Aug 22, 2013

ရေပိုင်နက်ကိစ္စအပြိး မြန်မာတွေထပ်မံရင်ဆိုင်ရဦးမယ့် မြေပိုင်နက် ပြဿနာများလေလား

 အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုးကာရံနေတဲ့ကိစ္စမှာ မဏိပူရ်ပြည်နယ်ရဲ့ မြေပိုင်နက် တချို့ ဆုံးရှုံးသွားမှာဖြစ်လို့ ဆိုင်းငံ့ထားသင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။

မဏိပူရ် ပြည်နယ် အင်ဖားမြို့မှာ UNM-M ခေါ် ညီညွတ်သော မဏိပူရ် အင်ဂျီအို မစ်ရှင် အဖွဲ့ က ကြီးမှူးပြီး မနေ့က ကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုး ဆိုင်ရာ ဆွေးနွေးပွဲ မှာ ပြောကြားခဲ့တာပါ။ ဆွေးနွေးပွဲမှာ မဏိပူရ် တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာ ဒါနာဘီယာ က လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုး စီမံချက်မှာ မဏိပူရ် ပြည်နယ် ရဲ့မြေပိုင်နက် (၆) မိုင်ကျော်လောက် မြန်မာဘက်ကိုပါသွားဖို့ များကြောင်း၊ အဲဒါကြောင့် ဒီစီမံချက်ကို ရပ်ဆိုင်းရေးအတွက် မဏိပူပြည်နယ်အစိုးရအနေနဲ့ ကြားဝင်ဟန့်တား သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

 ညီညွတ်သော မဏိပူရ် အင်ဂျီအို မစ်ရှင် အဖွဲ့အတွင်းရေးးမှူးကလည်း နယ်စပ်စည်းရိုး စီမံချက်ရပ်ဆိုင်း ရေး အစီရင်ခံစာတစ်စောင်ကို ပြည်နယ်အစိုးရ နဲ့ အိန္ဒိယအစိုးရ တွေဆီ တင်ပြမှာဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနဲ့ငြိစွန်းကြောင်း အစီရင်ခံစာတစ်စောင်ကိုလည်း ကုလသမဂ္ဂ ကို တင်မှာဖြစ်ကြောင်း၊ ဒါ့ပြင် မြန်မာ မဏိပူရ် နယ်စပ် မျဉ်းကို ကုလသမဂ္ဂက ကြီးမှူးပြီး ပြန်လည် တိုင်းတာပေးဖို့လည်း တောင်းဆိုမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို မဏိပူရ် ပြည်န်ာအစိုးရ အာဏာပိုင်တွေ၊ ကျေးရွာလူကြီးတွေတက်ရောက်ခဲ့ကြပါတယ်။

 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ