Aug 19, 2013

စနစ်ဟောင်းမှ အကျင့်ဟောင်းများကို မပြင်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြာလို့ရတယ်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြော

အစိုးရအနေဖြင့် အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်နေပြီး စနစ်ဟောင်းမှ အကျင့်ဟောင်းများကို မပြင်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တိုင်ကြားရန် ဖိတ်ခေါ်သည်ဟု သမ္မတရုံး ၀န်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့ အနေဖြင့် လက်ရှိဖြစ်နေသည့် ပကတိ အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး အခြေအနေအမှန်ကို အခြေပြုသော သုံးသပ်ချက်များ ထုတ်နုတ်ပြင်ဆင်မှုများ လုပ်နိုင်မှ အောင်မြင်နိုင်မည်ဟူသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း "ယခုအချိန်မှာ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်း ဖွံ့ဖြိုးမှု လုပ်နေပါတယ်။ လုပ်တော့ပိုနားလည်လာတယ်။ အုပ်ချုပ်ရေး ယန္တရားကလည်း ပြင်နေပါပြီ။ ကျွန်တော်လိုက်ဟော နေပါတယ်။ မြို့နယ်ပေါင်း ၃၅၀ ကို လိုက်ပြီးဟောနေပါတယ်။ ကိုယ်လိုချင်တာ မလုပ်နဲ့ သူတို့လိုချင်တာ လုပ်ပါ။ သူတို့လိုချင်တာနဲ့ ကိုယ်လိုချင်တာလွဲရင် ကိုယ်ကတည့်ပေးရမှာပေါ့။ ပြောပေးရမှာပေါ့။ ဒါတော့စိတ်ရှည်ရှည် ပြောရမှာပေါ့။ ခင်ဗျားတို့ရဲ့ တိုင်ကြားမှု၊ ပြောဆိုမှု၊ သတင်းပေးမှုတွေကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ဒါမှ ကျွန်တော်တို့လည်းသိမှာ။ အရင်တုန်းက ကွဲပြားခြားနားတာတွေ ရှိသော်လည်း အခုမရှိတော့ပါဘူး" ဟု ပြန်လည်ဆွေးနွေး ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း နှစ်ပေါင်း ၆၀ ၀န်းကျင် ဖြတ်သန်းခဲ့ရသည့် စနစ်ကို ပြုပြင်နေရခြင်း ဖြစ်သောကြောင့် စိတ်ရှည်သည်းခံရန် ဦးစိုးသိန်းက ပြောကြားသည်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ