Feb 13, 2013

ရဲတပ်ဖွဲ့ဝင်များ စည်းကမ်းဖောက်လျှင် အဂတိလိုက်စားလျှင် ပြည်သူလူထုအနေနှင့်ဖုန်းဆက်၍ တိုင်ကြားနိုင်ပြီ

 မြန်မာနိုငင်ငံရှိ ရဲတပ်ဖွဲ့ဝင်များမှ လုပ်ပိုခင်ွင့်အား အလွဲသုံးစား ပြုလုပ်မှုနှင့် အဂတိ လိုက်စားမှုများကို သိရှိ၍ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက ပြည်သူလူထုမှ တိုင်ကြားနိုင်ပြီး စည်းကမ်းဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှုး သန်းမြင့်ကပြောကြားလိုက်ပါသည် ။


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ဥပေဒနှင့် ညီညွတ်မှု မရှိသော ဆောရွက်ချက်များ၊ လုပ်ပိုခွင့်အား အလွဲသုံးစား ပြုလုပ်မှုများနှင့် အဂတိ လိုက်စားမှုများနှင့် ပတ်သတ်ကာ ပြည်သူလူထုမှ ကျေနပ်မှု မရှိလျှင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်တွင် အော်တိုတယ်လီဖုန်းများ အချိန်ပြည့် ဖွင့်ထားပြီး တယ်လီဖုန်း အမှတ် ဝ၆၇-၄၁၂၂၂၂ နှင့် ဝ၆၇-၄၁၂၄၄၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး နေပြည်တော် ရဲတပ်ဖွဲ့မှုးရုံး တယ်လီဖုန်း အမှတ် ဝ၆၇-၅၅ဝ၃၃၃ ကိုလည်း ဆက်သွယ် တိုင်ကြားနိုင်ကြောင်း မြန်မာနိုငင်ံ ရဲတပ်ဖွဲ့မှ သိရသည်။

ပြည်သူလူထုမှ ရဲတပ်ဖွဲ့ဝင်များး၏ တာဝန်ဆောရင်ရွက်မှုများအေပါ် မကျေနပ်၍ ဖုန်းဖြင့် တိုင်ကြားနိုင်သည့် စနစ်သည် ပထမဆုံး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

''အခုလိုလုပ်တာက ဒီမိုကေရစီခေတ်နဲ့ အညီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးကလည်း စည်းကမ်းတကျ ရှိစေဖို့နဲ့ ထိထိရောက်ရောက် လုပ်ကိုသွားနိုင်ဖို့အတွက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် ထိထိရောက်ရောက် ကာကွယ်ပေးဖို့ အတွက်လည်း ဒီဖုန်းလိုင်းကို ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပါတယ်'' ဟု ထပ်မံပြောပြသည်။

ပြည်သူလူထုက အခုလို တိုင်ကြားခြင်းအားဖြင့် အချို့သော ပြည်သူလူထု၏ ရင်ထဲမှာရှိသော ခံစားချက်များကို ပွင့်ပွင့်လင်းလင်းနှင့် တင်ပြနိုင်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

pwintlinn said...

ဘယ်သူကတိုင်၇ဲမလဲနော်။

နိုင် say said...

မ ထ သ ယာဉ်လိုင်း တွေ က လုပ်ချင်သလို လုပ် ထမင်းရှင် ဖြစ်တဲ့ ပြည်သူ ခရီးသွား တွေက ဖုန်းဆက်ပြီး တိုင်တော့ တိုင်တဲ့သူကို မ ထ သ ရုံးက ပြန်ပြီးချည် တယ်လေ။ မ ထ သ ကိစ္စ တောင်ဒီလိုဖြစ်နေ ရင်
အခု
ရဲကိုတိုင်ကြား နိုင်ပါသည် ဆိုတာ.....
ကြည့်လဲ လုပ်ကြပါအုံး ဆရာတို့......

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ