Sep 8, 2012

ABSDF က မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြောက်ပိုင်း၌ နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများအား သောကြာနေ့တွင် တောင်းပန် လိုက်သည်။
“မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းနေဖြင့် ထပ်တူဝမ်းနည်းရသလို ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်” ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ABSDF မှ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်၍ ယင်းအဖွဲ့မှ ဓမ္မဓိဌာန်ကျသော မှတ်တမ်း ရယူနိုင်ရေး ကြိုးပမ်းနေသည်ဟု ABSDF လက်ရှိ ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောသည်။
ကျွန်တော်တို့ ပထမ အဆင့် အနေနဲ့ အမှုမှန် ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းတယ်၊ ဒီဖြစ်စဉ်ကြီးမှာ ပါဝင် ပတ်သက် ခဲ့သူတွေ တွေ့ဆုံမယ်၊ မေးမြန်းမယ်၊ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်းကို မှတ်တမ်း အဖြစ် ရယူဖို့ရှိတယ်၊ အဲဒီလို ဓမ္မဓိဌာန် ကျကျ မှတ်တမ်း တစ်ခု ပထမ အဆင့် အနေနဲ့ တင်နိုင်မယ်၊ ဒီဖြစ်စဉ်ကြီးကို သေသေချာချာ ဖော်ထုတ်နိုင်မှ နောက်တစ်ဆင့်ကို ဆက်သွားမယ်” ဟု သူက ပြောသည်။
၁၉၉၂ ခုနှစ်က ကချင်ပြည်နယ် မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သော ညှင်းပန်းသတ်ဖြတ်မှုများနှင့် ပတ်သက်၍  အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့၏ အချက်အလက် စုဆောင်းခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက် သွားမည်ဟုလည်း မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။
ABSDF (မြောက်ပိုင်း) စခန်းရှိရာ ကချင်ပြည်နယ် ပါဂျောင်တွင် ထိုစဉ်က စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရန် စုဖွဲ့ခဲ့ကြသည့် ကျောင်းသားတပ်အကြား စစ်ထောက်လှမ်းရေးများ စိမ့်ဝင်ကာ ဖြိုခွဲရန် ကြိုးစားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ညှင်းပန်းစစ်ဆေးခဲ့ကြသည်။ မြောက်ပိုင်းဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအ၀င် အဖွဲ့ဝင်  ၁၅ ဦး သေဒဏ်အပြစ်ပေးခံခဲ့ရသည်။
စခန်းရှိ အဖွဲဝင်အရေအတွက်၏ သုံးပုံတစ်ပုံကျော်ဖြစ်သော အဖွဲ့ဝင် ၁၀၀ ကျော်ကို ထောက်လှမ်းရေး၏ “ရေလှိုင်းစစ်ဆင်ရေး” အောက်မှ ပါဝင်လှုပ်ရှားသူများဟု စွပ်စွဲခဲ့ကြသည်။
ကျောင်းသားလူငယ် နှစ်သောင်းခန့်အထိ တောခိုသွားခဲ့ကြရာ အများစုက ထိုင်းနိုင်ငံနယ်စပ်ကို ရောက်သွားခဲ့ကြသလို တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်တို့လည်း သွားရောက်ခဲ့ကြသူများလည်း ရှိသည်
________________________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ