Aug 20, 2013

ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့မှ ရရှိသော အလှူငွေ သိန်း ၂၀၀ ကို ဗလီများပြုပြင်ရန် နှင့် မွတ်ဆလင်ပညာရေးကွန်ယက်သို့ လှူဒါန်းခဲ့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့တွင် အထိမ်းအမှတ် အလှူငွေ ကျပ်သိန်း နှစ်ရာကျော် ရရှိခဲ့ကြောင်း နှင့် အဆိုပါ အလှူငွေများအား ပျက်စီးသွားသောဗလီဝတ်ကျောင်းများ ပြည်လည်တည်ဆောက်ရေးတွင်များတွင် ပြန်လည်သုံးစွဲသွားမည်ဟုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ဒေါ်အေးအေးမာက ပြောကြားသည်။

  ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှူဒါန်းငွေများ ရရှိခဲ့ ရာ ဗလီပြန်လည်တည်ဆောက်ရေးအတွက် ကျပ် ၇၅ သိန်း၊ NLD ကျန်းမာရေး ကွန်ရက်သို့ ကျပ် ၆၈ သိန်း၊မွတ်စလင် ပညာရေးကွန်ရက်သို့ ကျပ်၄၅သိန်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြား အလှူငွေ ကျပ် ၁၂ သိန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ကျင်းပသည့် မွေးနေ့ပွဲ အခမ်းအနားတွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း  ဒေါ်အေးအေးမာက ဆက်လက် ပြောကြားသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ သံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ်စတန် သမ္မတနိုင်ငံ သံအမတ်ကြီး ဟူစိန်မာမွတ် တို့သည် အထူးဖိတ်ကြားခြင်းခံရသော ဧည့်သည်တော်များ အဖြစ် ဖိတ်ကြားခြင်းခံရ၍ တတ်ရောက်ချီးမြင့်ခဲ့သေးသည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ