Aug 20, 2013

မိတ္ထီလာမှ မြို့သူမြို့သားများ က ကင်တားနား အား ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်၊ကင်တားနား အရှက်ကြီးစွာဖြင့် ထွက်ပြေး

မိတ္ထီလာမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အား လူစုလူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျှက် ရှိကြောင်း သတင်းရှိရပါသည်။
 ယခု ဆန္ဒ ဖော်ထုတ်မှုမှာ မည်သည့် အဖွဲ့ အစည်း မည်သူ တစ်ဦးတစ်ယောက်မှ ဦးဆောင်ခြင်း မဟုတ်ဘဲ မိတ္ထီလာ မြို့သူ မြို့သားများ ၏ ဆန္ဒအလျှောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ၊ မစ္စတာ ကင်တားနား ၏ သံဃာတော်များ အပေါ်တွင် ' အ' ဂါရ၀ ဖြစ်စေသော အပြုအမူများ ပြုမူခြင်းနှင့် ၄င်း တင်သွင်းသော အစီရင်ခံစာ ပါ အချက်အလက်များမှာ အမှန်တကယ် နှင့် ကွဲလွဲ မှားယွင်း နေခြင်း များ အား မကြေနပ်ကြခြင်းကြောင့် မိတ္ထီလာမြို့သူမြို့သားတွေ ၅၀၀ ကျော်က မိတ္ထီလာတံတားကြီးပေါ်မှာ ပိတ်ဆို့ပြီး ဝိုင်းဝန်းဆန္ဒပြခဲ့ကြတာဖြစ်ပါသည်။


ဆန္ဒပြသူများဟာ ကင်တားနား အလိုမရှိ ၊ ကုလားအလိုမရှိ ၊ ဘင်္ဂလီ အလိုမရှိဆိုသော ဆိုင်းဘုတ်များ နှင့် ကင်တာနား ရုပ်ပုံအား ကြက်ခြေခတ်ထားသော ပုံများ ကိုင်ဆောင်ပြီး ဝိုင်းဝန်းဆန္ဒပြကြခြင်းကြောင့် ကင်တားနား ကားမှာ မောင်းမရအောင်ရပ်တန့်ထားရပြီး ရဲတပ်ဖွဲ့မှ လမ်းရှင်းပေးမှသာ အမြန်ဆုံးထွက်ခွါသွားနိုင်ခြင်းဖြစ်ပါသည်။ကားထွက်သွားသော်လည်း ဆိုင်ကယ်များနှင့်လိုက်လံ ဆန္ဒပြခဲ့ကြတဲ့အတွက်ကင်တားနားစီးနင်းလိုက်ပါလာတဲ့ကားဟာအမြန်ဆုံးမောင်းနှင်းထွက်ပြေးသွားသောအခါ မကောင်းဆိုးဝါး နှင်ထုတ်သလို သံဗုံးများတီးလိုက်ကြသည် ဟု သိရှိရပါသည် ။မိတ္ထီလာတွင် မွတ်ဆလင် ဘာသာဝင်များမှ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ဦးကိုသတ်ဖြတ်သည့်အပြင် တမြို့လုံးအားမီးတိုက်ခြင်း လုယက်ခြင်းသတ်ဖြတ်ခြင်းများကျူးလွန်နေချိန်တွင်လူထုခေါင်းဆောင်ဆိုသူများနှင့် ကျောင်းသားခေါင်းဆောင် ဆိုသူများမှ မွတ်ဆလင်ဘာသာဝင်များဘက်ကရပ်တည်ခဲ့ပြီး မိတ္ထီလာမြို့ကို ကူညီရန်လာသော စစ်တပ်နှင့်အစိုးရတာဝန်ရှိသူများအား အားမကိုးကြရန် ဂုန်းချောစကားများပြောသွားခြင်း ၊ အကူအညီပေးသောအခါ မွတ်ဆလင်ဘာသာဝင်တို့ကိုသာ အလှူငွေများပေးအပ်သွားခြင်းတို့ကြောင့် ပိုမိုစိတ်နာလျှက်ရှိကြောင်းလည်း မိတ္ထီလာမြို့တွင် ဆိုင်ကယ်ကယ်ရီမောင်းနေသူ အသက် ၂၈ နှစ်အရွယ် ကိုဝင်းလှိုင်ဇော်မှ ပြောကြားခဲ့ပါတယ်။











(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ