Sep 3, 2012

KIA မှ အလုပ်သမားများ အယောင်ဆောင်၍ ဆက်ကြေးတောင်းခံ

မိုးမောက်မြို့နယ် ၊ ကျခမ်းဒတ် ကျေးရွာတစ်ဝိုက်မှာ တရားမ၀င် သစ်တွေ ခိုးယူသယ်ဆောင်နေတဲ့ ယာဉ်တွေပေါ်ကို သစ်အတင်အချပြုလုပ်တဲ့ အလုပ်သမားတွေထဲမှာ KIA တပ်ဖွဲ့ဝင် အယောက် (၂၀) ခန့် ၀င်ရောက်လုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။


 တရာမ၀င်သစ်တွေ သယ်လာတဲ့ယာဉ်တွေဟာ ဗန်းမော်မြို့နယ် ၊ ခူးလီ ၊ နမ့်လှိုင် ဘက်မှ နွားလှည်းတွေနဲ့ တင်ဆောင်လာတဲ့ ကျွန်းခွဲသားတုံးတွေကို မိုးမောက် - စိန်လုံ - လွယ်ဂျယ် ကားလမ်းအတိုင်း ညပိုင်းတွေမှာ သယ်ယူပို့ဆောင်ကြတာ ဖြစ်ပါတယ်။ ၀င်ရောက်လုပ်ကိုင်နေတဲ့ KIA အဖွဲ့ဝင်တွေဟာ သစ်တင်ချခ ယာဉ်တစ်စီးလျှင် (၃) သိန်းကျပ်တောင်း ခံကြတဲ့အပြင် ဆက်ကြေးအဖြစ် ယာဉ်ကြီး တစ်စီးကို (၂) သိန်းနဲ့ ဂျစ်ကားတစ်စီးကို (၁) သိန်းကျပ်ကို KIA ခေါင်းဆောင် မာဂွန်းမှ ဦးစီးကောက်ခံနေတယ်လို့ သိရပါတယ်။ ယခုလိုလာရောက်လုပ်ဆောင်နေတာကို KIA အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင် နေတာ မဟုတ်ဘဲ ၎င်းတို့ စားဝတ်နေရေးအတွက် ၀င်ရောက်လုပ်ကိုင်ကြတာဖြစ်တယ်လို့ သစ်အတင် အချ ပြုလုပ်သူ ဒေသခံတစ်ဦးမှ ပြောသည်။
________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ