ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောက်ျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အဆိုပါ မျိုးစောင့်ဥပဒေနှင့် ပတ်သတ်ပြီး "ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလား၊ မလား ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့" လို့ RFA ကို ပြောကြားလိုက်ပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။