Sep 3, 2012

ချယ်ရီကားကိစ္စ တရုတ်ကုမ္ပဏီထံ မြန်မာအစိုးရ ဖြေရှင်းချက်တောင်း

သြစတြေးလျနိုင်ငံတွင် ချယ်ရီ (Chery)ကား အပါအဝင် တရုတ်နိုင်ငံထုတ် ကားများတွင် အဆုတ်ကင်ဆာ ဖြစ်စေသော Asbestos ဖိုင်ဘာဓာတ်ပစ္စည်းများ အသုံးပြု ထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ်ပစ္စည်းများ ပါဝင်ခြင်းရှိ၊ မရှိကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သောကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံထားကြောင်း စက်မှုဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့်မောင်က ပြောကြားသည်။

 အဆုတ်ကင်ဆာရောဂါ ဖြစ်စေနိုင်သော Asbestos ဖိုင်ဘာဓာတ်များကို မော်ဒယ်အမြင့် ချယ်ရီကားများတွင်သာပါပြီး မြန်မာနိုင်ငံသို့ သွင်းထားသော ချယ်ရီကားများမှာ မော်ဒယ်အနိမ့် ကားများသာဖြစ်သဖြင့် အဆုတ်ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများ မပါဝင်နိုင်ကြောင်း ၎င်းကပြောကြားသည်။ “မြန်မာနိုင်ငံကို သွင်းထားတဲ့ ချယ်ရီကားတွေမှာ အဆုတ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း သုံးထားလား၊ မသုံးထားလားဆိုတာ သိရဖို့အတွက် တရုတ်က ကားထုတ်တဲ့ ကုမ္ပဏီကို ဓာတ်ခွဲစမ်းသပ်ခိုင်းထားတယ်။ အဖြေရရင် တရားဝင် ထုတ်ပြန်သွားမယ်” ဟု ဦးသွင်မြင့်မောင်က ပြောကြားသည်။


 ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းမှ စတင်၍ မြန်မာနိုင်ငံတွင် ချယ်ရီကားများ အစီးရေ ၂၀၀၀ ကျော် သွင်းထားပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရှိရသည်။ ချယ်ရီ(Chery)ကား အပါအဝင် တရုတ်နိုင်ငံထုတ် ကားများတွင် အဆုတ်ကင်ဆာဖြစ်စေသော Asbestos ဖိုင်ဘာဓာတ်ပစ္စည်းများ အသုံးပြုထားသည်ကို တွေ့ရှိရခြင်းကြောင့် သြစတြေးလျနိုင်ငံတွင် ကားစီးရေ ၂၃,၀၀၀ ကို ပြန်လည် သိမ်းယူလျက်ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ Asbestos ဖိုင်ဘာဓာတ်ပစ္စည်းများသည် အဆုတ်ကင်ဆာ ဖြစ်စေသောကြောင့် နိုင်ငံပေါင်း ၅၀ ကျော်က သုံးစွဲခွင့် ပိတ်ပင်ထားသော ပစ္စည်းများ ဖြစ်သည်။ တရုတ်နိုင်ငံထုတ် (Chery) ချယ်ရီကားများထဲမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် အဆုတ်ကင်ဆာ ဖြစ်ပွားစေသော Asbestos ဖိုင်ဘာဓာတ်ပစ္စည်း ပါဝင်သည့် ကားအမျိုးအစားများမှာ J3 နှင့် T11 ကားအမျိုးအစားများ ဖြစ်သည်။



 အန္တရာယ်ဖြစ်စေသော ဓာတ်ပစ္စည်းများ ပါဝင်ခြင်းကြောင့် ပြန်သိမ်းယူသည့် တရုတ်နိုင်ငံထုတ် ကားများတွင် (Chery) ချယ်ရီအမှတ်တံဆိပ် ကားများသာမက Great Wall အမှတ်တံဆိပ် ကားများလည်း ပါဝင်သည်။ စင်ကာပူနိုင်ငံတွင် အဆုတ်ကင်ဆာနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်စေနိုင်သော Asbestos ဓာတ်ပစ္စည်းကို အဆောက်အအုံသုံး ပစ္စည်းများ၌ အသုံးမပြုရန် ၁၉၈၉ ခုနှစ်ကစ၍ တားမြစ်ထားခဲ့ပြီး ကားများတွင် အသုံးမပြုရန်ကိုမူ ၂၀၀၄ ခုနှစ်ကစ၍ တားမြစ်ထားခဲ့ကြောင်း ဖော်ပြထားပါသည်။
_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ