမေ့ရဲ့မြေးတွေ နိုင်ငံတကာနဲ့အညီ ဘွတ်တွတ်ရွှတ်တွတ် ပြောတတ်နေပြီ အမေ..
ဗမာစကားကလွှဲရင်ပေါ့အမေရယ်...။
အမေမြေးတွေ ဆိုင်ကြီးတွေမှာ ဇွန်းခက်ရင်း နဲ့ တူတွေကိုင်ပြီး စတိုင်ကျကျ ထိုင်စားနေတတ်ပြီ အမေ...။ငါးပိနံတော့သိပ် မခံနိုင်ဘူးပေါ့အမေရယ်...။
အမေ့မြေးသားမက်တွေကလည်းကောင်းရှာပါတယ်..(အမေ့မြေးမလေးပြောပြချက်အရပေါ့နော်..ဘာကောင်းတာလည်း သားမမေးမိဘူးအမေရယ်)
သူတို့အိမ်ထောင်ဘက်လေးတွေလည်း ဘ၀တူဒုက္ခသည် ခေါင်းစည်းလေးတွေပါပဲအမေ..။တခုတော့ရှိတာပေါ့အမေရယ်..အမေ့မြေးသမက်တွေက
မြန်မာနိုင်ငံသားလေးမဟုတ်တာပဲရှိတယ်)
အော်..အမေ့မြစ်လေးတွေလား..သူတို့လည်း သိတတ်ကြပါတယ်...မုန့်ဖို့းလိုရင် သားတို့ကတော့ ဆိုင်းဘုတ်လေး
ပေးကိုင်ခိုင်းပြီး သံရုံးတကာရှေ့လည်းခိုင်းလိုက်တာပါပဲအမေရယ်..။
သားတို့လား..မပူပါနဲံအမေရယ်..။
ဒီနိုင်ငံက ဆူရှီဈေးကွက်ကို သားတို့ချူပ်ကိုင်ထားပါတယ်အမေ..။
သားတို့လေ အမေ့သတင်း အမြဲစောင့်နားထောင်နေရတာ ရင်တထိတ်ထိတ်ပါပဲအမေရယ်..(မျောက်ပြဆန်တောင်းနေရတဲ့ဘဝကို အမေနားလည်တယ်-ဟုတ်)
ဒါနဲ့အမေ ပါတီမှတ်ပုံတင်မလို့ ဆို။မလုပ်ပါနဲ့ အမေရယ်..။
(ထသွားမှ ကျိုးနေမှန်း လူသိနေပါ့မယ်အမေရယ်နော်..အမေတခုခုဖြစ်ရင် သားတို့ စားခွက်ပျောက်ပြီ)
အမေကိုတော့ ပူတာက ပူတာပေါ့..။အမေ့ဆီမှာ သူတို့တွေ တံဆိပ်ကပ်ပေးထားတဲ့ ငွေဖြူတွေရှိနေသေးတယ်မလား..။
အမေရဲ့ စာစောင်တွေလိုက်ဝေတတ်တဲ့ တူညီဝတ်စုံဝတ် လက်ပွေ့ စာရွှက်ကမ်းတဲ့ ခမောက်ဆောင်း အုပ်စုတွေ နဲ့ အမေသွားလေရာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ဆော့တတ်တဲ့ ကလေးလေးတွေကို တနေ့ ဆန်တစ်တင်းခွဲကျွေးနေရတာလောက်သေးလားအမေ...။
သားတို့က လေပဲတတ်နိုင်တယ်အမေရယ်..။
အမေကိုနေ့စဉ်စားရိတ်လေးတော့ပေးချင်ပါတယ်..။အမေ့မြေးအငယ်ဆုံးကောင်က iphone 5G လိုချင်သေးလို့ ခနစောင့်ပါအမေ..။
အမေဘေးနားက အန်ကယ်ကြီးတွေ အန်တီကြီးတွေကိုလည်း အနားမပေးနဲံနော်...။
အဲဒီရုပ်သေးရုပ်တွေ ကြိုးပြတ်ရင်လည်း သားတို့လည်း စားခွက်ပျောက်တယ်အမေ..။
မန်မာပြည်သူတွေဘာဖြစ်နေဖြစ်နေ အရေးမကြီးဘူးအမေ..အမေ့ချွေးမ က ဖလက် အပြားကြီးကြီးဝယ်ပြီး
ဒုက္ခသည်အချင်းချင်းကြွားချင်တာက အရေးကြီးတယ်..။
သား ကိစ္စလား...။
အေးဆေးပါ အမေရယ်...။
ဦးသိန်းစိန်ဘာလုပ်လုပ်..သားတို့ က object လို့ ထထ အော်နေရင် သခင်ကြီးတွေ(အဲ)ထမင်းရှင်တွေက
လခများများပေးတယ်အမေရဲ့..။
ညတိုင်း Facebook ကတွေ့ရာ wall က hot new လေးကို ဆွဲပြလိုက်ရင်
သားရဲ့ ဘလော့ဂ်မှာ တင်လိုက်ရင် အပတ်စဉ် ဘယ်သူ့မွေးနေ့ ဘယ်သူနှစ်ပတ်လည် ဘယ်သူ့ကိုဆုတောင်းပွဲ ဘာကန့်ကွက်ပွဲ ဆိုထအော်တာ မပျက်သရွှေ့ သားတို့ အူစိုပါတယ်..။
ဒါနဲ့ လေ..တခုတော့စိတ်မကောင်းဘူး အမေ..။
အမေကိုပြပြီးဆန်(အဲ)ဒေါ်လာတောင်းတတ်တဲံ BBC
ကတော့ လစ်သွားပြီ အမေ..။ဘယ်သူ့မှ မယုံတော့ဘူး.ဘယ်သူမှ မလေးစားတော့ဘူး အမေ..။
ကိစ္စတော့ မရှိပါဘူး..။မိုက်ဖော်မိုက်ဖက် တွေကျန်ပါသေးတယ်..။သိတယ်မလား DVB တို့ VOA တို့ RFAတို့ မဇ္ဈိမတို့ ဧရာဝတီတို့  မိုးမခတို့  ဘာဘာ ညာ ညာ အစုံပေါ့ အမေရယ်..။
အော်..ဒါလား..

စိတ်မကောင်းမဖြစ်ပါနဲ့အမေရယ်..သူတို့ တွေက က အမေ့စကား ဘယ်တူန်းကနားထောင်ဖူးလို့လဲ..။
အမေပြောရင် လက်ခုပ်တီးမယ်..ထောက်ခံမယ်..။ပြီးရင်-ပြီးပြီ အမေရယ်..။ဒါလေးများ..။
မငိုနဲ့နော်...။တိုင်းရင်းသားလက်နက်ကိုင်တွေကိုပြောတာမလား..အင်းလေ..သိတယ်..။
သားလည်းသူတို့ကိုပြောတာပဲလေ..။
အမေ--ပင်လုံ ဆက်လုပ်မလို့ဆို...ဆက်လုပ်အမေ..သားအားပေးတယ်..။
(ဟိုက်-စားပေါက်တခွက် ကျန်သေးတယ်.ဟိဟိ)
(လှူပ်လေမြှုပ်လေဖြစ်နေတဲ့တိုက်တန်းနစ်သဘောင်္ကြီးလို ကိစ္စ(ဒုတိယပင်လုံ)ကို ဘန်းပရုတ်ဆီဘူး အဖုံးလေးနဲံတော့
မခပ်ထုတ်ပါနဲံလားဗျာ)
ဒါပေမဲ့ အမေ...
အမေရဲံနောက်မှာ သားတို့ရှိတယ်...
အမေ့ကို လေးစားတယ်
အမေက သားတို့ရဲံအား..သားတို့ရဲံထမင်းအိုး
သားတို့ ရဲ့ပဲ့ကိုင်ရှင်ပါ..(သားတို့ဘဝ အူစိုဖို့က အမေ့ပေါ်မူတည်တယ်လေ)
ဒါကြောင့်လေ----------
အမေ အရှေ့ရပ် သွားရင် အရှေ့ဘက် ရှိခိုးတယ်
အမေ အနောက်အရပ် သွားရင် အနောက်ဘက် ရှိခိုးတယ်
အမေ တောင် အရပ်သွားရင် တောင်ဘက် ရှိခိုးတယ်
အမေ မြောက် အရပ်သွားရင် မြောက်ဘက် ရှိခိုးတယ်
တကယ်လို့များ အမေ သေသွားခဲ့ရင် သားတို့  မြေကြီးကိုရည်မှန်းပြီး ညတိုင်း ရှိခိုးရပါလိမ့်မယ်...။
အမေရယ်..သားရဲ့စာ .ဒီမှာရပ်လိုက်ပါ့မယ်နော်...။
                                 ပုံ/ အဝေးရာက် သားမိုက်(ပြည်ပြေး)
====================================================
[ သင်္ဂဟ ဆရာတော်ကတော့ အပေါ်ကနောက်ဆုံးစကားလိုပြောတာတော့ သူဆရာ ဗန်းမော်ဆရာကို
  ငရဲ လားမယ်လို့  စောင်း ပြောတာမျိုးပဲဆိုတာ.......????? ]

====================================================

                                                                                                   မောင်မောင်ဒိန်
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ