Sep 3, 2012

ခလုပ်များအလိုအလျောက်ကြွတက်လာမည့် Touch Screen နည်းပညာသစ်

့ယင်းနည်းပညာကို ပြီးခဲ့တဲ့ ဇွန်လဆန်းကတည်းက ထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါတယ်။

 user interface အနေနဲ့ ထိတွေ့ဖန်သားမျက်နှာပြင်အသုံးပြုမှုဟာ အရင်လို မဟုတ်တော့ပဲ ခလုပ်တစ်ခုခုကို နှိပ်တော့မယ်ဆို မျက်နှာပြင်ကနေ ခလုပ်များ အလိုအလျောက် ကြွတက်လာတာမျိုး ဖြစ်ပါတယ်။ အသုံးမပြုတော့ဘူးဆိုရင်လည်း ယင်း ခလုပ်များဟာ အလိုအလျောက် ပြန် နိမ့်ကျပြီး မြေပြင်ညီ ဖန်သားအဖြစ် ပြန်လည်တွေ့မြင် ရမှာ ဖြစ်ပါတယ်။



 ယင်းနည်းပညာကို haptics technology /microfluid technology လို အမည်ပေးထားပြီး သတ္တုများဟာ ယခင် Touch screen ဖန်သားမျက်နှာပြင်လို မာကျောနေမှာ မဟုတ်ပဲ ပျော့ပျော့ ပြောင်းပြောင်း ရှိစေမှာ ဖြစ်ပါတယ်။ အသုံးလိုတဲ့အခါ မျက်နှာပြင်ဟာ Physically ပြောင်း လဲပြီး Button များအလိုလျောက် ခုံးထွက်လာစေ မှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း၊ Tablet, Notebook, PC အစရှိသဖြင့် မော်ဒန် နည်းပညာ ပစ္စည်းများမှာ အစားထိုး အသုံးပြုစေမှာ ဖြစ်ပါတယ်။

 တီထွင်သူ ကုမ္ပဏီကတော့ Tactic Technology ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရုံးဆိုက်ပါတယ်။ ယင်းနည်းပညာကို သတင်းစာရှင်းလင်းပွဲတွေမှာ မိတ်ဆက်ပြသပြီးနောက် မိုဘိုင်းဖုန်း ကုမ္ပဏီကြီးများက စိတ်ဝင်စားလျက်ပါတယ်။ Tactic Technology ရဲ့ ပျော့ပြောင်းပြီး အလိုအလျောက်ကြွတက်တဲ့ Touch Screen မျက်နှာပြင်ကို အောက်ပါလခ့် ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။
____________________________________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ