Feb 11, 2013

လိုင်ဇာအထိ လမ်းလျှောက်မယ့် လမ်းလျှောက်သူတွေ သဘောထားကွဲကုန်ပြီ

ကချင်ပြည်နယ်လိုင်ဇာမြို့အထိလမ်းလျှောက်ထွက်ခွာလာသော ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှခေါင်းဆောင် ရန်နိုင်ထွန်း အပါအ၀င် (၅)ယောက်သည် အတူလိုက်ပါလာသော ကားများအားမလိုပါဟုပြောဆိုနေပြီး ၊ကူညီသူများမှာ ပေါ်ပင်များဖြစ်ကြောင်း မိမိတို့ကို အသုံးချနေကြောင်းခံစားလာရကြောင်း အသံများထွက်လာပါသည် ။အဆိုပါသူတို့ကြောင့် မိမိတို့ လမ်းလျှောက်သည့်ရည်ရွှယ်ချက်ကို ထိခိုက်လာကြောင်း ယခင်ရက်များက ပေါက်ကြားခဲ့သော လမ်းလျှောက်သူများ ကားခိုးစီးကြကာ မြို့တွင်းများ လူနေရာအရပ်များတွင်သာ လမ်းဆင်းလျှောက်ပြကြသည့် ဓါတ်ပုံများကြောင့် အရှက်ကွဲမှူများဖြစ်လာပါသည် ။ထို့အပြင်  ရန်ကုန်မှအတူလိုက်ပါလာသောဦးအောင်မြင့်(ဘိုကလေး)သည် ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ခြင်းမဟုတ်ပဲ ယခုအခါ  ပြည်တွင်းစစ် လုံးဝရပ်စဲရေး နှင့်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဟု ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးစွက်ဖွက်အသုံးချမှူ ပြုလုပ်လာပြီး ငြိမ်းချမ်းရေးလမ်းလျှောက်သူများနှင့် ခေါင်းဆောင်နေရာယူလာခြင်းများ နိုင်ငံရေးစကားများပြောဟောလာမှုများ အပြင် ၄င်းတို့ဘာသာ မကျန်းမာမသန်မာပဲ ခလုတ်တိုက်လဲသဖြင့် ခြေခေါက်သည်ကို လမ်းမကောင်းခြင်းကြောင်း ဆိုပြီး အစိုးရကို အပြစ်တင်သလိုလိုနိုင်ငံရေးဆန်ဆန် ပြောစကားများဖြစ်လာခြင်းကြောင့် လမ်းတလျောက်တွင် လမ်းလျှောက်ရန် စီစဉ်သူ လူငယ်များကလည်း မလေးမစား မိုက်ရိုင်းစွာပြောဆိုဆက်ဆံမှူများ ရှိလာပြီဖြစ်ပါသည် ။ကျွန်တော်တို့သွားမှာ တိုက်ပွဲတွေ မိုင်းတွေ ရှိတဲ့ တိုက်ပွဲနေရာတွေကို ဖြတ်ပြီး သွားမှာ
အခု ပေတရာ ကတ္တရာလမ်းမှာတောင် ခလုတ်တိုက်ပြီး အကြောလွဲတာကို နိုင်ငံသိအောင် အော်ပြသည်းပြနေတာ ကျွန်တော်တို့အဖွဲ့အတွက် အရှက်ရပါတယ် လို့ လူငယ်တွေက သတင်းယူသော သတင်းထောက်များ နှင့် ကားဆိုင်ကယ်စီစဉ်ပေးသူများအားပြောကြားသော်လည်း မည်သည့်သတင်းမှဖော်ပြခဲ့ခြင်းမရှိပါ ။

ထိုအခါ ဦးအောင်မြင့်နောက်ကွယ်မှ နိုင်ငံရေးသမားများနှင့် ၈၈ ကျောင်းသားမျိုးဆက်အဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွှက်နေသူ နေမျိုးဇင်တို့လက်ချက်ဖြင့် 
“ အာဏာပိုင်များမှ တာဆီးခြင်းမရှိသော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေ မှု အပေါ်ကန့်ကွက်နေခြင်း၊ မိမိထက်အသက်ကြီးသူများအား ရိုင်းပြစွာဆက်ဆံပြီး ၊ကူညီသူများအား နာမည်လိုချင်သူများဟု စွတ်စွဲနေသည်ဟု အကြောင်းပြပြီး လမ်းလျှောက်ရန် စီစဉ်သူမူလလူငယ်များအား ၊6.2.13 နေ့တွင်မိတ္တီလာမြို့ပွင့်လင်းလူ့အဖွဲ့အစည်းမှပေးပို့သောသ၀ဏ်လွှာနှင့် ဦးဂမ္ဘီရပေးပို့သော ငြိမ်းချမ်းရေးအလံအား ပြန်ပေးကာပြန်ပေးကာ ကြိုတင်လက်ဦးမှူယူ အပုတ်ချသည့်နည်းဖြင့် အဖွဲ့များကွဲလာရပါသည် ။

လူငယ်များက ငြိမ်းချမ်းရေးအတွက် အဖမ်းခံရမည်လား တားဆီးကြမည်လား မသိခင်ကတည်းက လမ်းလျှောက်ရန်စီစဉ်ခဲ့ကြပြီး အနှောင့်မယှက်မရှိမှ နောက်မှ ပူးပေါင်းလာသူများအား အမြင်မကြည်သလို
နိုင်ငံရေးသမားများမှ အစားအသောက် ကား စသည်တို့ဖြင့် ငွေအားပူပေါင်းကာ ကူညီသယောင်ယောင်နှင့်
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဟု ခေါင်းစဉ်တစ်ခုတပ်လာခြင်းကြောင့် ထိုနိုင်ငံရေးသမားများအား
မိုက်ရိုင်းစွာ ဆဲဆိုလာမှုများ နှင့် မိမိတို့အကြံကို သိရှိသွားသောကြောင့် အဆိုပါ မူလစီစဉ်သူလူငယ်များ ဆီက အသံထွက်မလာခင် ၄င်းတို့ဘက်မှ ကြိုတင်စီစဉ်ကာ  လူငယ်များမှ မိမိတို့
နိုင်ငံရေးသမားများ အလှူရှင်များအား စော်ကားလာပြီဟုသဘောဖြင့် “ရန်နိုင်ထွန်း မိုက်ရိုင်းရမ်းကားနေမှုနှင့် စပ်လျဉ်းပြီး တာဝန်ရှိသူများထိန်းသိမ်းပေးကြပါရန်နှင့် ရန်နိုင်ထွန်းအား ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည် ၊ ခေါင်းဆောင်နေရာနှင့် မထိုက်တန်ပါ အင်မတန်မိုက်ရိုင်းပါသည် ၊ ဦးအောင်မြင့် (ဘိုကလေး) သည်လည်းမကြာမီ လမ်းခွဲပြီး လိုက်ပါစောင့်ရှောက်မှု အားရပ်ဆိုင်းပါမည် ၊ အရေးပေါ်အခြေအနေတွင်သုံးရန် ကားများအားလည်း အလှုရှင်များမှ ပြန်လည်သိမ်းဆည်းပါမည်“
 အပုတ်ချသည့်အနေဖြင့် သတင်းများလျှောက်ရေးလိုက်ကြပြီဖြစ်ပါသည် ။
 (မောင်ကျောက်ခဲ အဖွဲ့)
                               
         ငြိမ်းချမ်းရေးလမ်းလျှောက်သူများ လူလစ်သည်နှင့်ကား/ဆိုင်ကယ်များ ခိုးစီးကြကာ  လူမြင်သူမြင်အရပ်များမှသာ လမ်းလျှောက်ကြသည်ကို အောက်ပါပုံများတွင် ကြည့်ပါ









                                  (ဓါတ်ပုံများကို This's Call's Myanmar ၏ facebook မှရယူပါသည်)
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Bohtein51 said...

ဖင် မနိုင် ဘဲပဲကြီးဟင်းစားကြတာကိုး။

Anonymous said...

ဟားဟားဟား ဆောက်ပေါတွေ.

Anonymous said...

အဆင့်မရှိအတန်းမရှိအောက်တန်းစားဂလေဂဂျေး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ