Feb 16, 2013

ရခိုင်ကြီးရဲတပ်ဖွဲ့ဝင်များ၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံဆက်ဆံခြင်း

သို့ /
ကို ဆိုဒ်ပေါ်တွင် ဖော်ပြပေးပါရန် ၊ ကိုအနေနဲ့ ကျနော့်ရဲ့ ပြဿနာလေးကို တဘက်တလမ်းက ကူညီနိုင်မယ်ထင်လို့ ဒီစာကို ရေးလိုက်ပါတယ်။


မြစ်သာမြို့နယ်  ကံစွယ်လေးအုပ်စု  ပဲခင်းကြီးတွင်  ဦးအောင်ဆန်းသည်  ဦးဆန်းဦးကို တုတ်ဖြင့်ရိုက်ပြီးပထမရန်ပြုပြီး ထပ်မံ၍ ဦးဆန်းဦးအား တောကိုလိုက်၍  ဦးဆန်းဦးအား ဓားဖြင့်လည်ပင်ကို ခုတ်ရာတွင်  ဦးဆန်းဦးမှ  ရှောင်လိုက်ရာတွင် မျက်စိအောက်ပါးပြင်ကိုထိခိုက်ပြီး နောက်ထပ်ခုတ်ရာတွင် လက်ဖြင့်ဖမ်းလိုက်သဖြင့် လက်တွေပြဲသွားကာ ရခိုင်ကြီးဆေးခန်းသို့တင်ပို့ခဲ့ရသည်။ကြိုတင်ကြံစည်မှူတစ်ခုလိုလဲ ပြောလိုရပါတယ်။ခိုင်ကြီးရဲစခန်းသို့ တိုင်ကြားရာတွင် ပုဒ်မ ၃၂၆   ဖြင့်တိုင်းကြားရာတွင် ရခိုင်ကြီးရဲစခန်းမှ ဦးဆန်းဦးအား မသေမချင်ဓားဖြင့်ခုတ်မှု့ပုဒ်မကို ပုဒ်မ ၃၂၄ သို့ ပြောင်းလဲပစ်တယ်ဗျာ။ဒီအချက်ကို ကြည်ခြင်းဖြင့် ရခိုင်ကြီးရဲစခန်းရဲ့ လာဘ်စားမှူက ပေါ်လွင်နေပါတယ်ခင်ဗျာ။

ရခိုင်ကြီးရဲစခန်းမှ ၁.၁၂.၂၀၁၂   မှ    ယနေ့ထိ တရားခံကိုဖမ်းဆီးခြင်း မရှိပါ။ တရားလို ဦးဆန်းဦး အိမ်မှာ အခုထိ ညတွေမှာ ကောင်းကောင်းမအိပ်ရပါ။ခွေးတွေဟောင်တိုင်း ကြောက်နေရပါသည်။ဒီဓားခုတ်မှု့ကို ရခိုင်ကြီးရဲစခန်းအနေနဲ့ လာဘ်စားမှူ့တွပြုလုပ်ပြီး အခုထိတရားခံဖမ်းဆီးခြင်းမရှိသေးပါ။ တရားလိုဘက်က တရားရုံးသို့ လွဲပြောင်းပေးဖို့တောင်းဆိုကာ ရခိုင်းကြီးရဲစခန်းမှူး ကိုခင်မောင်စိုးနှင့် အခြားရဲဝန်ထမ်းများသည် တဖက်ငွေးပေးမှူကြောင့် လွဲပြောင်းပေးခြင်းမ၇ှိဘူးဗျာ။ကံစွယ်လေး ဥက္ကဌ ကိုမောင်မောင် နဲ့ပေါင်းပြီးရခိုင်ကြီးရဲတပ်ဝင်များ လာဘ်စားမှူတွေပြုလုပ်နေပါသည်။အဲဒီမှူကို မှန်မှန်ကန်ကန်ဖြေရှင်းပေးဖို့ တောင်ဆိုတင်ပြအပ်ပါသည်။

ဥပဒေရေးရာကိစ္စများနှင့် ပတ်သက်၍ လူထုနှင့် အမြဲထိ တွေ့နေရသော  ရခိုင်ကြီးရဲတပ်ဖွဲ့ဝင်များ၏ ကိုယ်ကျင့် ပျက်ပြားမှုများ၊ မိဘပြည်သူများမှ ဥပဒေရေးရာ ကိစ္စရပ်များ၊ အမှု ကိစ္စများအတွက် စုံစမ်းမှုများနှင့် ပြည်သူများသို့ သတင်းရေးသား တင်ပြနေသော မီဒီယာများမှ အမှုကိစ္စရပ်များအတွက် မေးမြန်း ရာတွင် ခြေခြေမြစ်မြစ် မရှင်းပြ ခြင်းနှင့် ပြေလည်စွာ မဆက်ဆံ ခြင်းတို့က အဓိကအားနည်းချက် တစ်ခုဖြစ်ကြောင်း သုံးသပ်အပ်ပါသည်။ ““ပြည်သူနဲ့ အမြဲဆက်ဆံနေ ရတာက ရဲစခန်းတွေပဲ။ အဲဒီ ရဲ စခန်းတွေမှာက အမှုသည်တွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေ က အမှုကိစ္စအတွက်တို့၊ ဥပဒေ ကိစ္စတို့အတွက် သွားမေးတဲ့အခါ စုံစမ်းတဲ့အခါတို့မှာ ရခိုင်ကြီးရဲတပ်ဖွဲ့ဝင်တွေက ခြေခြေမြစ်မြစ် ရှင်းပြတာ လုံးဝမရှိဘူး။

 နောက် ရခိုင်ကြီ့းရဲစခန်းဝင်အနေနဲ့ ကိုယ် ကျင့်ပျက်မှုတွေလည်းပါတယ်။ ဒါတွေဟာ အဓိကအရေးကြီးတဲ့ အားနည်းချက်တွေပဲ။ လူထုနဲ့ အမြဲလိုလို ဆက်ဆံနေရတဲ့ ရဲတပ် ဖွဲ့ဝင်တွေဟာ အမှုသည် မိဘ ပြည်သူတွေနဲ့ ပြည်သူတွေလို သတင်းပြန်တင်ပြမယ့် မီဒီယာ တွေအပေါ် အမှုတွေအတွက် ခြေခြေမြစ်မြစ် အသေးစိတ်မရှင်း ပြရင်တောင်မှ လတ်တလော အနေနဲ့ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်ထားပါတယ်ဆိုတာ လေး ပြောလိုက်ရင်လည်း ဘာမှ ဖြစ်မသွားပါဘူး။ ဒီလိုဆိုတော့ လာမေးတဲ့သူတွေ စိတ်ချမ်းသာ သွားမှာပေါ့။ ရခိုင်ကြီးရဲတပ်ဖွဲ့ဝင် တွေက ပြည်သူကို ချေချေငံငံ ပြန်ဆက်ဆံတာမျိုး လုံးဝမရှိဘူး””  ရခိုင်ကြီးရဲစခန်း၏ အဓိကအားနည်း ချက်များအပေါ် သုံးသပ်ပြော ကြားလိုသည်။ ရဲစခန်းများအနေဖြင့် နေ့စဉ် လူထုနှင့် ဆက်ဆံနေရလျက်ရှိပြီး ယင်းသို့ လူထုနှင့်ဆက်ဆံရာတွင် ပြေလည်စွာဆက်ဆံမှု မပြုခြင်း၊ရခိုင်ကြီးရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် မိမိတို့ထံလာသော အမှုသည် ပြည်သူများထံမှ အကြောင်းပြ ချက်အမျိုးမျိုးဖြင့် ငွေညှစ်ခြင်း များ ပြုလုပ်နေလျက်ရှိကာ ယင်း သို့ပြုလုပ်နေခြင်းများက တာဝန် ရှိသူများမှ ထိရောက်သော ပြုပြင် ပြောင်းလဲမှုများနှင့် အရေးယူ ဆောင်ရွက်မှုများမပြုပါက ရေ ရှည်တွင်မူ ရဲတပ်ဖွဲ့စခန်းများ အပေါ်လူထု၏ယုံကြည်မှု ကျဆင်း သွားနိုင်ကြောင်း ပြောကြားလိုပါသည်။

ရဲထက် (ကျောက်ဆည်)
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

innyatara said...

အမှုအခြေအနေကို တိတိကျကျရေးသားခြင်းမတွေ့ရပါ။ ယေဘုယျသဘောမျိုးရေးထားတာဟာ တစ်ဘက်သားကို အပုပ်ချရုံဖြစ်နေပါတယ်။ ပုဒ်မ ၃၂၄ ဟာ သာမန်နာကျင်စေမှုဖြစ်ပြီးပုဒ်မ ၃၂၆ က အပြင်းအထန်နာကျင်စေမှုဖြစ်ပါတယ်။ ဒါဟာလည်း ကိုယ်ခန္ဓာမှာ ရတဲ့ ဒဏ်ရာကို ကြည့်ပြီးတော့ ဆရာဝန်က သာမန်လား အပြင်းအထန်လားဆိုတာ စစ်ဆေးပြီးမှာ သတ်မှတ်ကြပါတယ်။ ဆေးစာကအဓိကကျပါတယ်။ အမှုဖွင့်ချိန်မှာ ပုဒ်မ ၃၂၄ နဲ့ ဖွင့်ပေမယ့် ဆေးစာမှာ အပြင်းအထန်နာကျင်စေမှုလို့ ဆရာဝန်က သတ်မှတ်ခဲ့ရင် ဥပဒေရုံးက ဥပဒေအကြံပေးက ပုဒ်မ ၃၂၄ မှ ပုဒ်မ ၃၂၆ သို့ ပြောင်းပြီး တရားစွဲသင့်ကြောင်း ပြန်ကြားလေ့ရှိပါတယ်။ ရဲတစ်ဦးတည်းနဲ့ ဥပဒေကို ဘာမှ လုပ်လို့မရပါဘူး။ အခုခံရတဲ့ ဦးဆန်းဦးဟာ ပါးပြင်မှာဒဏ်ရာတစ်ချက်နဲ့ လက်မှာ စုတ်ပြဲဒဏ်ရာတစ်ချက်ရရှိခြင်းဟာ ဥပဒေသတ်မှတ်အရတောင် သာမန်နာကျင်စေမှုဖြစ်နေပါတယ်။ အပြင်းအထန်နာကျင်စေမှုရဲ့  အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိပါတယ်။ သင်းကွပ်၊ မျက်ကွယ်၊ နားဝယ်မကြား၊ တစ်ဆစ်ခါးကျိုး၊ တစ်မျိုးချိနဲ့၊ ပဲ့သည် ဦးခေါင်း၊ သွားမကောင်းသည် ရက်ပေါင်း ၂၀ ဆေးရုံဝယ် ဆိုပြီး လင်္ကာနဲ့ သတ်မှတ်ထားပါတယ်။ မိမိငယ်ပါထိခိုက်ခြင်း၊ မျက်လုံးကန်းခြင်း၊ နားကန်းခြင်း၊ အရိုးကျိုးခြင်း၊ ချိနဲ့သွားခြင်း၊ ဦးခေါင်းအရိုးကွဲအက်ခြင်း၊ သွားကျွတ်ထွက်စေခြင်း၊ ရက်ပေါင်း ၂၀ ကျော်မိမိလုပ်ဆောင်မြဲအလုပ်ကို မလုပ်ဆောင်နိုင်လောက်အောင် ဒဏ်ရာအနာတရဖြစ်နေခြင်း တို့ဖြစ်ပါတယ်။ တစ်ခါတစ်လေကျရင် စဒဏ်ရာရတုန်းက ကြီးကျယ်တယ်ထင်ရပေမယ့် ဆေးကုလိုက်တဲ့အခါ ဘာမှမဖြစ်တာကို တွေ့ရလေ့လည်းရှိပါတယ်။ တရားခံလုပ်ဆောင်ချက်မှာ ကြိုတင်ကြံရွယ်ချက်ပါမပါကတော့ တရားရုံးမှာ တရားသူကြီးယုံအောင်ရှင်းပြရမှာပါ။ တရားခံမဖမ်းဘူးဆိုတာကလည်း အာမခံပေးရတဲ့ ပုဒ်မမို့လို့ အာမခံပေးထားတာလည်း ဖြစ်မှာပါ။ တရားရုံးတင်တာတော့ နောက်ကျတတ်ပါတယ်။ ရဲလုပ်ငန်း စာရွက်စာတမ်းတွေပြုစုရခြင်း၊ ဆေးစာစောင့်ရခြင်း၊ ဥပဒေအကြံပေးတောင်းခံရမှာ ကြာမြင့်ခြင်း၊ တရားရုံးတရားစွဲတင်တဲ့အခါမှာလည်း ရုံးချိန်းနောက်ကျခြင်းတို့ အမျိုးမျိုးဖြစ်ပွားတတ်ပါတယ်။ ရဲတွေကို အပုပ်ချရုံနဲ့တော့ အမှုက ပြီးသွားမှာမဟုတ်ပါဘူး။ လာဘ်စားတယ်ဆိုရင် သက်သေအထောက်အထားနဲ့ တင်ပြပါ။ ဒါဆိုရင် သက်ဆိုင်ရာက အရေးယူပါလိမ့်မယ်။ ကိုယ်တိုင် ဥပဒေအကြောင်းအခြင်းအရာတွေကို နားမလည်ဘဲနဲ့ ဟိုတိုင်ဒီတိုင်လုပ်နေရင် ရှက်စရာဖြစ်ပါတယ်။

Unknown said...

ငယ်ပါထိခိုက်ခြင်း၊ မျက်လုံးကန်းခြင်း၊ နားကန်းခြင်း၊ အရိုးကျိုးခြင်း၊ ချိနဲ့သွားခြင်း၊ ဦးခေါင်းအရိုးကွဲအက်ခြင်း၊ သွားကျွတ်ထွက်စေခြင်း၊ ရက်ပေါင်း ၂၀ ဆေးရုံးတတ်ရမှ လူသတ်မှူမြောက်တာလား
အဲဒီချက်တွေနဲ့ ညီအောင်ခုတ်ခံရမှာလား ။
ဓားခုတ်မှူဆိုတာ တရားခံဖမ်းပြီး အမာခံပေးသင့် မသင့်ဆိုတာစဉ်းစားပြီး အမာခံ ပေးပြီးပြန်လွတ်လိုက်ရင် ခံနိုင်ရှိသေးတယ် ၂ လရှိနေပြီး တရားခံကိုအခုထိမဖမ်းတာတော မင်းစဉ်းစားအုံ တဖက်က ဓားနဲ့ခုတ်ခံထားရသူလေကွာ ။တဖက်ကလဲ ဒီအတိုင်ကြီးတောမတင်လောက်ဘူး..မင်းလူဆိုရင် နှစ်ဖက်စဉ်းစားပေးသင့်တယ်...

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ