Aug 19, 2013

ကျောင်းသားခေါင်းဆောင်များအားကျောင်းတတ်ခွင့်ပေးနေသော်လည်း ကိုမင်းကိုနိုင် နှင့် ဗိုလ်မိုးသီးဇွန်တို့ ကျောင်းပြန်မတတ်ကြ

ခန့်ငြားသော ဥပဒိရုပ်နဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်ကြီး
နိုင်ငံရေးဆူပူစေရန် လှုပ်ရှားမှူကြောင့် ဖမ်းဆီးခံရပြီး ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က ဒီငြိမ်းလင်း၊ ရဲမြတ်ဟိန်းနဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဇင်လင်းအောင်တို့ ကို သက်ဆိုင်ရာက ကျောင်းပြန်လည် တက်ရောက်ခွင့် ပြုလိုက်ပါပြီ ။ ဒါဟာ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ အမည်ခံတွေကို ကျောင်းထဲ ပြန်ရောက်အောင် ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ကျောင်းသားခေါင်းဆောင်
ဆိုသူတွေ အထင်မကြီးတဲ့ သူတို့ပြောပြောနေသလို စုတ်ပြတ်နုံချာတဲ့ မြန်မာ့ပညာရေးကို တတတ်ခွင့်ပေးလိုက်ပါပြီ ။ 

ဒီလိုတတ်ခွင့်ပေးလိုက်တာတောင် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်းက  ကျောင်းထဲမှာအသင်းဖွဲ့စည်းတာတွေဖွဲ့စည်းခွင့်မပေးဘူးဆိုတဲ့အချက်ကြောင့် ကျောင်းပြန်
မတတ်ဘူးလို့ ငြင်းဆန်နေတာကြောင့် တက္ကသိုလ်တာဝန်ရှိသူတွေက တထစ်လျှော့ပြီး သဘောတူ
  လက်ခံခဲ့တာပါ။သူတို့ ဖမ်းဆီးမခံရခင်က တက်နေကျ မေဂျာအတိုင်း နေ့ကျောင်းသား အဖြစ် ကျောင်းတက်ခွင့်ပေးလိုက်တာပါ။ ဒီငြိမ်းလင်းကတော့ "ကျွန်တော်တို့ရဲဘော်တွေ အများကြီးကျန်ပါသေးတယ်။ ဒီလူတွေ ကျောင်းတက်ခွင့်ရဖို့လည်း ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်ရဦးမှာပါ" လို့ ပြည်ပမီဒီယာတစ်ခုကိုပြောကြားလိုက်ပါတယ်။

၎င်းရဲ့ စကားနဲ့ ကျောင်းထဲမှာ အသင်းအဖွဲ့ မဖွဲ့ရရင်ကျောင်းမတတ်ဘူး ဆိုတဲ့ ငြင်းဆန်မှူ ၂ ခုကိုထောက်ခြင့်ပြီး သူနဲ့ အပေါင်းအပါတွေ ကျောင်းပြန်တတ်တာနဲ့ အသင်းအဖွဲ့တစ်ခုပြန်လုပ်ပြီး ကျောင်းသားကျောင်းစာမလုပ်ပဲ အရင်အတိုင်း ကျောင်းသားကဒ်လည်ပင်းစွဲပြီး နိုင်ငံရေး ဆိုတာရယ် ဒို့အရေးဆိုတာရယ် ဗီနိုင်းဆိုင်တွေကို လုပ်ကျွေးမယ် ဆိုတဲ့ ပုံစံပြန်ဖြစ်လာမယ် လို့ယူဆရပါတယ်

ကျောင်းသားခေါင်းဆောင် လို့ နာမည်ခံထားတဲ့ ကျောင်းသားကဒ်တရားဝင်ရှိသောလူငယ်တစ်စုရဲ့ ခေါင်းဆောင်တွေဆိုသူတွေ ကို အစိုးရက ကျောင်းပြန်တတ်ခိုင်းနေသော်လည်း ၁၉၈၈ ဆူပူမှူခေါင်းဆောင်များဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့လို ကျောင်းမပြီးသေးသူတွေကတော့ ပြန်လည်တတ်ရောက်ခြင်းမရှိတော့ပါဘူး။
ကျောင်းပညာကို ပစ်ပယ်ပြီး ဆရာကောင်းတွေ့နေတဲ့ မင်းကိုနိုင်
ပညာလိုအိုသည်မရှိ ဆိုတဲ့ စကားရပ်ကို ပစ်ပယ်ပြီး ပညာတကယ်မလိုတဲ့အတွက် အခွင့်အရေးရှိသော်လည်း ကျောင်းပြီးအောင်မတတ်ချင်ပဲ အဖြု အစိမ်း အဖြူ အပြာ ဝတ်စုံတွေထည်လည်ဝတ်ပြီး လူစုရာ နိုင်ငံရေးတရားပဲ ဟောချင်တဲ့ မင်းကိုနိုင်တို့လို လူတွေကတော့ မိုက်တွင်းနက်နေဆဲပါပဲ ။နောက်ပေါက် ကျောင်းသားခေါင်းဆောင်ဆိုသူတွေကလည်း လမ်းဟောင်းလိုက်ပြီး မိုက်နေဦးမှာပဲ ။ 
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ