Aug 19, 2013

အုပ်စုဖြင့် ၀ိုင်းဝန်းထိုးကြိတ် ကားအားဖျက်စီး


၁၈.၈.၂၀၁၃ရက်နေ့၁၆၀၀အချိန်လှိုင်မြို့နယ်နေကိုသူထက်အောင်သည်၎င်းပိုင်မာစီးဒီးအနက်ရောက်ယာဉ်ဖြင့် ဗဟန်းမြို့နယ်၊ကန်တော်ကြီး၊ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ The Best စားသောက်ဆိုင်သို့သွားရောက်စဉ် ဆိုင်အ၀င်လမ်းဘေးရှိ အမည်မသိလူငယ်(၈)ဦးခန့်အနက် (၁)ဦးမှ ကားဘေးအားလက်ဖြင့်တွန်းခဲ့၍ ကိုသူထက်အောင်မှ ဆင်းကြည့်စဉ် အဆိုပါလူငယ်(၈)ဦးမှ ၀ိုင်းဝန်းဆဲဆိုထိုးကြိတ်သည့်အပြင် ကားအားခဲ့ဖြင့်ထုခဲ့၍ ရှေ့နောက် လေကာမှန်များကွဲအက်၊ ယာဘက်တံခါးနှင့်နောက်ဖုံး
တို့ပိန်ချိုင့် သွားခဲ့သောကြောင့် ကာလတန်ဘိုးငွေကျပ်သိန်း(၁၅၀) ခန့်ဆုံးရှုံးခဲ့သဖြင့်
 စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ဗဟန်းမြို့မရဲစခန်းပ) ၃၂၆/၂၀၁၃၊ ပုဒ်မ ၂၉၄/၃၂၅/၄၂၇/၁၁၄ ဖြင့်အမှုဖွင့်အရေးယူခဲ့ပါသည်။

အဆိုပါအမှုမှတရားခံများအားစုံစမ်းဆောင်ရွက်ခဲ့ရာတာမွေမြို့နယ်၊ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်နေသူများဖြစ်သည့် မင်းနိုင်(ဘ)ဦးခင်မြင့်၊ နိုင်ဝင်း(ဘ)ဦးချစ်စိန်၊ တူတူ(ဘ)ဦးလတ်မင်း၊ဝေလင်းကျော်(ဘ)ဦးမြင့်ဆွေ၊
 အေးကျော်နိုင်(ဘ)ဦးကျော်ဝင်း၊ ဇာနည်(ဘ)ဦးလှမြင့်၊ ဇေလင်းထွန်း (ဘ)ဦးလှဝင်းတို့(၇)ဦးမှ ကျူးလွန်
ခဲ့ခြင်းဖြစ်ကြောင် စုံစမ်းဖော်ထုတ်ရရှိသဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိပါသည်။


From:[_https://www.facebook.com/yangonpolice_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ