Aug 22, 2013

ပင်စင် စား ဝန်ထမ်းများကို သနားတော်မူကြပါခင်ဗျ (တောင်ကြီး ပင်စင်စားများ၏ ဒုက္ခ)

 ရှမ်းပြည်နယ် ၊တောင်ကြီးမြို့ ၊ဗဟိုဘဏ်တွင် အစိုးရဝန်ထမ်းပင်စင်စားများ စုဝေးရောက်ရှိနေပါသည်။ တလတစ်ကြိမ်ထုတ်ယူခွင့် ရရှိသော ပင်စင်လစာလေးကို ၊ကိုယ့်အရိုးကိုယ်ထမ်းပြီး၊သက်ကြီးပင်စင်စားတို့ ရဲ့ အိုစာနာစာလေးကို ပင်ပမ်းကြိးစွာ စောင့် ယူနေရသည်မှာ မြင်ရသူအတွက် ရင်နာစရာကောင်းလှပါသည်။ 

``smart Card လို့ တော့ အဘွားတို့ ကိုပြောပါတယ်၊ဒါပေမဲ့ စမတ်တော့မကျဘူး၊ထိုင်စရာ နေရာကမရှိ ၊စာအုပ်ထပ်ကအများကြီး၊နံမည်ခေါ်တော့လဲ သေချာမကြားရပါဘူးကွယ်`` လို့ အထက်တန်းပြ(အငြိမ်းစား) ဆရာမကြီးကပြောပြပါတယ်။
 `` ဘဲအုပ်က တစ်ရာ နှစ်ရာ ၊မဗေဒါက တပင်ထဲလိုဖြစ်နေပြီ။ပင်စင်စားတွေက ရာနဲ့ ချီ ပြီးရှိတယ်၊ကွန်ပြူတာကိုင်တဲ့ ကလေးမ ၂-ယောက်ထဲ ၊ဘယ်လိုမှ အဆင်မပြေဘူး၊အဘကစောင့်နေတာ၂-နာရီကျော်ပြီ၊ အခုထိခေါ်သံမကြားရသေးဘူး``လို့  အငြိမ်းစား အရာရှိကြီးဦးလှမြင့် ကလည်းပြောသည်။

 ဗဟိုဘဏ်ထဲတွင် အိုမင်းမစွမ်းတော့သော ပင်စင်စားအဘိုးအို၊အဘွားအိုများသည် မိမိတို့ အမည်ကို ကြားရနိုးဖြင့် မှုန်သီသောမျက်လုံးလေးထိုင်းသောနားတို့ ဖြင့်တုန်ချိစွာ ကွန်ပြူတာထားရှိရာမှန်ရှေ့ မှာစု အုံစောင့်မျှော်နေခဲ့ ကြသည်။  ပုဂ္ဂလိက ဘဏ်နှင့် အစိုးရဘဏ်တို့ ၏ ဝန်ဆောင်မှုချင်းမတူညီမှုကလဲ လစာကြောင့်လား၊ပံ့ ပိုးမှုကြောင့်လားစဉ်းစားစရာ၊ထိုင်စရာမလုံလောက်၊ဆက်ဆံရေးကျဲတောက်၊ မျက်နှာထားရှစ်ခေါက်ချိုးဖြင့် တစ်နေ့ မိမိတို့ ဒီလိုပြန်ခံစားရမှာကို မသိသယောင် ဘဏ်ဝန်ထမ်းတွေက ဆက်ဆံတတ်ကြတယ်ဟု ငြီးတွားပြောပြတယ်။

 တပ်မတော်မှ အငြိမ်းစားယူခဲ့ တဲ့  အဘက လဲ
`` နိုင်ငံတာဝန်ကို သက်စွန့်ဆံဖျား၊ဦးဆွေးဆံမြေ့ ထမ်းရွက်ခဲ့ ပြိး၊ ကိုယ်လက်အင်္ဂါပါပေးစွန့်ခဲ့ ရတဲ့  ကျနော်တို့ တပ်မတော်သားတွေအတွက်လဲ၊ဝန်ဆောင်မှုညံ့ ဖျင်းလှတဲ့ ဒဏ်တွေကိုကျိတ်မှိတ်ပြီးခံနေရတာကြာပါပြီ။``  နိုင်ငံတော်မှပင်စင်စာများအားခံစားခွင့် တိုးပေးခဲ့ သော်လည်း၊သက်ဆိုင်ရာဘဏ်များ၏ ဝန်ဆောင်မှုများက သက်ကြီးရွယ်အိုတို့ အတွက် အဆင်မပြေလှပါ။
From:[_ တောင်ကြီးမီဒီယာ _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ