Aug 23, 2013

အမြန်လမ်းမမှာ တောင်ပေါ်သားအဝေးပြေးကား မြောင်းထဲထိုးကျ

၂၃/၀၈/၂၀၁၃
ယနေ့ နေ့ လည်၂း၁၁မိနစ်ခန့်ကနေပြည်တော်အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇ မှာတောင်ပေါ်သားအဝေးပြေးကားကလမ်းပြုပြင်မှုပြုလုပ် နေတဲ့ မော်တော်ယာဉ်ကိုဝင်တိုက်ပြီးဘေးကမြောင်းထဲကို ထိုးကျခဲ့ပါတယ်။ တောင်ပေါ်သားကားဟာရန်ကုန်မှနေပြည်တော်သို့ သွားမှာဖြစ်ပြီးခရီးသည် ၂၈ဦးခန့်ပါပါတယ်။
ယာဉ်တိုက်မှုကြောင့်ခရီးသည်တစ်ဦးတစ်ယောက်မှ ဒဏ်ရာအပြင်းအထန်ရခြင်းမရှိဘဲ ယာဉ်မောင်းနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်နဲ့ လက်များပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်။ "ရှေ့ကကားသေးလေးကိုကျော်တက်ခိုင်းတာအဲဒါကိုကားသေးလေးကမတက်တော့သူကတက်တော့အရှိန်မထိန်းနိုင်တော့ဘူးလမ်းပြင်နေတဲ့ သူတွေထိမှာစိုးလို့လမ်းဘေးကိုဆွဲချလိုက်ပြီဆိုတာကိုတွေ့ တော့ ခေါင်းငုံ့ချလိုက်တာ၊ကြောက်တာတော့တော်တော်ကြောက်သွားတယ်"လို့ ကားပေါ်ပါလာသူအသက်သုံးဆယ်ဝန်းကျင်အမျိုးသမီးတဦးပြောပါတယ်။ အမြန်လမ်းရဲဝန်ထမ်းများကစစ်ဆေးလျှက်ရှိပါတယ်။
 From:[_ချိုဇင်မာဝင့်/Kumudra _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ