Aug 20, 2013

ကညန(မြင်သာ) လိုင်စင်ရုံး ဝင်ပေါက်နှင့်ထွက်ပေါက်ကြားထဲတွင် ယာဉ်တိုက်မှုဖြစ်ပွား အသက်၆ဝခန့်  အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

ယနေ့ ၂ဝ၁၃ခုနှစ်သြဂုတ်လ၁၅ရက်နေ့ တွင်ကညန( မြင်သာ)လိုင်စင်ရုံးဝင်ပေါက်နှင့်ထွက်ပေါက်ကြားထဲတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာအသက်၆ဝခန့် အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုသိရသည်။

သေဆုံးသွားသူ အမျိုးသမီးမှာ အမည်မသိ အသက်၆ဝ အရွယ် ခန့်  တောင်ဥက္ကလာပမြို့ နယ် ၁၃ ရပ်ကွက် ရသဝတီ ၁၄ လမ်း နေ ဆို သူဖြစ်သည်ဟုသိရပြီး အခင်းဖြစ်ပွားပုံမှာ နေ့ လည် ၁းဝဝ နာရီခန့် က ယင်း အမျိုးသမီးငှားစီးလာခဲ့သော ကညန ရုံးဘက်မှ ဆိုက္ကားတစ်စီးသည် တစ်ဖက်ယာဉ်ကြောသို့  ဂငယ်ကွေ့ ကွေ့  ကာ ကူးဖြတ်စဉ် တစ်ဖက်ယာဉ်ကြောမှ အရှိန်ဖြင့်မောင်းနှင်လာသော အုတ်တင်ယာဉ်မှာ အဆိုပါဆိုက္ကားနှင့် ချိတ်မိကာ ဆိုက္ကားမှာတိမ်းမှောက်သွားခဲ့ပြီး ယင်းအမျိုးသမီးမှာ ထိုဆိုက္ကားပေါ်မှ ပြုတ်ကျသွားကာ တစ်ဖက်ယာဉ်ကြောမှ အရှိန်နှင့်လာနေသော အုတ်တင်ကား၏ဘယ်ဘက်အနောက်ဘီးနှင့် ယင်းအမျိုးသမီး၏ဦးခေါင်းအားကျိတ်မိ၍ ပြင်းထန်စွာ ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်းသိရသည်။ 
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ