Aug 18, 2013

မြန်မာအမျိုးသမီး လေးဦးအား တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး

သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ အမျိုးသမီး လေးဦးအား တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 ဖြစ်စဉ်မှာ သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာတွင် အမျိုးသမီးငယ်များအား အမည်မသိ လင်မယားနှစ်ဦးမှ လာရောက်စုဆောင်းနေကြောင်း သိရ၍ ခလရ (၁၄၇) ဆောင်ကြဲတပ်စခန်းမှ အရာရှိများ၊ လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုများ၊ ဆင်ကျော့ပြည်သူ့စစ်ဌာန လက်အောက်ခံ မိုင်းခေးပြည်သူ့စစ်ဌာနမှ အရာရှိများနှင့် ဆက်သေကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့တွင် စုဆောင်းခံရသူ အမျိုးသမီးငယ် လေးဦးကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ 


 သီပေါမြို့နယ်၊ မိုင်းခေးကျေးရွာနေသူ စိုင်းမြင့်နှင့် ဇနီးဖြစ်သူ နန်းမြလေးတို့သည် သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံရှိ ရေသန့်စက်ရုံတွင် အလုပ်ရမည်၊ တစ်နေ့လျှင် တရုတ်ယွမ်ငွေ ၅၀ ခန့် ရရှိမည်၊ လမ်းစရိတ် စားစရိတ် ၂၀၀၀၀ ကုန်ကျမည်၊ အလုပ်ရပြီး လစာထဲမှ ဖြတ်တောက်ယူသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် လက်ထပ်လိုပါကလည်း မိဘနေရာမှ စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျပြီး ချမ်းသာနေသူ နှစ်ဦး၊ သုံးဦးရှိကြောင်း လိမ်လည်ပြောဆို စည်းရုံးခဲ့ကြောင်း သိရသည်။

 တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာနေ မသိနားမလည်သူ အမျိုးသမီး လေးဦးတို့ကို ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်၍ တရုတ်အမျိုးသားများနှင့် အဓမ္ဓ လက်ထပ်စေခြင်းဖြင့် အကျိုးအမြတ်ရယူရန် စည်းရုံးခေါ်ဆောင်ခဲ့သော စိုင်းမြင့်နှင့် ဇနီးဖြစ်သူ နန်းမြလေးတို့အား လားရှိုးမြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ၂၀၁၃ ခုနှစ် သြဂုတ် ၁၃ ရက်တွင် တရားလိုပြုလုပ် တိုင်တန်းသဖြင့် သီပေါမြို့မ ရဲစခန်းမှ (ပ)၉၅/၂၀၁၃ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ From:[_ ဟာကျုလီ ကသာ _] 
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ