Sep 3, 2012

ဗီဒီယိုဇာတ်ကားများအား ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသရန်အတွက် ရောင်းချခြင်းကို ရပ်နားထားရန် ညွှန်ကြားထား

ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကားများအား ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသရန်အတွက် ရောင်းချခြင်းကို ရပ်နားထားရန် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေးများသို့ ညွှန်ကြားထားပြီး လက်ရှိပြသလျက်ရှိသော ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများမှာ ယခင် ရောင်းချခဲ့ပြီးဖြစ်သည့် ဇာတ်ကားများ ဖြစ်သည်ဟု သိရှိရသည်။

ရုပ်သံလိုင်းများတွင် မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအား စတင်ထွက်ရှိချိန်နှင့် နီးကပ် စွာ ပြသနေသောကြောင့် ဈေးကွက်ကို သိသာစွာ ထိခိုက်လာသည့်အတွက် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဟု သိရှိရသည်။ “မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရုပ်သံလိုင်း တွေမှာ ပြသမှုက အရမ်းကို မြင့်တက်လာပါတယ်။ ပြသချိန်ကလည်း ဇာတ်ကား ထွက်ရှိချိန်နဲ့ မရှေးမနှောင်းမှာတင် ပြသတာမျိုးတွေ ရှိလာတဲ့အတွက် အခွေငှားရမ်းဆိုင်တွေဘက်က တင်ပြ လာတဲ့ အခက်အခဲတွေထဲမှာ ရုပ်သံလိုင်းတွေမှာ မြန်မာဇာတ်ကားတွေ မပြသဖို့ ပါဝင်လာ ပါတယ်။ ဒါကြောင့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရုပ်သံလိုင်းတွေမှာ ပြသဖို့ရောင်းချတာကို လုံးဝရပ်ဆိုင်းထားဖို့ ထုတ်လုပ်ရေးတွေ အားလုံးကို အကြောင်းကြားထား ပါတယ်။ အခုလက်ရှိ ပြသနေတာက အရင်ရောင်းချထားပြီးသား ဇာတ်ကားတွေပါ။ လက်ရှိဗီဒီယိုလောက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဈေးကွက် ကျဆင်းမှုတွေကို ညှိနှိုင်းဆွေးနွေး ပြီးမှသာ တိကျသေချာတဲ့ ပုံစံတစ်ခုနဲ့ ရုပ်ရှင်အစည်းအရုံးကတစ်ဆင့် ဘယ်လိုရောင်းမယ်၊ ထွက်ရှိပြီး ဘယ်နှနှစ်ကြာပြီဖြစ်တဲ့ ဇာတ်ကားကို ငွေကြေး အတိုင်းအတာ ဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတဲ့ တိကျတဲ့စာချုပ်တွေနဲ့ သတ်မှတ်ပြီးမှသာ ပြန်လည်ရောင်းချခွင့်ပြုမှာပါ” ဟု ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

 ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးများသည် ရုပ်သံလိုင်းများတွင် ပြသနိုင်ရန်အတွက် ဈေးကွက်အတွင်းသို့ ဖြန့်ချိပြီး ဇာတ်ကားများအား နည်းပါး သည့် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ယင်း၏နောက်ဆက်တွဲအဖြစ် ရုပ်သံလိုင်း တစ်ခုတွင် တစ်နေ့လျှင် ဇာတ်ကားငါးကားမှ ဆယ်ကားဝန်းကျင်ခန့် ပြသမှုများ ရှိလာခြင်းကြောင့် ရုပ်ရှင်နှင့် ဗီဒီယို ဈေးကွက်အား သိသာစွာ ထိခိုက်လာခြင်းဖြစ်သည်ဟု သိရှိရသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ထုတ်လုပ်ရေးများမှ ဇာတ်ကားများ ရောင်းချခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်ပါသည်။
(www.news-eleven.com)
___________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ