Sep 3, 2012

ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ပြောင်းလဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆိုင်ရာ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ပြောင်းလဲပြီ
 ဖြ စ်သည်။နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအပေါ် စွပ်စွဲပြစ်တင်မှုများကို ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးနန္ဒကျော်စွာကို ဥက္ကဌအဖြစ် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။

သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ စက်တင်ဘာလ ၁ရက်နေ့တွင် ပေးပို့လာသည့် သ၀ဏ်လွှာတွင် ပါဝင်သော အချက်ဖြစ်သည့် ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များသည် ခုံရုံးကို စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးထားသူများဖြစ်ခြင်း၊ ၄င်းအဆိုကို တင်သွင်းသူနှင့် ထောက်ခံသူများဖြစ်ခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း အချက်တို့ကြောင့် ဥက္ကဌနေရာတွင် ဦးနန္ဒကျော်စွာအစား အမ်းမြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ၊ကျန်အဖွဲ့ဝင်များကို ပြောင်းလဲရန် မလိုကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်။

EMG
________________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မိမိတို့ အခွင့်အရေးသည်သာ ပထမ ဆိုသလိုဖြစ်နေပြီ။ ပြည်သူအရေးထက် မိမိတို့ ပြောဆိုနေသမျှ အောင်မြင်ရေး ကိုသာ ဆောင်ရွက်နေသည့် လွှတ်တော်ဟု ပြည်သူအများ ပြောဆိုနေကြသည်မှာ မှန်နေပြီလား လို့ ထင်မိပါတယ်။
ပြည်သူများ ရွှေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ် အဖြစ် ဆက်လက် တည်မြဲရေးသာ ကြိုးစားစေလိုပါသည်။ စိတ်ပျက်စရာများမဖြစ်စေလိုပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ