နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အစိုးရဝန်ထမ်းများအား လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။
“ဒီဥပဒေအရ တိုင်ကြားလာရင် မည်သူ့ကိုမဆို ကော်မရှင်က စစ်ဆေးခွင့်ရှိပြီး သက်ဆိုင်ရာ တရားရုံးတွေကို တရားစွဲဖို့ တင်ပို့ခွင့်ရှိပါတယ်။ နိုင်ငံတော်သမ္မတက စစ်ဆေးခွင့်ရှိပါတယ်” ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။
ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို လွှတ်လပ်သော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ အဖွဲ့ဝင် ငါးဦးစီ ရွေးချယ်တာဝန်ပေးရမည် ဖြစ်သည်။ ကော်မရှင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၄င်းတို့၏ ပိုင်ဆိုင်မှုစာရင်းကို နိုင်ငံတော်သမ္မတထံ တင်ပြရမည် ဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှု လျော့နည်း ကင်းရှင်းစေရေးအတွက် ရည်ရွယ်ကာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၈ ရက်တွင် အမိန့်အမှတ် ၉/၂၀၁၃ ဖြင့် အမိန့်ထုတ်ပြန် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
From:[_ခေတ်သတင်း _]
(မောင်ကျောက်ခဲ အဖွဲ့)

1 ယောက် ဆွေးနွေးခဲ့တယ်:
လာဘ် မ ပေးပါဘူး။ုခြင်းလေးဘဲပေးတာပါ
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။