Aug 18, 2013

နိုင်ငံတော်က ဒေါ်ခင်ကြည်ကို ကန်ထုတ်တာမဟုတ်ဘူး ဒေါ်စုလင်ယူမှားတဲ့ အကြောင်းပြချက်ကလည်း အဓိပ္ပါယ်မရှိဘူး

ဒေါ်စုကို ဒီနိုင်ငံမှာ မနေနိုင်အောင် လုပ်ခဲ့တယ်ဆိုပြီး ဖန်းဒန်းစီးနေကြသူတွေကို ပြောပါရစေ၊ တကယ်အဖြစ်မှန်က သန့ှ်ရှင်းနဲ့တည်မြဲကွဲကြတော့ ဒေါ်ခင်ကြည်က ဦးနုရဲ့သန့်ရှင်းဘက်က မဲဆွယ်ပေးခဲ့တယ်၊ ဒါကြောင့် ဦးနုရဲ့ သန့ှ်ရှင်းမဲနိုင်သွားပြီး အစိုးရဖွဲ့နိုင်တော့ ဒေါ်ခင်ကြည်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယခုအချိန်အထိ တစ်ဦးတည်းသော အမျိုးသမီးသံအမတ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ချီးမြှောက်ခဲ့တာပါ၊

 ဒေါ်စုက တက္ကသိုလ်ဝင်တန်း အောင်ပြီးကာစပဲ ရှိအုံးမယ်၊ ဒေါ်စုမွေးတာက (၁၉၄၅)၊ ဒေါ်ခင်ကြည်ကို သံအမတ်ခန့်တာက (၁၉၆၁)၊ တွက်ကြည့် (၁၆)နှစ် သမီးပဲ ရှိသေးတယ်၊ အိန္ဒိယမှာ ကျောင်းဆက်တက်တာတွေ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်ဝင်ခွင့်ရအောင် အိန္ဒိယမှာ ကျူရှင်ယူခဲ့ရတာတွေ၊ သူများတွေ နှစ်ချီပြီး ကြိုးစားရတဲ့ အောက်စ်ဖို့ဒ်ဝင်ခွင့်ကို ဒေါ်စုက လပိုင်းလောက်နဲ့ ကြိုးစားခဲ့ရတာတွေကို သူကိုယ်တိုင်ပြောထားတာတွေ ရှိပါတယ်၊ ဒေါ်စုသားသမီး တစ်ယောက်လုပ်နေပီး ဘာလို့ မသိရတာလဲ၊ ဘာလို့ မှန်းတုပ် ရမ်းတုပ် လုပ်ရတာလဲ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားသမီးတွေအနေနဲ့ တစ်ရပ်တစ်ကျေးမှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် အင်္ဂလန်ကိုလွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဦးနေ၀င်းက ဒေါ်ခင်ကြည်ကို သတိပေးစကားပြောကြားခဲ့တာတွေ သမိုင်းအနေနဲ့ ရှိပါတယ်၊ 


ဆိုတော့ ဒေါ်စုကို အင်္ဂလန်ကိုသွားအောင် ဦးနေ၀င်းက ပထုတ်လိုက်တာလား၊ သူ့ဘာသာသူ ပညာလိုလားလို့ သွားတာလားဆိုတာ စဉ်းစားဖို့ပါ၊ဒေါ်ခင်ကြည်ကို အိန္ဒိယပို့တာ ဘယ်သူလဲဆိုတာ လေ့လာဖို့ပါ၊ သူ့ဘာသာသူ တွေ့ကရာနဲ့ကြိုက်၊ တွေ့ကရာနဲ့ယူပြီးတော့မှ ဟိုအပြစ်တင်၊ ဒီအပြစ်တင်လုပ်နေတာကတော့ မကောင်းပါဘူး၊ မကြာခဏကိုးကားနေကြတဲ့ ကျမ ဧရာဝတီတိုင်းမှာ နေခဲ့ရင် ရှင်နဲ့ညားမှာပေါ့ ဆိုတဲ့စကားဟာ အင်မတန် အနှစ်သာရကင်းမဲ့ပါတယ်၊ ရောက်ရာနေရာမှာ တွေ့ရာလူနဲ့ မဖြစ်မနေ ယူလိုက်ရလောက်အောင် (ကန်တော့ပါရဲ့) မနေနိုင်၊ မထိုင်နိုင်ဖြစ်ခဲ့လို့လား၊ ကိုယ့်ရဲ့မျိုးရိုး၊ ကိုယ့်ရဲ့အနေအထားကို သတိပြုခဲ့သင့်တာပေါ့၊ သူတစ်ယောက်တည်းအတွက်တော့ သူ့ဆန္ဒကို ဦးစားပေးခဲ့တာ ပြောစရာမရှိပါဘူး၊ အမျိုးသားအရေးမှာတော့ အင်မတန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာပါပဲ၊ 

လွန်ခဲ့တဲ့ လေးနှစ်လောက်က တောင်ကိုရီးယားဝန်ကြီးချုပ်ရာထူးအတွက် သမ္မတလီမြောင်ဘတ်က အမျိုးသမီးတစ်ဦးကို အဆိုတင်သွင်းပါတယ်၊ အဲဒီဝန်ကြီးချုပ်လောင်း အမျိုးသမီးက ကိုရီးယားချင်းအိမ်ထောင်ပြုပြီး သားသမီးမွေးတဲ့အခါ အမေရိကန်မှာ သွားမွေးပါတယ်၊ အဲဒီမှာမွေးရင် natural citizen ရလို့ပါ၊ သားသမီးရဲ့ ပညာရေးအတွက် ဒီလိုကြံစည်ပြီး ဆောင်ရွက်ခဲ့တာပါ၊ ဆိုပါတော့ အဲဒီ အမျိုးသမီးရဲ့ သားနှစ်ဦးက အမေရိကန်မှာ ပညာသင်ကြားပြီး အမေရိကန်နိုင်ငံသား ခံယူကြပါတယ်၊ အဲဒါက ဘာမှ အရေးကြီးတဲ့ကိစ္စမဟုတ်ပေမယ့် ၀န်ကြီးချုပ်အမည်စာရင်းတင်သွင်းခဲ့ရတဲ့အခါမှာ သူ့သားနှစ်ဦးက အမေရိကန်နိုင်ငံသားတွေ ဖြစ်နေကြလို့ ပါလီမန်က ကန့်ကွက်ခဲ့ပါတယ်၊ သူဝန်ကြီးချုပ် မဖြစ်ခဲ့ပါဘူး၊ တောင်ကိုရီးယားပါလီမန်က မျက်ကန်းမျိုးချစ်တွေကြောင့်ပေါ့၊ 

မကြာသေးမီက ဒီမှာလည်း ဒုသမ္မတရွေးရာမှာ တစ်ပြေးခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဘာကြောင့် ပယ်ခဲ့ရတာလဲ၊ ဥပဒေမဲ့ လျှောက်ပြော၊ လျှောက်လုပ်လို့ မရပါဘူး၊ နိုင်ငံတော်အကြီးအကဲနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေကို မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်းဦးစီးရေးဆွဲပြီး ချမှတ်ခဲ့တာပါ၊ ၂၀၀၈-ဥပဒေမှာလည်း အဲဒီအချက်ကိုပဲ မပြောင်းမလွဲ ဒီအတိုင်းပြဌာန်းခဲ့တာပါ၊ အဲဒါကို သူ့သမီးက ဖျက်ဖို့ကြိုးစားနေတာပါ၊ 

ဘယ်အာဏာရှင်ကမှ သူ့ကို တားမြစ်နေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံနဲ့လူမျိုးအတွက် သူ့သမီးကို သူကိုယ်တိုင်တားမြစ်ထားခဲ့တာပါ၊ ဒေါ်စုအနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး၊ နိုင်ငံခြားသားကို ယူခဲ့မိတဲ့ သူကိုယ်တိုင်ကို အပြစ်တင်ချင်တင်၊ နိုင်ငံခြားသားနဲ့ ပတ်သက်သူကို နိုင်ငံ့အကြီးအကဲ မတင်ဖို့ တားမြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို အပြစ်တင်ချင်တင်၊ ဒီနှစ်ချက်ပဲ လုပ်သင့်ပါတယ်၊ သူ့အရည်အချင်းကို အကြွင်းမဲ့ယုံကြည်ပါတယ်၊ သူ ဦးဆောင်ရင် တိုင်းပြည်တိုးတက်မှုမြန်မယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်၊ ဒါပေမယ့် အဲဒီတစ်ချက်တည်းနဲ့တော့ နိုင်ငံရဲ့ အခြေခံဥပဒေကို စက္ကူစုပ်ဖြစ်အောင် မလုပ်သင့်ပါဘူး၊ သူ့တစ်ယောက်တည်းအတွက် အခုအချိန်မှာ အဲဒီအချက်ကို ပြင်မယ်ဆိုရင် နိုင်ငံဟာ သာလာယံဇရပ်စုပ်လို ၀င်ချင်သူဝင်၊ ထွက်ချင်သူထွက် လုပ်ချင်ရာလုပ်နိုင်တဲ့နိုင်ငံ ဖြစ်သွားပါလိမ့်မယ်၊

 အဓိကက လူထက် စနစ်ကသာ အရေးကြီးတာပါ၊ စနစ်ကောင်းတစ်ခု အခြေခိုင်ခိုင် တည်ဆောက်နိုင်ခဲ့ရင် ဘယ်သူပဲ ခေါင်းဆောင်၊ ခေါင်းဆောင် စနစ်က သူ့ဘာသာ လည်ပတ်နေပြီး လူက စနစ်ပေါ်မှာ အလိုက်သင့် လိုက်နေရုံပါပဲ၊ အမေရိကန်မှာ စနစ်က အခြေခိုင်ပြီး ဖြစ်လို့ ဘယ်သူတက်တက် ဒီအတိုင်းပါပဲ၊ ဒီမှာလည်း လူတစ်ယောက်ကို အားကိုးတာထက် စနစ်ကောင်းတစ်ခု အခြေခိုင်အောင် ၀ိုင်းဝန်းတည်ဆောက်သင့်ပါတယ်၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ တိုင်းပြည်တိုးတက်ခဲ့တာပါပဲ၊ အဲဒီအချိန်က ဒေါ်စုတောင် လူမမယ်အရွယ်လောက်ပဲ ရှိသေးတာပါ၊ သူလုပ်မှ တိုင်းပြည်တိုးတက်မယ်ဆိုတာကတော့ (personal cult) ပုဂ္ဂိုလ်ရေးကိုးကွယ်မှု သက်သက်သာ ဖြစ်ပါတယ်၊ ဒေါ်စုအနေနဲ့လည်း ဘယ်သူမပြု မိမိမှုကို ကိုယ့်အခွင့်အရေးအတွက် အခြားသူတွေကို အပြစ်တင်ပြီး နိုင်ငံအတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ မကြိုးစားပဲ တိုင်းပြည်ခေါင်းဆောင်သားသမီးတစ်ဦးအနေနဲ့ မကျူးလွန်သင့်တဲ့အပြစ်ကို ကျူးလွန်မိခဲ့တဲ့အတွက် အပြစ်ချေတဲ့အနေနဲ့ ကျရာကနေ နိုင်ငံအကျိုး သယ်ပိုးသင့်ပါတယ်၊ ဘယ်နေရာကပဲ လုပ်ရလုပ်ရ နိုင်ငံအတွက် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မွေးသင့်ပါတယ်၊ အမျိုးသားရင်ကြားစေ့ရေး ကြိုးစားနေတယ်ဆိုရင် မိမိကြောင့် ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲပြားမှု မဖြစ်ရအောင် ဆောင်ရွက်သင့်ပါတယ်...ကျွန်တော်တို့ သာမန်နိုင်ငံသားတွေအနေနဲ့လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့် အလုပ်တွေ မလုပ်သင့်တော့ပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ..

Kyi SoeFrom:[_ကိုကြည်စိုးရေးသည် _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

၂၀၀၈ဥပဒေထောက်ခံပါသည်

Anonymous said...

ဟုတ်တယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ