Mar 16, 2012

မြန်မာ့စီးပွားရေး အနောက်အုပ်စု ဝင်ရောက်ခြယ်လှယ်မည့်အရေး အမေရိကန်စီးပွားရေးပညာရှင် သတိပေး

နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ အကူအညီပေးရေး အစီအစဉ်များ ထိုအဖွဲ့နှင့်အတူ အနောက်စီးပွားရေး အင်အားစုများသည် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများအပေါ် ဝင်ရောက်ခြယ်လှယ်မှုများ ရှိလာနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း အမေရိကန်စီးပွားရေး ပညာရှင် Mr.Rick Rowden က ပြောသည်။ ၄င်းက မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ အခြေအနေများအား သုတေသနပြုရန် လာရောက်လည်ပတ်စဉ် မတ်လ ၁၁ ရက်နေ့က ဝိဇယတာဝါ၌ ကျင်းပသော IMF နှင့် World Bank အကြောင်း သိကောင်းစရာ ဟောပြောပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

၎င်းက IMF နှင့် World Bank တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပါက ၄င်းတို့၏နောက်တွင် အနောက်နိုင်ငံများမှ စီးပွားရေးပညာရှင်များနှင့် အလှူရှင်များ လိုက်ပါလာကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကိုသာ အဓိက ဆောင်ရွက်သွားကြမည် ဖြစ်သည်။ ထိုသို့ ဆင်းရဲမွဲတေမှုပြဿနာအား ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အာရုံစိုက်နေစဉ် မြန်မာ့စီးပွားရေးလုပ်ငန်းများအား ပြည်ပစီးပွားရေးလုပ်ငန်းရှင်များက ဝင်ရောက်ရင်းနှီးမြှုပ်နှံကာ မြန်မာ့စီးပွားရေးလုပ်ငန်းအပေါ် သြဇာလွှမ်းမိုး၍ ခြယ်လှယ်မှုများ ရှိလာမည်ဖြစ်ကြောင်း ။

ထို့အပြင် IMF နှင့် World Bank တို့သည် အစိုးရနှင့် ကုမ္ပဏီများအကြား ယခင်ထားရှိခဲ့သော ဆက်ဆံရေး ကတိကဝတ်များအား ဖြတ်တောက်ပစ်နိုင်သည့်အပြင် ဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ခွင့် ရှိသည့်အခွင့်အရေးအရ ပြည်ပကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများသည် ပြည်တွင်းဈေးကွက်အတွင်းရောက်ရှိကာ ပြည်တွင်းလုပ်ငန်းရှင်များကို အရှုံးပေါ်၍ လုပ်ငန်းရပ်ဆိုင်းသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် IMF နှင့် World Bank တို့၏ အကြံဥာဏ်များကိုသာ အဓိကရယူသင့်ပြီး အခြားသောအထောက်အပံ့ အကူအညီများကို သတိပြု၍ယူရန် လိုအပ်ကြောင်း ပြောသည်။

 IMF နဲ့ World Bank တွေရဲ့ အကူအညီက နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဝင်ရောက်ခြယ်လှယ်မှုတွေ ပါဝင်နေတယ်။ သူတို့တွေရဲ့ သမိုင်းကို ပြန်မေးရင်လည်း ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ကိန်းဂဏန်းတွေရဲ့ ရေတိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပဲကြည့်ပြီး ဒေသခံတွေရဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မကြည့်လို့ပဲ။ IMF အဖွဲ့ဝင်နိုင်ငံချင်း အတူတူမှာပဲ ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ချမ်းသာတဲ့နိုင်ငံကိုပဲ ဦးစားပေးပြီး လုပ်ပိုင်ခွင့်တွေ၊ စွက်ဖက်ခွင့်တွေ ပေးထားတာ  အများကြီးပဲဟု ၄င်းက ပြောပြခဲ့ပါတယ်။
_________________________________________________________________
 မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ