Aug 22, 2013

သာသနာ နုဂ္ဂဟအသင်း သည် ဘာသာရေး သီးသန့်သာ ဆောင်ရွက်မည်

သာသနာ နုဂ္ဂဟအသင်း ဘာသာရေး သီးသန့်သာ ဆောင်ရွက်မည်ဟုဆို ရန်ကုန်၊ သြဂုတ် ၂၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ဥက္ကဋ္ဌအဖြစ် ယနေ့တိုင် ဆောင်ရွက်နေ သော သာသနာနုဂ္ဂဟ အသင်းသည် ရန်ကုန်တိုင်း အတွင်းတွင် အသင်းဝင် အင်အား နှစ်သန်း ရရှိရန် စုဆောင်းနေခြင်းမှာ ဘာသာရေးလုပ်ငန်း သီးသန့်အတွက်သာ ရည်ရွယ်ခြင်း ဖြစ်ကြောင်း သာသနာ နုဂ္ဂဟအသင်း ဗဟိုမှ ဌာနကြီးမှူး ဦးခင်မောင်ရင်က ပြောကြား သည်။


 ဘာသာရေး အမည်ခံကာ နိုင်ငံရေးအတွက် လူစုနေသည်ဟု သတင်းများ ထွက်ပေါ်နေသော သာသနာနုဂ္ဂဟ အသင်းသည် လက်ရှိတွင် ရန်ကုန်တိုင်း၌ အသင်းဝင် အင်အား ၁၅ သိန်းခန့် ရရှိထား ပြီး နှစ်သန်း ပြည့်ရန် ငါးသိန်းခန့်သာ လိုတော့ကြောင်း ရန်ကုန်တိုင်း သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးကျော်ခင်မြင့်က ပြောကြားသည်။ ဗဟို၏ ညွှန်ကြားချက်ဖြင့် အသင်းဝင်အင်အား စုစည်းခြင်း ဖြစ်ရာ အရှေ့ပိုင်း ခရိုင်တွင် သုံးလတစ်ကြိမ် အသင်းဝင်သစ် ဦးရေ တစ်ထောင် စာရင်း ပေးပို့ ရမည်ဟု ထုတ်ပြန်ခြင်းသည် ယင်းခရိုင်သည် မြို့နယ် အများဆုံးရှိသည့် ခရိုင် ဖြစ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

 “ဓမ္မာရုံတွေ၊ ဆွမ်းလောင်း အသင်းတွေကို သိမ်းတယ် ဆိုတဲ့ ကောလာဟလတွေကို အသင်း စထောင်တုန်းက ဖြစ်ခဲ့ဖူးတယ်။ ၂၀၀၉ ခုနှစ်တုန်းက ပြည်ခိုင်ဖြိုးက ဖွဲ့တဲ့ လူမှုရေးအသင်းဆိုပြီး စွဲချက်တွေ ရှိခဲ့လို့ ဦးခင်ရွှေ ကိုယ်တိုင် ဖြေရှင်းပေးခဲ့ဖူးတယ်” ဟု ယင်းအသင်း ဌာနကြီးမှူး ဦးခင်မောင်ရင်က ဆိုသည်။ 

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ နုဂ္ဂဟ အသင်းကို စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဟူ၍ ပြောင်းလဲ သတ်မှတ်ခဲ့သည်။ အဆိုပါ အသင်းသည် နယ်စပ်နှင့် တောင်တန်းဒေသတွင် သာသနာပြုနေသူ များကို ပစ္စည်းလေးပါး လှူဒါန်းခြင်း၊ အခမဲ့ ဆေးဝါး ကုသပေးခြင်းနှင့် ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက် ရှိကာ မြန်မာ တစ်နိုင်ငံလုံးတွင် အသင်းဝင် အင်အား လေးသန်းခန့် ရှိထားကြောင်း ဗဟို သာသနာနုဂ္ဂဟ အသင်းထံမှ သိရသည်။
 From:[_ The Voice _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ