Aug 21, 2013

စင်္ကာပူရောက် မြန်မာမလေးတစ်ယောက် Facebook မှာ မဖွယ်မရာပုံတွေ တင်၍ အိမ်ပြန်ပို့ခံရ

 စင်္ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ် ကိုင်နေသူ အသက် (၂၂) နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးသည် ကိုယ့်ကိုယ်ကို လက်ကိုင်ဖုန်းဖြင့် မဖွယ်မရာ ဓါတ်ပုံများရိုက်ကာ ဖေ့(စ်) ဘွတ်(စ်)တွင် တင်ခဲ့ကြောင်း ချိုင်းနားပရက်(စ်) သတင်းစာတွင် ဖော်ပြခဲ့သည်။

 အိမ်ဖော်မလေးသည် အလုပ်ရှင် အိမ် တွင်မရှိခိုက် အလုပ်ရှင်၏ အိပ်ခန်းအတွင်းဝင်ကာ ဘရာစီယာမျှသာ ၀တ်ထားသော ပုံများနှင့် လိင်စိတ်နိုးကြွစေသော ပုံများ ရိုက်ကူးခဲ့သည်ဟု ဆိုသည်။ “သူ့ရဲ့ အပြုအမူကို ကျွန်တော့်ရဲ့ အွန် လိုင်းမိတ်ဆွေတစ်ဦးထံက သိရတော့ ကျွန်တော် အံ့သြတုန်လှုပ်သွားတယ်။ သူဟာ ကျွန်တော့်သား (၁၀ နှစ်) ရဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာကို ခွင့်ပြု ချက်မယူဘဲ သုံးခဲ့ရုံသာမက ကျွန်တော်တို့ မိသား စုရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်ဖော်မိန်းကလေးက “သူမသည် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပြီး ယခုလို ပွဲဆူအောင် လုပ်ရသည့်ကိစ္စကို ၀ါသနာပါ ကြောင်း” ၀က်(ဘ်)ဆိုဒ်တွင် တင်ထားခဲ့သည်။ သူမ၏ အလုပ်ရှင်'လီ'သည် အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် မြန်မာ အိမ်ဖော်မလေး အား အေးဂျင့်ထံ ပြန်ပို့ခဲ့ကြောင်း သတင်းစာတွင် ရေး သား ဖော်ပြခဲ့သည်။

From:[_ The Star _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

သူများနိုင် ငံမှာသွားအလုပ်လုပ် ရင် ကိုယ့်လူမျိုး ဂုဏ်သိက္ခာ ကိုပိုပြီး ထိန်းသိမ်း သင့်ပါတယ်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ