Aug 20, 2013

အာဏာရှင် ဒီမိုကရေစီ စနစ်များ ဖြစ်နေပြီလား

ကျွန်တော် အခု ရေးသားမယ့် ပိုစ့်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကို ရည်ညွှန်းပါတယ်။ ဝေဖန် ပစ်တင်တာထက် အပြုသဘော အကြံပေးတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီမှာကတည်းက အကြံပြုတာကို လက်မခံဘူးဆိုလျှင်တော့ ဒီမိုကရေစီဆိုတာ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေပြီဆို တာ ဦးစွာ စိတ်ထဲ တွေးထားလိုက်ပါ။ 

 ကျွန်တော်အကြံပြုလိုတာက ကိုယ့် ပါတီတွင်းကို ပြန်လည် သုံးသပ်ဖို့ ပါ။ ဘာကြောင့် ပါတီကို အမျိုးသားရေး အင်အားစုရဲ့ ပုတ်ခတ်မှုတွေ ဝေဖန်ထိုးနှက်မှုတွေခံနေရသလဲ??? အရင် ကိုယ့်အားနည်းချက်ကိုအရင်ရှာရပါမယ်။ကိုယ့်ကို ဝေဖန် နေသူတွေနဲ့ ညှိုနှိုင်းဆွေးနွေးသင့် ဆွေးနွေးရပါမယ်။ ငါက ပါတီထဲကပဲ ပါတီထဲက မဟုတ်သူတွေနဲ့ ပြောစရာမလိုဘူးဆိုရင်တော့ မှားသွားပါလိမ့်မယ်။ ခင်ဗျားတို့ က ပြည်သူတွေအတွက် ရှေ့ က ရပ်တည်ဖို့ ပါတီထဲဝင်လာတာဖြစ်တဲ့ အတွက် ပါတီဝင်မဟုတ်သူ ပြည်သူလူထုနဲ့ ပိုလို့ တောင် သင့်မြတ်နေရမှာပါ။ ဒါမှ ခင်ဗျားတို့ ပါတီကို အားကိုးကြမှာလေ။ 

အမျိုးသားအင်အားစုတွေဘာလို့ ခင်ဗျားတို့ ပါတီကို ပြောနေရသလဲ ဝေဖန်နေရသလဲဆိုတော့ ကျွန်တော် အမျိုးသားရေး လုပ်နေသူ တစ်ယောက်အနေနဲ့ ပြောပါမယ်။ ကျွန်တော်တို့ က လွတ်လပ်သော မည်သည့်အဖွဲ့ အစည်းကြိုးကိုင်ချယ်လှယ်မှု လာဘ်သိပ်ထိုးစေခိုင်းမှု မရှိသော သာမာန် ပြည်သူထဲက ပြည်သူ/သားတစ်ယောက်ပါပဲ။ ပြည်သူ/သားထဲမှာလဲ အတွေးအခေါ် အမြော်အမြင်ကောင်းရှိသူတွေ အများကြီးရှိပါတယ်။ ပါတီဝင်မှ အရည်အသွေးရှိမယ်ဆို ခင်ဗျားတို့ ပါတီ ၀င်ဖို့ အရည်အချင်း သတ်မှတ်ချက်နဲ့ အင်တာဗျူးပြီး သေချာဝင်ခိုင်းတာလား။ တွေ့ သမျှလူကို ၀င်ခိုင်းတာလားဆိုတာတော့ ကျွန်တော်လဲ ပါတီ မ၀င်ဘူးလို့ မသိပါဘူး။ ရာထူး အဆင့်နေရာတွေကိုလည်း ဘယ်လို အရည်အချင်းရှိသူတွေထားတယ်ဆိုတာလဲ ကျွန်တော်မသိပါဘူး။ အပြင်လူတစ်ယောက်အနေနဲ့ ပြည်သူ/သားတစ်ယောက် အမြင်နဲ့ ပဲ ပြောပါမယ်။ ပြည်သူ/သားအမြင်ထက် အမျိုးသားရေး အမြင်နဲ့ ပဲ ပြောမှာပါ။

လှိုင်သာယာမှာ စနေနေ့ က nld ပါတီမှာ တိုင်းစည်းကမ်းထိန်းသိမ်းရေးမှူးက"၉၆၉ကို မထောက်ခံဘူး ဘုရားဟောမပါဘူး"ပြောသွားတယ်တဲ့ အကြောင်းနဲ့ စပ်လျဉ်းပြီးတော့ပဲ ပြောသွားမှာပါ။ 
ဒီစကားနဲ့ ပက်သက်ပြီးNLDပါတီတွင်းဗုဒ္ဓဘာသာအချို့ လက်မခံကြဘူးဆိုတာခင်ဗျားတို့ ပါတီတွင်းကပဲ ပြန်ကြားရပါတယ်။ ဒါကြောင့်အရင်ဦးဆုံးပါတီတွင်းကို ပြန်ကြည့်ပါလို့ ပြောတာပါ။ မြန်မာပြည်ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံဖြစ်လို့ ခင်ဗျားတို့ ပါတီထဲမှာ ၉၆၉ ကို ထောက်ခံသူတွေလည်းရှိနေတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ ဘာလို့ အဲသလို ပြောလဲဆိုတော့ ခင်ဗျားတို့ အုပ်ချုပ်နေတာ တစ်သွေး တစ်သံ တစ်မိန့် တည်းမဟုတ်လို့ ပါပဲ။ အဲဒီ ၉၆၉ ကို မထောက်ခံပါဘူး ဘုရားဟောမပါဘူး ပြောသွားတဲ့  လှိုင်သာယာ NLD တိုင်းစည်း/ထိန်း ကို မေးချင်ပါတယ်။


သာသနာ့အလံကို ဘုရားဟောသွားပါသလား..???
 သာသနာ့အလံကို ဘာလို့ လက်ခံနေပါသလဲ???? 
၉၆၉ ဆိုသည်မှာ ဘုရားဂုဏ်တော်(၉) ပါး၊ တရားဂုဏ်တော်(၆) ပါး၊ သံဃာ ဂုဏ်တော် (၉) ပါး ကို ကိုယ်စားပြူထားတဲ့ ဘုရားဟောပါပဲ။ ဒီဂုဏ်တော်တွေကို အသိအမှတ်ပြုကိုယ်စားပြု ထားတယ်ဆိုတာ စိတ်က အလိုလို သဘောပေါက်ပြီး ရတနာမြတ်သုံးပါလို့ မြင်အောင်ကြည့်တတ်ရပါမယ်။ အဲလို မှမကြည့်တတ်ရင်တော့ မိရိုးဖလာ ဗုဒ္ဓဘာသာတောင် မဟုတ်ဘူးလို့ ပြောရပါမယ်။ သရဏဂုံ ပျက်နေလို့ ပါ။ ဒီတော့ ကျွန်တော်ပြောတာ ခင်ဗျားတို့ ပါတီတွင်း အန္တရာယ်ကို ပြောချင်တာပါ။ ပါတီထဲမှာတောင် ၉၆၉ ထောက်ခံသူနဲ့ မထောက်ခံသူ ၂ ပိုင်းဖြစ်နေပြီ။ ဒီထဲမှာ မထောက်ခံသူ အများစုက ဘာသာခြား ၇၈၆ ဖြစ်နေတယ်။ သူတို့ က မထောက်ခံတဲ့ မြန်မာ ဗုဒ္ဓဘာသာကို အမျိုးမျိုး အယုံသွင်းပေါင်းမယ်။ နောက်ပိုင်း ခင်ဗျားတို့ လူကြီးပိုင်းမှာ ၉၆၉ ဆိုတာ သေချာမသိသူတွေကို သပ်လျှိုပေါင်းမယ်။ အခုလို မြို့ နယ် ဒေသအလိုက် ပါတီ အစည်းအဝေးတွေမှာ ၉၆၉ မကောင်းကြောင်းတွေလိုက်ပြောမယ်ဆို ၉၆၉ ကိုထောက်ခံသူ NLD ပါတီဝင်တွေက ငြိမ်နေမှာမဟုတ်ပါဘူး။ အဲဒီမှာ အချင်းချင်း စကားများကြမယ်။ ကုလားတွေ ပျော်မယ်။ သွေးထိုးမယ်။ ခင်ဗျားတို့ အဖွဲ့ တွင်းမှာတောင် စည်းရုံးမှု ပြိုကွဲမယ်ဆို ခင်ဗျားတို့ ကို ယုံကြည်ကိုးစားမယ့် ပြည်သူတွေက ခင်ဗျားတို့ ကို ဘယ်လို ယုံကြည် အားကိုးတော့မလဲ???


ခင်ဗျားတို့ က ပြောမယ် ကုလားလဲလူ ဗမာလဲလူ လူလူချင်းအတူတူမှန်တယ်ပဲထားဦး။ ယေဘုယျ ပြောမယ်ဗျာ အခြား ဘာသာရေးတွေ ရက်စက် ယုတ်မာတာတွေ ထားဦး လူလူချင်းအတူတူ ကိုယ့်အမျိုးကိုတော့ ဦးစားပေးရမယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့ အိမ်မှာတော့ မိသားစုဝင်နဲ့ ဧည့်သည် ဘယ်သူ့ ကို ဦးစားပေးမလဲ။ ဧည့်သည် ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်မိသားစုဝင်ကိုပဲ ဦးစားပေးတာသည် အမျိုးချစ်တဲ့စိတ်လေ။ အဲသလို မလုပ်ဘဲ ဧည့်သည်ကို ဦးစားပေးနေရင်တော့ ဘယ် မိသားစုဝင်ကမှ လက်ခံမှာမဟုတ်ပါဘူး။

ဒီသဘာလေးကို သိဖို့ တော့လိုပါတယ်။ ဒါကိုမှ ဇွတ်အတင်း လုပ်နေရင်တော့ အာဏာရှင် စနစ်အသွင် ဖြစ်သွားပါလိမ့်မယ်။ပြည်သူလူထုဆီက အတင်းအကျပ်မဲဆန္ဒရယူ၍ ကိုယ်စားလှယ် တင်မြှောက်ခြင်းက ဒီမိုကရေစီ သဘောတရားနှင့် ဖြောင့်ဖြောင့် ဆန့် ကျင်၍ အာဏာရှင် အုပ်ချုပ်ရေး စက်ကွင်းသို့  နိုင်ထက်စီးနင်း သွတ်သွင်းရာ ရောက်ကြောင်းကို သိထားဖို့ လိုပါတယ်။ ဒီတော့ဗျာ 
အချုပ်ပြန်ပြောရမယ်ဆိုရင် ခင်ဗျားတို့ တွေလည်း ပြည်သူထဲက ပြည်သူပါပဲ...ဘယ်သူမှတော့မွေးကတည်းကပါတီအတွက် စစ်တပ်အတွက် ကြံဖွတ်အတွက် ဆိုပြီး မွေးမလာပါဘူး။ 

ခင်ဗျားတို့ က အခု ပြည်သူ နဲ့ ပါတီ တစ်သွေးတည်းမဖြစ်တဲ့အပြင် ပိုလို ဝေးနေပါတယ်။ ဒါက ခင်ဗျားတို့ အတွက် အလားအလာမကောင်းပါဘူး။ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်နေရမယ့် အချိန်မှာ နိုင်ငံရေးပါနပ်မှု ရှိဖို့ လိုပါတယ်။ အခုကဘယ်လို ဖြစ်နေသလဲဆိုတော့ NLD မှာ ဖြစ်ဖြစ် ကြံ့ဖွတ်မှာ ဖြစ်ဖြစ် ကုလားတွေရှိတယ်။ သူတို့ ကို မတွန်းလှန်နိုင်ဘူးဖြစ်နေတယ်။ သူတို့ က ခင်ဗျားတို့ ကို သွေးထိုးမယ်။ 

ခင်ဗျားတို့ က နိုင်ရာ ပြည်သူကိုမဲမယ်။ဒါကိုခင်ဗျားတို့ နားမလည်သရွေ့ သဘောမပေါက်သရွေ့ ကတော့ ပြည်သူနဲ့ ပါတီကြား ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေလိမ့်မယ်။ ပြည်သူဆိုတာ လူတွေပါပဲ ဦးနှောက်ရှိတယ်/ခင်ဗျားတို့ လုပ်သမျှခံ ပြောသမျှ ခံရမယ်ဆိုရင်အာဏာရှင်စနစ်နဲ့ ဘာထူးတော့မှာလဲ။ခင်ဗျားတို့ လိုချင်တာဒီမိုကရေစီဆို...ခင်ဗျားတို့ လုပ်နေတာ တစ်ပါတီ ကောင်းစားရေးဖြစ်နေလို့ ပြောနေတာပါ။ ခင်ဗျားတို့ သည် ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေအားပေးထောက်ခံတဲ့ ပါတီဖြစ်ချင်ရင် ပြည်သူတွေကြိုက်အောင်လုပ်ရမှာ ခင်ဗျားတို့ စွမ်းရည် လိမ္မာပါးနပ်မှုပါ။ အများတကာကို လက်ညှိုးထိုးမယ့်အစား ကိုယ့်ပါတီတွင်း စည်းလုံးမှု ပြန်လုပ်ပါဗျာ။ ပြည်သူ့ အသံကို နားထောင်ပါ။ ပြည်သူကို လျစ်လျူရှု ရင် ပြည်သူကလည်း လျစ်လျူ ရှုပါလိမ့်မယ်။

From:[_ သခင် ခက်ထန် _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ