Mar 14, 2012

စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ


ကရင်ပြည်နယ် မြဝတမြို့တောင်ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။

အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။

'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက် စည်းမျဉ်းတွေနဲ့ ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်''

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက်အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့် အထိ ရှိသော တန်ဖိုးကြီးစိန် တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
 မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ