ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။
အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်းဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟုဖော်ပြချက်များမှ သိရသည်။
CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။
“နယူးယောက်မြို့နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ်ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ်” ဟု
Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့များမှာ
မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများနှင့်နှစ်သက်မှုရှိသော တိုင်းပြည်တစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံကို
ရောက်ဖူးသူ အများစုထံမှပြောနေကျစကားဖြစ်သည့်
“မြန်မာတွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။
နိုင်ငံခြားသားတွေကို အထင်ကြီးလေးစား အရေးတယူ ရှိကြပုံပါပဲ” ဟူသောအချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ကမ္ဘာကျော်ခရီးသွားမဂ္ဂဇင်းနှင့်ကမ္ဘာကျော်သတင်းဌာနများက ရေးသား ဖော်ပြလာခြင်းဖြစ်ကြောင်း
ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။....
--photo by ကို တာတေ
- ချမ်းအေးနိုင်
From:[_ http://goldenlandnew.blogspot.com _]
(မောင်ကျောက်ခဲ အဖွဲ့)

- Florianopolis (ဘရားဇီး)၊
Hobart (Tasmania)၊ - (Thimpu) (ဘူတန်)၊
- Queenstown (နယူးဇီလန်)၊
Charleston (South Carolina)၊ - Cork (အိုင်ယာလန်)၊
- Paro (ဘူတန်)၊
မႏၲေလး (ျမန္မာ)၊ - Margaret River (ၾသစေတးလ်)၊
- Kilkenny (အိုင်ယာလန်)၊
Ubud Bali (အင်ဒိုနီးရှား)၊ - Chaingmai (ထိုင်း)၊
- Christchurch (နယူးဇီလန်)၊
Dubblin (အိုင်ယာလန်)၊ - Galenal(Illinois)၊
- Victoria( British Columbia)၊
Auckland (နယူးဇီလန်)၊ - Savannah (ဂျော်ဂျီယာ)၊
- Edinburgh (စကော့တလန်)
- Asheville (North Corolina) တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများနှင့်နှစ်သက်မှုရှိသော တိုင်းပြည်တစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံကို
ရောက်ဖူးသူ အများစုထံမှပြောနေကျစကားဖြစ်သည့်
“မြန်မာတွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။
နိုင်ငံခြားသားတွေကို အထင်ကြီးလေးစား အရေးတယူ ရှိကြပုံပါပဲ” ဟူသောအချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ကမ္ဘာကျော်ခရီးသွားမဂ္ဂဇင်းနှင့်ကမ္ဘာကျော်သတင်းဌာနများက ရေးသား ဖော်ပြလာခြင်းဖြစ်ကြောင်း
ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။....
--photo by ကို တာတေ
- ချမ်းအေးနိုင်
From:[_ http://goldenlandnew.blogspot.com _]
(မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။